ဒုတိယအကြိမ် မဲစာရင်းကြေညာပြီးနောက် မွန်မှာ မဲဆန္ဒရှင် ၄၀၀၀၀ ကျော် ထပ်တိုးလာ
မော်လမြိုင် ၊ အောက်တိုဘာ (၂၆) ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးတဲ့နောက်မှာ မွန်ပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၀၀၀၀)ကျော် တိုးလာတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ပထမအကြိမ် မဲစာရင်းမှာတော့ မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော်သာ ပါဝင်ခဲ့ပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာပြီးတဲ့နောက်မှာ မဲဆန္ဒရှင် (၁၈ ) သိန်းကျော် ပါဝင်ခဲ့တာပါ။ နောက်ဆုံးအကြိမ် မဲစာရင်းကို…