အသေးစား၊ အလတ်စားလုပ်ငန်းငယ်တွေအတွက် စဉ်းစားပေးပါ

0
21773
နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ မွန်ပြည်နယ်အစိုးရထံသို့ တွေ့ဆုံမှုများ ခပ်စိတ်စိတ်ရှိနေသည်။ လာရောက်တွေ့ဆုံသော လုပ်ငန်းများကို လေ့လာသော် ရင်းနှီးမြုပ်နှံမှုကို အခြေပြုပြီး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်း များ၊ ဘိလပ်မြေဆိုင်ရာလုပ်ငန်းများနှင့် <!--more-->

အခြားသော လုပ်ငန်းကြီးများဖြစ်ကာ ငွေကြေးအရင်းအနှီးများများ၊ စနစ်ကျတော စီမံမှုများဖြင့် လာရောက်ရှင်းလင်းလျက်ရှိ နေသည်။

ရှင်းလင်းမှုများအားလုံးအပေါ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က မည်သို့မည်ပုံကိုင်တွယ်မည်ကို တိကျစွာမသိရသော်လည်း တွေ့ဆုံမှုအပေါ် မွန်ပြည်နယ်အစိုးရက နှစ်ခြိုက်မှုရှိ နေသည်ဟုထင်ရသည်။ အထူးသဖြင့် အစိုးရသစ်လက်ထက်တွင် တစ်စုံတစ်ရာဆောင်ရွက်ပေးနိုင်ခဲ့စရာများ ဆန္ဒရှိနေသည်ဟု ယေဘူယျယူဆရသည်။

ဒီနေရာတွင် စိုးရိမ်မှုရှိရသည်မှာ ပြည်နယ်တွင်း အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း၊ လုပ်ငန်း ရှင်တွေအတွက်ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုနည်းပါးသော၊ နည်းပညာနည်းပါးသော၊ ဈေးကွက်နည်းပါးသော လုပ်ငန်းများ အဆိုပါလုပ်ငန်းကြီးတွေဝင်ရောက်လာလျှင် အလိုလိုလျော့နည်း ပပျောက်လာတော့မည်။ ထိုသု့ိဆို လျှင် အနာဂတ်ပြည်နယ်တွင်း စီးပွားရေးဆိုင်ရာကဏ္ဍအတွက် စိုးရိမ်စရာဖြစ်ပေတော့မည်။

ဈေးကွက်စီးပွားရေးသဘောအရ ယှဉ်ပြိုင်မှုရှိစွာဖြင့် သွားလာရသော်လည်း ပြည်နယ်အဆင့်အစိုးရ အနေဖြင့် ပြည်ထောင်စုစီးပွားရေးမူဝါဒကို အခြေခံပြီး ပြည်နယ်စီးပွားရေးမူဝါဒအတွက် သေချာပြင်ဆင်ထားဖို့ လိုသည်။ မဟုတ်ပါက။ ပြည်နယ်စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များ ဘုန်းဘုန်းလဲပေလိ့မ်မည်။

အာဆီယံလွတ်လပ်သောကုန်သွယ်မှုလုပ်ငန်းများအရှိန်အဟုတ်မြင့်လာပါက ပိုပြီးတောင် မယှဉ်နိုင် တော့ပေ။ 

ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒေသတွင်းလုပ်ငန်းများ၊ လုပ်ငန်းရှင် များ မလျော့ပါးအောင် ကိုင်တွယ်ရမည့်အခြေအနေရှိသလို အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုအတွက် တာဝန်ယူသွားရန်လည်း လိုအပ်ပေသည်။ ပြည်နယ်၏ စီးပွားရေးတိုးတက်တည်ငြိမ်မှုသာ ပြည်နယ်၏ နိုင်ငံရေးအကျိုးဆက်လည်း တည်ငြိမ်ပေလိမ့်မည်။

မဟုတ်ပါက ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်ကိစ္စကိုယ်ရှင်းဖြစ်လာခဲ့လျှင် အစိုးရအပေါ် တာဝန်ကျမည်ဖြစ် သလို တာဝန်ယူမှုဆိုင်ရာ သက်ရောက်မှုလည်း ပြင်းထန်ပေလိ့မ်မည်။

အာဘော်ဖော်ပြချက်အား ငြင်းဆိုစေလိုသည်။ ပြည်နယ်အစိုးရ၏ စီးပွားရေးဆိုင်ရာမူဝါဒများကို အတိ အလင်းကြေငြာစေလိုသည်။ အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် မကြောက်ရွှံ့ရန်၊ တာဝန်ယူမှု အပြည့်ရှိသည်ကို သိစေရန် အခိုင်အမာပြောကြားလိုသည်။

အသေးစား၊ အလတ်စားလုပ်ငန်းများ အတွက် စဉ်းစားပေးသည့်အနေဖြင့် တာဝန်ယူမှုတွေကို မျှော်လင့်နေသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.