November 2020

ထိုင်းတော်ဝင်အသိုင်းအဝိုင်းကို ထောက်ခံအားပေးတဲ့ တွစ်တာအကောင့်တစ်ခုကို အသုံးပြုခွင့် ဆိုင်းငံ့

မော်လမြိုင် ၊ နိုဝင်ဘာ (၃၀) ထိုင်းဘုရင် မာဟာဗီဂျီရာလောင်ကွန်နှင့် ဘုရင်စနစ် တို့ရဲ့ ထုတ်ပြန်ရေးသားချက်များကို ပြန့်နှံ့အောင် လှုံ့ဆော်တဲ့ အသုံးပြုသူအကောင့်များကို လွန်ခဲ့တဲ့ ရက်သီတင်းပတ်များအတွင်းက ဖွင့်လှစ်ခဲ့ကြတယ် ဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ သုံးသပ်ချက်တစ်ရပ် ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ ထိုင်း ဘုရင့်နန်းတွင်းနှင့် ဆက်စပ်မှုရှိတဲ့ တော်ဝင်အသိုင်းအဝိုင်းကို အားပေးထောက်ခံသူတစ်ဦးရဲ့ အကောင့်ကို တွစ်တာမှ သုံးစွဲခွင့်ကို ဆိုင်ငံ့ခဲ့တာဖြစ်ပါတယ်။ ကျွမ်းကျင်သူတစ်ဦးရဲ့ လေ့လာသုံးသပ်ချက်အရ…

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု အရှိန်မြင့်တက်

မော်လမြိုင် ၊ နိုဝင်ဘာ (၃၀) မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုက အရှိန်မြင့်တက်နေတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ သထုံ ၊ ကျိုက်ထို နဲ့ မော်လမြိုင်မြို့နယ်တို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ (၅၀၀)နီးပါးရှိပြီး ထပ်ဆင့်ထိတွေ့ခဲ့သူတွေက ရာနဲ့ချီ ရှိနေတာပါ။ နိုဝင်ဘာလ (၂၉)ရက်နေ့ ညပိုင်းမှာလည်း မွန်ပြည်နယ်မှာ အတည်ပြုလူနာ (၁၄၃)…

ရန်ကုန်မှာ ပိတ်မိနေတဲ့ မွန်ပြည်နယ် ဒေသခံတွေကို အခမဲ့ ကြိုပို့

မော်လမြိုင် ၊ နိုဝင်ဘာ (၃၀) ကိုဗစ်-၁၉ ကြောင့် ရန်ကုန်မှာ ပိတ်မိနေတဲ့ မွန်ပြည်နယ်ဒေသခံတွေကို zaw family travel နဲ့ ရွှေနဒီ express ခရီးသည်ပို့ဆောင်ရေးတို့က အခမဲ့ ကြိုပို့လုပ်ပေးနေပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှု မပျံ့နှံ့စေဖို့အတွက် တိုင်းနှင့်ပြည်နယ်တွေမှာ ခရီးသွားလာခွင့်ကို ကန့်သတ်လိုက်ပြီး ခရီးသည်ယာဉ်လိုင်းတွေလည်း ရပ်နားထားရတာကြောင့် မွန်ပြည်နယ်ကနေ ရန်ကုန်မှာ ဆေးကုသနေသူတွေအပါအဝင် အလုပ်မရှိလို့…

ကိုဗစ်-၁၉ အတည်ပြုလူနာများကို မော်လမြိုင်နှင့် သထုံမြို့မှာ ကုသနေ

မော်လမြိုင် ၊ နိုဝင်ဘာ (၂၇) မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် မော်လမြိုင်မြို့အပြင် သထုံမြို့မှာပါ ကုသရေးကို ဆောင်ရွက်နေရပါတယ်။ သထုံ ၊ ကျိုက်ထို နဲ့ မော်လမြိုင်တို့မှာ ရက်ပိုင်းအတွင်းမှာပဲ ကူးစက်ခံရသူ (၄၀၀) နီးပါး ရှိပြီး သထုံမြို့နယ်မှာ အများဆုံး တွေ့ရှိခဲ့တာပါ။ ဒါကြောင့် သထုံခရိုင်အတွင်းက အတည်ပြုလူနာတွေကို သထုံမြို့က စက်မှုသင်တန်းကျောင်းမှာ…

အမျိုးသမီးနှင့်ကလေး အကာအကွယ်ပေးရေး ဥပဒေတွေကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆို

