December 2020

မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ လက်နက်ကိုင်တွေ ပါဝင်ဆက်နွယ်နေတယ်လို့ မွန်ပြည်သစ် ပြော

မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁) မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမှာ လက်နက်ကိုင်တွေ ပါဝင်ဆက်နွဲနေတယ်လို့ မွန်ပြည်သစ်ပါတီ သထုံခရိုင် ဥက္ကဋ္ဌ နိုင်ဧက က ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ကျယ်ပြန့်လာပြီး အထူးသဖြင့် လူငယ်တွေအကြားမှာ ပိုမိုသုံးစွဲနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလည်း ဖော်ပြထားပါတယ်။ မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ ဖမ်းဆီးအရေးယူနိုင်မှုကိစ္စတွေမှာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီတို့က…

NLD က မွန်ပါတီနဲ့ တွေ့ဖို့ တရားဝင် ဆက်သွယ်လာတာ မရှိသေး

မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁) NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်ဆိုပေမယ့် အခုချိန်ထိ မွန်ညီညွတ်ရေးပါတီကို တရားဝင် ဆက်သွယ်လာတာ မရှိသေးဘူးလို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ တိုင်းရင်သား လူမျိုးစုတွေရဲ့ ဆန္ဒကို အလေးထား ဆောင်ရွက်မှာ ဖြစ်တာကြောင့်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးမှာ တိုင်းရင်သားပါတီတွေနဲ့ အတူ ပူးပေါင်း…

၁၁ လတာကာလအတွင်းမှာ မူးယစ်ဆေးဝါး (၇၇၁)မှုအထိ ဖမ်းဆီးအရေးယူနိုင်ခဲ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁) ၂၀၂၀ ခုနှစ် ၁၁ လတာကာလအတွင်းမှာ မူးယစ်ဆေးဝါး (၇၇၁)မှုအထိ ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ကျယ်ပြန့်လာပြီး အထူးသဖြင့် လူငယ်တွေအကြားမှာ ပိုမိုသုံးစွဲနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ရေးမြို့နယ်က…

ညမထွက်ရအမိန့်ဖောက်ဖျက်ရင် ထောင်ဒဏ်တစ်လ ပြစ်ဒဏ်ကျခံရမည်

မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁) မွန်ပြည်နယ်အတွင်းက ညမထွက်ရအမိန့်ချမှတ်ထားတဲ့ မြို့တွေမှာ သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲလုပ်ရင် ဖမ်းဆီးအရေးယူခံရမယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ကျိုက်ထို ၊ ဘီးလင်းမြို့နဲ့မော်လမြိုင်မြို့တို့မှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ည (၁၂)နာရီကနေ မနက်(၄)နာရီအထိ အပြင်ထွက် သွားလာခွင့် ကန့်သတ်ထားပါတယ်။ ဒါကြောင့် နှစ်သစ်ကူးညမှာ အပြင်ထွက် သွားလာပြီး…

မဲခေါင်မြစ်ရေသည် ယခုနှစ်တွင် အနိမ့်ဆုံးရေချိန်အမှတ်သို့ ရောက်ရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉) မဲခေါင်မြစ်ရေဟာ အလျင်အမြန်ကျဆင်းလာတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့တိုင်းတာချက်အရ အရှေ့မြောက်ဘက်နယ်စပ်ဒေသမှာ ၁ ဒသမ ၉၀ မီတာ အနက်သာရှိတော့တာဖြစ်ပြီး ဒီနှစ်သည် အနိမ့်ဆုံး ရေချိန်အမှတ် ဖြစ်လာခဲ့ပါတယ်။ ထိုသို့ မြစ်ရေနည်းပါးလာခြင်းဟာ တရုတ်နိုင်ငံရဲ့ အထက်ရေကာတာများကြောင့်နှင့် ယခုနှစ်မိုးရွာသွန်းမှုနည်းတဲ့အတွက် ရေပြတ်လပ်မှု ကြောင့် ဟု ပြစ်တင်ဝေဖန်မှုတွေလည်း ရှိပါတယ်။ ထို့အပြင် မဲခေါင်မြစ်ရဲ့…

လောင်းကစားဝိုင်းနှင့် ပတ်သက်တဲ့ ရဲတွေကို သက်သေနှင့်တကွ တိုင်ကြားနိုင်

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉) လောင်းကစားဝိုင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ကာကွယ်ပေးနေရင် သက်သေနှင့်တိုင်ကြားပေးဖို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ မကုန်ခင်အထိ လောင်းကစားအမှုပေါင်း( ၂၄၂)မှုကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ အချို့လောင်းကစားဝိုင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက အခကြေးငွေယူကာ အကာကွယ်ပေးနေတယ်ဆိုပြီး ပြည်သူအကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီလိုလောင်းကစားဝိုင်းတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုရှိနေပါက သက်သေနဲ့အတွက်…

