July 2021

မော်လမြိုင်မြို့ကို CCTV တပ်ဆင်မယ့်လုပ်ငန်း (၂၄)ရာခိုင်နှုန်း ပြီးစီး

မော်လမြိုင် ၊ ဇူလိုင် (၈) NLD အစိုးရလက်ထက်ကတည်းက စတင်ပြီး ယခုစစ်ကောင်စီလက်ထက်မှာ အကောင်အထည်ဖော်နေတဲ့ မော်လမြိုင်မြို့ကို CCTV တပ်ဆင်မယ့်လုပ်ငန်းဟာ (၂၄) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ဖြစ်ပါတယ်။ အဲ့ဒီ Safe City လို့ခေါ်တဲ့ စီမံကိန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီမံကိန်းတွေဖြစ်ပြီး လုံခြုံရေး အကြောင်းပြချက်နဲ့ အများပြည်သူ ပိုင်နေရာတွေမှာ စီစီတီဗီတွေ တပ်ဆင်ကာ သွားလာလှုပ်ရှားမှုတွေကို…

စျေးတွေမှာ အခြေခံစားသောက်ကုန်တွေကိုသာ ရောင်းချခွင့်ပြုမည်

မော်လမြိုင် ၊ ဇူလိူင် (၄) ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် စည်ပင်သာယာစျေးတွေမှာ အခြေခံ စားသောက်ကုန်တွေကိုသာ ရောင်းချခွင့်ပြုတော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ ဆက်တိုက်မြင့်တက်နေပြီး လက်ရှိအချိန်ထိ ကူးစက်ခံထားရသူ (၉၀၀)နီးပါး ရှိပြီး ဖြစ်ပါတယ်။ အခုလို ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူစုလူဝေးဖြစ်တဲ့ စျေးတွေကိုတော့ စည်ပင်သာယာက…

မော်လမြိုင်က ကိုဗစ်အတည်ပြုလူနာ (၅)ဦး တပြိုင်နက် သေဆုံး

မော်လမြိုင် ၊ ဇူလိုင် (၃) မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာ (၅)ဦးဟာ မနေ့ညပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ တပြိုင်နက် သေဆုံးခဲ့တယ်လို့ မော်လမြိုင်ဆေးရုံကြီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ အမြောက်အများ ရှိလာတာနဲ့အတူ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကူးစက်ခံရပြီး နာရီပိုင်းအတွင်း အစုလိုက် အပြုံလိုက် သေဆုံးခြင်းလည်း…

အမေရိကန်အစိုးရ ထပ်တိုးအရေးယူပိတ်ဆို့မှုတွင် ဒေါက်တာဗညားအောင်မိုးပါဝင်

မော်လမြိုင်၊ ဇူလိုင် ၃ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုတွင် စစ်ကောင်စီခေါင်းဆောင်များနည်းတူ စစ်ကောင်စီအရပ်သားအဖွဲ့ဝင်များထဲတွင် ကောင်စီဝင်ဒေါက်တာဗညားအောင်မိုးလည်း ပါဝင်လာခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်မှာ တွေ့ရသည်။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် စစ်တပ်နှင့်၎င်းခေါင်းဆောင်များအနေဖြင့် လက်ရှိလမ်းကြောင်းကို နောက်ပြန်မလှည့်မချင်း၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက်မပံ့ပိုးမချင်း ၎င်းတို့အပေါ် ထပ်မံအရေးယူမှုများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်း ထပ်မံပြသခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ…

မွန်မှာ ဖမ်းဆီးခံထားရသူတွေထဲက (၂၉) ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး

မော်လမြိုင် ၊ ဇူလိုင် (၂) ပြီးခဲ့တဲ့ ဇွန်လ (၃၀)ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေထဲက (၂၂၉၆) ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ မွန်ပြည်နယ်က မတရားဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ပြည်သူ (၂၉) ဦးလည်း ပါဝင်ပါတယ်။ မွန်ပြည်နယ်မှာ မတရားဖမ်းဆီးခံထားရသူ (၄၀၀)ကျော် ရှိတဲ့အနက် အာဏာသိမ်းစစ်ကောင်စီက (၂၉)ဦးသာ ပြန်လွှတ်ပေးခဲ့တာ…

PDF တွေကို ရှာဖွေဖို့ စစ်ကောင်စီက လူဦးရေ စာရင်းကောက်

မော်လမြိုင် ၊ ဇူလိုင် (၁) လွတ်မြောက်နယ်မြေကနေ စစ်သင်တန်းဆင်းပြီး ပြန်လာတဲ့ PDF တွေကို ရှာဖွေနိုင်ဖို့စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်းနေထိုင်သူတွေရဲ့ စာရင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ယူနေတယ်လို့ မော်လမြိုင်မြို့နေ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲ့ဒီလို စာရင်းကောက်ယူရာမှာ အိမ်ထောင်စုစာရင်းကို ကောက်ယူတာမျိုးမဟုတ်ဘဲ နေအိမ်မှာ လက်ရှိနေထိုင်တဲ့ မိသားစုဝင် အရေအတွက်နဲ့ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို…

သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ ကျိုက်ထို သတင်းထောက် မလွတ်သေး

မော်လမြိုင်၊ ဇူလိုင် ၁ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရတဲ့ The Voice of Thanbyuzayat သတင်းဌာနရဲ့ သတင်းထောက် ကိုထက်မြတ်သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လွှတ်ပေးတဲ့ စာရင်းထဲမှာ ပါဝင်လာခြင်း မရှိသေးပါဘူး။ သတင်းထောက် ကိုထက်မြတ်သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားရင်ဆိုင်နေရတာပါ။…

မော်လမြိုင်မှာ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်၊ ဇူလိုင် ၁ မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်ခံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မော်လမြိုင်မြို့နယ်အတွင်းမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ပြည်နယ်အဆင့် ကိုဗစ်ထိန်ချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးမှာ ပါဆယ်စနစ်နဲ့ ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ “ပါဆယ်စနစ်နဲ့ပဲ…

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ (၉)ဦးရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁ စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၉) ဦးအထိ ရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေက တဆင့်သိရပါတယ်။ ဇွန်လ (၂၉) ရက်နေ့အထိ (၈) ဦးသေဆုံးခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့ညတွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက် ကုသနေခဲ့သည့် မော်လမြိုင်မြို့က အသက် (၄၀) အရွယ်အမျိုးသမီးလူနာ (၁)…