နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်တဝှမ်းလုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသာစီးရကာ မဲဆန္ဒနယ် (၄၂)နေရာတွင် (၃၁)နေရာအနိုင်ရရှိခဲ့သည်။

မွန်ညီညွတ်ရေးပါတီကလည်း မဲဆန္ဒနယ် (၄၂)နေရာတွင် (၁၁)နေရာအနိုင်ရရှိခဲ့ကာ အင်အားကြီး ပြည်ခိုင်ဖြိုးပါတီက တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

ယခုရွေးကောက်ပွဲမှာ မဲရေတွက်မှုကြာမြင့်ခြင်းကြောင့် ရလဒ်ထွက်ရှိမှု အချိန်နောက်ကျခဲ့ပြီး ယခုအချိန်မှာတော့ မဲရေတွက်မှု အားလုံးပြီးစီးကာ ရလဒ်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။

ယခုထွက်ပေါ်လာသော ရလဒ်စာရင်းတွင် တိုင်းရင်းသားရေးရာမဲဆန္ဒနယ်အတွက် ရလဒ်များမပါဝင်သေးပေ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မွန်ပြည်နယ်တဝှမ်းရှိ တိုင်းရင်းသားမဲဆန္ဒနယ်မပါ မဲဆန္ဒနယ် (၄၂)နေရာတွင် (၃၇)နေရာအနိုင်ရရှိခဲ့သော်လည်း ယခုနှစ်တွင်မူ မဲဆန္ဒနယ် (၆)နေရာကို ထပ်မံလက်လွှတ်ခဲ့ရသည်။

သံလွင်တိုင်းမ်သတင်းဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.