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အမှုဖွင့် တိုင်ကြားထားတဲ့အပေါ် ဖြေရှင်းပေးမှု နှောင့်နှေးနေဟုဆို

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉) ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တိုင်ကြားထားတဲ့ အမှုတွေအပေါ် သက်ဆိုင်ရာက ဖြေရှင်းပေးရာမှာ နှောင့်နှေးနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲနည်းဥပဒေပါပြဌာန်းချက်အရ ရွေးကောက်ပွဲအငြင်းပွားမှုနဲ့ ပတ်သက်တဲ့ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာကိစ္စတွေကို ရွေးကောက်ပွဲပြီး ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေမှာ တိုင်ကြားရမှာဖြစ်ပါတယ်။ မော်လမြိုင်မြို့နယ်တစ်ခုတည်းမှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက…

ကူးစက်မှုနှုန်း ပိုများတဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအသစ်ကို နိုင်ငံအချို့မှာ တွေ့ရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၈) ဗြိတိန်နိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကူးစက်မှုနှုန်းပိုများသည့် coronavirus အမျိုးအစားသစ်တစ်မျိုး ပါဝင်တဲ့ ကူးစက်ခံရသူအချို့ ကနေဒါ၊ ပြင်သစ်၊ ဂျပန်၊ စပိန်နှင့် နော်ဝေးနိုင်ငံတို့မှာ တွေ့ရှိခဲ့ပါတယ်။ အများစုမှာ ဗြိတိန်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သူတွေ ဖြစ်ကြပါတယ်။ ၎င်း ဗိုင်းရပ်စ်အမျိုးအစားအသစ် အလျင်အမြန်ပျံ့နှံ့သွားတာကြောင့် လန်ဒန်နှင့်အင်္ဂလန်တောင်ပိုင်းတို့ကို အသွားအလာကန့်သတ်မှုတွေရှိခဲ့ပြီး ၎င်းကြောင့်အင်္ဂလိပ်ချန်နယ်ကိုယာယီပိတ်ဆို့မှုဖြစ်ပေါ်စေခဲ့ပြီးဗြိတိန်မှခရီးသွား ဧည့်သည်များကို ကမ္ဘာအနှံ့အပြားမှာ ပိတ်ပင်ထားခဲ့ပါတယ်။…

အတ္ထရံမြစ် ရေပေးဝေရေး စီမံကိန်းကနေ သောက်သုံး​ရေ ဖြန့်ဝေပေးနိုင်တော့မည်

မော်လမြိုင်၊ ဒီဇင်ဘာ ၂၈ မော်လမြိုင်မြို့ရဲ့ (၈၀)ရာခိုင်နှုန်းကို အတ္ထရံမြစ်ရေပေးဝေရေး စီမံကိန်းကနေ ဇန်နဝါရီလ တတိယအပတ်မှာ သောက်သုံးရေ ဖြန့်ဝေပေးနိုင်တော့မယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ မော်လမြိုင်မြို့ရဲ့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းဖို့အတွက် အတ္ထရံမြစ်ရေ​ပေးဝေရေး စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက စတင် အကောင်အထည် ဖော်ခဲ့တာပါ။ ဒီစီမံကိန်းကနေ မော်လမြိုင်မြို့ရဲ့ (၈၀)ရာခိုင်နှုန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့…

မွန်ပြည်သစ်ပါတီမှာ စစ်မှုထမ်းဖို့ မွန်လူငယ်အဖွဲ့တိုက်တွန်း

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၈) အသက်(၁၈)နှစ်ပြည့်ပြီးဖြစ်တဲ့ မွန်လူငယ်တွေ စစ်ပညာသင်ကြားပြီး မွန်ပြည်သစ်ပါတီမှာ စစ်မှုထမ်းကြဖို့ (၉) ကြိမ်မြောက် မွန်လူငယ်များနေ့ ကျင်းပရေးကော်မတီက တိုက်တွန်းလိုက်ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ (၉) ကြိမ်မြောက် မွန်လူငယ်များနေ့အထိမ်းအမှတ် အခမ်းအနားကို “မွန်လူငယ်များ မွန်နိုင်ငံရေးတွင် ပူးပေါင်းပါဝင်လာကြရန်” ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးမြို့နယ်မှာ အကျဥ်းချုံး ကျင်းပခဲ့ပါတယ်။…