တစ်နိုင်ငံလုံးအခွန်အများဆုံး ထမ်းဆောင်သူတွေထဲမှာမွန်ပြည်နယ် ကလုပ်ငန်းရှင်နှစ်ဦးပါ

0
4934

မော်လမြိုင် ၊ ဩဂုတ် ၁၇

၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက် တစ်နိုင်ငံလုံး အခွန်အများဆုံးထမ်းဆောင်သူ (၁၀၀၀)ထဲမှာ မွန်ပြည်နယ်က လုပ်ငန်းရှင် နှစ်ဦး ပါဝင်တယ်လို့ မွန်ပြည်နယ် အခွန်ဦးစီးဌာနရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

တစ်နိုင်ငံလုံး အခွန်အများဆုံးထမ်းဆောင်သူ (၁၀၀၀)ထဲမှာ ပါဝင်တဲ့ လုပ်ငန်းရှင်နှစ်ဦးဟာ ကျိုက်ထိုမြို့က ကျောက်ထုတ်လုပ်ငန်းရှင် ဦးစိုးလင်းနဲ့ မော်လမြိုင်မြို့က မြေကွက်ရောင်းချသူ ဦးမိုးကျော်တို့ပဲ ဖြစ်ပါတယ်။

ဦးစိုးလင်းဟာ မွန်ပြည်နယ်အတွင်းမှာ ကုန်သွယ်ခွန်အများဆုံး ထမ်းဆောင်ခဲ့သူဖြစ်သလို ဝင်ငွေခွန်ကိုလည်း ဒုတိယအများဆုံး ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးစိုးလင်းထမ်းဆောင်ခဲ့တဲ့ အခွန်ပမာဏကတော့ ကုန်သွယ်ခွန်အတွက် ကျပ် (၁၉၂.၂၀၉)သန်း ရှိပြီး ဝင်ငွေခွန်အတွက်ကတော့ ကျပ် (၈၂.၁၈၂) သန်း ရှိတယ်လို့ ပြည်နယ်အခွန်ရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဦးမိုးကျော်ကတော့ ဝင်ငွေခွန်အများဆုံး ထမ်းဆောင်တဲ့သူဖြစ်ပြီး သူထမ်ဆောင်ခဲ့တဲ့ အခွန်ပမာဏကတော့ (၁၁၆.၇၀၀) သန်း ရှိပါတယ်။

၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်နှစ်မှာ မွန်ပြည်နယ်အတွင်းက ကုန်သွယ်ခွန်အများဆုံး ထမ်းဆောင်ခဲ့သူ ၁၀ ဦးမှာ (၁) ဦးစိုးလင်း ကျိုက်ထိုမှ ကျောက်ထုတ်လုပ်ငန်းရှင်၊ (၂) ဦးသိန်းနိုင် ကျိုက်ထိုမှ ရိုးရိုးလေး၊ (၃) AK ဆောက်လုပ်ရေးကုမ္ပဏီ၊ (၄) ဦးမောင်မောင် ကျိုက်ထိုမှ ကျောက်ထုတ်လုပ်ငန်းရှင်၊ (၅) ဦးနိုင်လင်းကိုကို ဦးဝင်းခိုင် ကျိုက်ထိုဟိုတယ် (၆) ဦးကျော်ဝင်း ကျောက်ထုတ်လုပ်ငန်း၊ (၇) ဦးဇော်ဝင်းထွန်း စိုးညီညီ feel စာသောက်ဆိုင်၊ (၈) ပေါင်မြို့မှ REHMONNYA UNITED Co.Ltd (၉) ဒေါက်တာမျိုးမြင့်စိန် ဒေါ်သန်းသန်းဆွေ ကျိုက်ထို စိမ်းလဲ့တင် (၁၀) ရွှေမြင့်မိုးထွန်း ပေါင်က ကျောက်ထုတ်လုပ်ငန်းတို့ ဖြစ်ပါတယ်။

ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သူ ၁၀ ဦးမှာတော့ (၁) ဦးမိုးကျော် မော်လမြိုင်မှ မြေကွက်ရောင်းချသူ (၂) ဦးစိုးလင်း ကျိုက်ထိုမှ ကျောက်ထုတ်လုပ်ငန်းရှင် (၃) ဒေါ်နှင်းအေး မော်လမြိုင်မှ မြေကွက်ရောင်းသူ (၄) ဦးနေထက်သိန်းနိုင် ကျိုက်ထို ရိုးရိုးလေး (၅) ဦးကိုကိုနိုင် မော်လမြိုင် (၆) AK ဆောက်လုပ်ရေးကုမ္ပဏီ (၇) ဦးစိုးမြင့်အောင် ကျိုက်ထိုမှ မြေကွက်ရောင်းချသူ (၈) ဒေါ်ခင်ကြည် မော်လမြိုင်မှ အိမ်ခြံမြေအကျိုးဆောင် (၉) ဒေါက်တာကင်ကြည် ဇာနည်ဘွားဆေးရုံ (၁၀) ဦးပိမနော်ဟာ နံ့သာဖြူဟိုတယ်တို့ ဖြစ်ပါတယ်။

သတင်း သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.