November 11, 2020

မွန်ပြည်သစ်ထိန်းချုပ်ဒေသက ဒေသခံ (၁၆၀၀)ကျော် ဆန္ဒမဲ လာပေး

မော်လမြိုင် ၊ နိုဝင်ဘာ (၁၁) မွန်ပြည်သစ်ထိန်းချုပ်ဒေသ ရေးချောင်းဖျားကျေးရွာတွေက ဒေသခံ (၁၆၀၀) ကျော် ဆန္ဒမဲလာပေးခဲ့တယ်လို့ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ မွန်ပြည်သစ်ထိန်းချုပ်ဒေသက ဒေသခံတွေဟာ (၂၀၂၀) ရွေးကောက်ပွဲမှ ပထဆုံး ဆန္ဒမဲပေးခွင့်ရသူတွေ ဖြစ်ပြီး မဲစာရင်းမှာ ဒေသခံ (၂၀၀၀) ကျော် ပါဝင်ခဲ့တာပါတယ်။ ရွေးကောက်ပွဲနေ့မှာတော့ အာ့ဒီဒေသခံ (၁၆၀၀)ကျော် ဆန္ဒမဲလာပေးခဲ့ပြီး…

ရွေးကောက်ပွဲပြဿနာတွေကို ကော်မရှင်က မြေပြင်ကွင်းဆင်းပြီး မဖြေရှင်းနိုင်ခဲ့လို့ စောင့်ကြည့်လေ့လာသူတွေပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၁၁) ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကော်မရှင်အနေနဲ့ မြေပြင်ထိ ကွင်းဆင်း မဖြေရှင်းနိုင်ခဲ့ဘူးလို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ မွန်ပြည်နယ်လူထုဆုံရပ်အဖွဲ့ဟာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မွန်ပြည်နယ်အတွင်း ပြိုင်ဆိုင်မှု ပြင်းထန်နိုင်တဲ့ မဲဆန္ဒနယ်တွေနဲ့ ပဋိပက္ခဖြစ်ပွားနိုင်တဲ့နေရာတွေကို အဓိကထားပြီး စောင့်ကြည့်လေ့လာခဲ့တာပါ။ အာ့ဒီလိုလေ့လာခဲ့ရာမှာ ကော်မရှင်အဖွဲ့ဝင်တွေဟာ သက်ကြီးပိုင်းတွေ ဖြစ်တာနဲ့အတူ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် မြေပြင်ကွင်းဆင်းဖို့…

မွန်ပြည်နယ်တွင် NLD ၃၁ နေရာအနိုင်ရရှိပြီး MUP ၁၁ နေရာအနိုင်ရရှိ

နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်တဝှမ်းလုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသာစီးရကာ မဲဆန္ဒနယ် (၄၂)နေရာတွင် (၃၁)နေရာအနိုင်ရရှိခဲ့သည်။ မွန်ညီညွတ်ရေးပါတီကလည်း မဲဆန္ဒနယ် (၄၂)နေရာတွင် (၁၁)နေရာအနိုင်ရရှိခဲ့ကာ အင်အားကြီး ပြည်ခိုင်ဖြိုးပါတီက တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။ ယခုရွေးကောက်ပွဲမှာ မဲရေတွက်မှုကြာမြင့်ခြင်းကြောင့် ရလဒ်ထွက်ရှိမှု အချိန်နောက်ကျခဲ့ပြီး ယခုအချိန်မှာတော့ မဲရေတွက်မှု အားလုံးပြီးစီးကာ ရလဒ်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။ ယခုထွက်ပေါ်လာသော ရလဒ်စာရင်းတွင် တိုင်းရင်းသားရေးရာမဲဆန္ဒနယ်အတွက်…

မွန်ပြည်နယ်၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ကိန်းဂဏန်းဖော်ပြချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး ယခု နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ရွေးကောက်ပွဲရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုထုတ်ပြန်နေပြီဖြစ်ပါသည်။ မွန်ပြည်နယ်၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ကိန်းဂဏန်းအချက်အလက်အချို့ကို ဖော်ပြလိုပါသည်။၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်တဝှမ်းရှိ မြို့နယ် (၁၀)မြို့နယ်တွင် မဲဆန္ဒနယ် (၄၅)နေရာသတ်မှတ်ခံခဲ့ရပြီး နိုင်ငံရေးပါတီ (၁၆)ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းစုစုပေါင်း (၂၅၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (မှတ်ချက် – မူလက (၁၇)ပါတီဖြစ်ပြီးညီညွတ်သောဒီမိုကရက်တစ်ပါတီဖျက်သိမ်းခံခဲ့ရသဖြင့်…