September 2021

အစိုးရချေးငွေ ပြန်ဆပ်မှာ မဟုတ်ဘူးလို့ CDM ဝန်ထမ်းတွေ ပြော

မော်လမြိုင် ၊ စက်တင်ဘာ (၂) NLD အစိုးရလက်ထက်မှာ ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ လစာ၂ဆ ချေးငွေတွေကို ပြန်ဆပ်မှာ မဟုတ်ဘူးလို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေအား အဆိုပါ ချေးငွေကို ပြန်ဆပ်ဖို့ မော်လမြိုင်တက္ကသိုလ် အာဏာပိုင်တွေကတဆင့် စစ်ကောင်စီက ညွှန်ကြားခဲ့ပါတယ်။ CDM…

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံး

ပေါင်၊ စက်တင်ဘာ ၂ ရက် ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာမှာ စက်တင်ဘာလ ၁ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ဆက်သွယ် ပြောဆိုပါတယ်။ မနေ့ည (၉)နာရီကျော်မှာ သဲအိမ်ကျေးရွာနေ လင်မယားနှစ်ဦး ငါးသွားရှာပြီး နေအိမ်ပြန်တဲ့လမ်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပစ်ခတ်ခဲ့လို့…

တစ်နိုင်တစ်ပိုင် လက်မှုလုပ်ငန်း‌ အားလုံးနီးပါး ရပ်ဆိုင်းလာရ

သထုံ၊ စက်တင်ဘာ ၁ စစ်တပ် အာဏာသိမ်းမှုနဲ့ ကိုဗစ်တတိယလှိုင်းကြောင့် သထုံမြို့နယ်အတွင်းက တစ်နိုင်တစ်ပိုင် လက်မှုလုပ်ငန်းတွေဖြစ်တဲ့ ခမောက်ယက်လုပ်ငန်းနဲ့ ကြိမ်ပုတီးလုပ်ငန်း အားလုံးနီးပါး လုပ်ငန်း ရပ်ဆိုင်းလာကြတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီလက်မှုလုပ်ငန်းတွေဟာ ကုန်းကြမ်းပစ္စည်းဝယ်ယူရခက်ခဲတာ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲတာ၊ အရောင်းအဝယ် နည်းပါးမှုတွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ “ကျွန်တော့အသိတွေဆို မလုပ်ကြတော့ဘူး။ ကျွန်တော်တို့ကျတော့ အခြားလုပ်ငန်းမရှိတော့…

ကိုဗစ်ဇစ်မြစ်အရေးကြီးသတင်းအချက်အလက်ကို တရုတ်အစိုးရမှ ထိန်ချန်ထားဆဲဟု သမ္မတဘိုင်ဒန် ပြော

ဝါရှင်တန်၊ စက်တင်ဘာ ၁ ကိုရိုနာဗိုင်းရပ်စ်သည် ဇီဝလက်နက်တစ်ခုအဖြစ် ယုံကြည်နိုင်စရာမရှိသော်လည်း ၎င်းသည် ဓါတ်ခွဲခန်းမှ လွတ်မြောက်ထွက်ပေါ်လာခဲ့သည်ဟူသော ထင်မြင်ချက်ကို အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းမှ ကွဲကွဲပြားပြားထုတ်ဖော်ပြောဆိုလာပြီးသည့်နောက် ကိုဗစ် ၁၉ စတင်ဖြစ်ပွားပုံနှင့် ပတ်သက်သည့် တိကျသော သတင်းအချက် အလက်တွေကို မျှဝေဖို့ရန် တရုတ်အစိုးရမှ ထိန်ချန်ထားဆဲဖြစ်သည်ဟု သမ္မတဂျိုးဘိုင်ဒန်မှ ပြောဆိုလိုက်သည်။ ထောက်လှမ်းရေးအစီရင်ခံစာတစ်ခု၏ စိတ်ဖြာခွဲခြားထားခြင်းမရှိသော အနှစ်ချုပ်ဖော်ပြချက်၌ အသက်ပေါင်း ၄.၅ သန်းခန့်ကို…