ရေးမြို့နယ်မှာ Mask ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေးနေ
ရေး ၊ ဩဂုတ် (၃၁) ကိုဗစ်ကာလအတွင်း ရေးမြို့နယ်မှာ Mask ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ ပြည်သူတွေဝယ်ယူရရှိနိုင်ဖို့ ရေးမြို့နယ် အရပ်ဘက် ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ထောက်ပံ့ကူညီရေးအဖွဲ့က ဆောင်ရွက်ပေးနေပါတယ်။ မော်လမြိုင်မြို့မှာ ရောဂါပိုးတွေ့ရှိသူတစ်ဦးထွက်ပေါ်လာပြီးတဲ့နောက် Mask တပ်ဆင်မှုတွေပြန်လည်များလာနဲ့အမျှ ဝယ်လိုအားကြောင့် ဈေးနှုန်းတက်လာမှုနဲ့ ပစ္စည်းရှားပါးမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ” ဈေးတင်မရောင်းရအောင် ဈေးမှန်မှန်နဲ့ရအောင်လုပ်ဖို့ ဖိအားပေးဖို့ စီစဉ်ထားပြီးပြီ၊ တိုက်ရိုက်မှာလို့ရတဲ့နေရာကိုလည်း ချိတ်ဆက်တယ်၊ အဓိကကတော့…