မော်လမြိုင် ၊ နိုဝင်ဘာ (၂၇) တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ အမျိုးသမီးနှင့်ကလေး အကာကွယ်ပေးရေး ဥပဒေတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်အတွင်းက ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီး (၁၂) ဦး ပါဝင်ခဲ့ပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ သက်ငယ်မုဒိန်းမှုတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားနေတာပါ။ ဒါကြောင့် အနိုင်ရ အမျိုးသမီးကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အတွင်းကနေတစ်ဆင့်…

အစိုးရသစ်နဲ့ ပညာရေးကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်အမျိုးသားကျောင်းတွေက မျှော်လင့်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၆) ရွေးကောက်ပွဲအလွန်တက်လာမယ့်အစိုးရနဲ့ ပညာရေးကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်အမျိုးသားကျောင်းတွေက မျှော်လင့်နေကြပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီ ဒေသတွေမှာ မွန်ဘာသာအခြေပြု သင်ကြားနေတဲ့ မွန်အမျိုးသားကျောင်း (၁၃၃)ကျောင်းရှိပြီး ကျောင်းသူကျောင်းသား (၁၀၀၀၀)ကျော်က နှစ်စဉ်ပညာသင်ကြားနေတာပါ။ နိုင်ငံတကာအလှူရှင်တွေနဲ့ဒေသတွင်းအလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ နှစ်စဉ် ဘဏ္ဍာရေးအခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့်…

ကျိုက်ထို ၊ ဘီးလင်းနဲ့ မော်လမြိုင်မြို့နယ်တို့မှာ ညမထွက်အမိန့်ကို နောက်ထက် (၂)လ သက်တမ်းတိုး

မော်လမြိုင် ၊ နိုဝင်ဘာ (၂၆) ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေတဲ့ ကျိုက်ထို ၊ ဘီးလင်းနဲ့ မော်လမြိုင်မြို့နယ်တို့မှာ ညမထွက်အမိန့်ကို နောက်ထက် (၂)လ သက်တမ်းတိုးလိုက်ပါတယ်။ အဆိုပါ မြို့နယ်တွေဟာ နိုဝင်ဘာလအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်း ကူးစက်ခံရသူ ရာနဲ့ချီ ရှိနေတာပါ။ ပထမအကြိမ် ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ဟာ နိုဝင်ဘာလ…

နယ်စပ်မှာ တည်ဆောက်မယ့် လာအိုအစိုးရရဲ့ ဆည်တာတမံစီမံကိန်းကို ထိုင်းအစိုးရက ကန့်ကွက်

လာအိုနိုင်ငံအတွင်း တည်ဆောက်ထားတဲ့ ဆန်နာက်ခမ် ဆည်စီမံကိန်းက မဲခေါင်မြစ် ကို ထိခိုက်နိုင်ချေ ရှိတယ်လို့ လေ့လာသိရှိရပြီးတဲ့နောက်ပိုင်းမှာ အဆိုပါစီမံကိန်းမှ လျှပ်စစ်ဓါတ်အား ဝယ်ယူခြင်းမပြုဖို့ ထိုင်းအစိုးရက အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ဘန်ကောက်မြို့မှာ ကျင်းပတဲ့ မဲခေါင်မြစ်ဆိုင်ရာ ဆွေးနွေးပွဲမှာ နိုင်ငံတော်ရေအရင်းအမြစ်ရုံး အထွေထွေအတွင်းရေးမှူး စုမ်ကီရတ် ပါရာဂျမ်ဝန် က “တိုင်းပြည်ရဲ့ နယ်နိမိတ်က ကျနော်ရဲ့ ပဓာနကျတဲ့ စိုးရိမ်ပူပန်မှုပါပဲ”…

ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို ဒီဇင်ဘာ ၉ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၅) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို ဒီဇင်ဘာ ၉ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို ကြေညာတဲ့နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းရမှာဖြစ်ပါတယ်။…

ရွေးကောက်ပွဲအလွန် မွန်ပြည်နယ်မှာ covid-19 ကူးစက်မှု မြင့်တက်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၅) ရွေးကောက်ပွဲအလွန်မှာ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာ ကူးစက်ခံရသူ (၃၅၀)နီးပါး ရှိပြီး ဖြစ်ပါတယ်။ နိုဝင်ဘာလ လလယ်ပိုင်းကစပြီး သထုံမြို့နယ်မှာ အနံ့မရတော့တဲ့ အတည်ပြုလူနာတွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ကျိုက်ထိုနဲ့ မော်လမြိုင်မြို့နယ်တို့မှာလည်း ကူးစက်ခံရမှုတွေကို ဆက်တိုက်တွေ့ရှိခဲ့တာပါ။ သထုံမြို့နယ်မှာတော့ ရွေးကောက်ပွဲနေ့ ဆန္ဒမဲလာပေးသူတွေထဲမှာလည်း covid-19 အတည်ပြု လူနာတွေ…