မှန်သတင်း၊ မမှန်သတင်းနှင့် ဝန်ကြီးချုပ်

0
22991
ဝန်ချုပ်နှင့် အယ်ဒီတာ့အာဘော်ကိစ္စ ခေတ်စားနေသည်။ ကြောက်ကြောက်နှင့် ရေးသည့်စာဟု ဆိုပါရစေ။

မွန်ပြည်နယ်အစိုးရသတင်းက တစ်နေ့တစ်မျိုးမရိုးရအောင် ပြည်သူကြားထဲ လှုပ်ရှားနေသည်။ အထူးသဖြင့် ဝန်ကြီးချုပ်ဦးမင်းမင်းဦး၏ အရေးကိစ္စဆိုလျှင် ပိုပြီးစိတ်ဝင်စားကြသည်။ <!--more-->



လူမှုကွန်ရက်စာမျက်နှာအားကောင်းသည့်ကာလဖြစ်သည့်အားလျော်စွာ အတင်းရော၊ အဖျဉ်းရောစုံ လင်လှသည်။ လူသားသဘာဝမဟုတ်သတင်းဆိုလျှင် ပိုပြီးခုံမင်တတ်ကြသည်။ ဒီနေရာတွင် စိတ်ဝင်စားမှုအရှိန် အမြင့်ဆုံးသတင်းမှာ ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်မည်ဆိုသည့် သတင်းပင်ဖြစ်သည်။

နေ့ခြင်းညခြင်းကြိးမား ကျယ်ပြန့်လာသော သတင်းအနေအထားအရ မွန်ပြည်နယ်ဝန်ကြီးချုပ်ကတော့ ယနေ့ပြောင်းပြီ။ ပြောင်းတော့မည်။ မနက်ဖြန် ပြောင်းပြီ။ ပြောင်းတော့မည်။ သေသေချာချာ ရေရေရာရာမရှိ။

သတင်းဌာနတစ်ခုတင်ဆက်မှုအရ ဝန်ကြီးချုပ်ကိုယ်တိုင် နှုတ်ထွက်လိုကြောင်း တင်ပြထားသည်ဟု ဆိုသည်။ တစ်ဖက်ကတည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ ဦးဝင်းထိန်က အဆိုပါသတင်းများမမှန် ကြောင်း ငြင်းဆိုလိုက်သည်။

ပြန်သုံးသပ်ကြည့်ရလျှင် - မွန်ပြည်နယ်ဝန်ကြီးချုပ်မှ နှုတ်ထွက်ရန်စဉ်းစားနေမှုအရေးမှာ သိပ်ပြီး တုန်လှုပ်စရာကောင်းသည်။ ဝန်ကြီးချုပ်တစ်ယောက် အဖက်ဖက်မှ ဖိအားဒဏ် အကြီးအကျယ်ခံနေရပြီလား။ လူမှုကွန်ရက်စာမျက်နှာတွင်တော့ နေ့စဉ်နှင့် အမျှ ဝေဖန်မှုတွေ ပုံအောနေသည်။ ဥပဒေနှင့် အုပ်ချုပ်ရေးစနစ် က စိန်ခေါ်နေသလား။ သတင်းများအရတော့ ဟုတ်သယောင်ယောင်ဖြစ်နေသည်။ ဒါမှမဟုတ် အတင်းအဖျင်း တွေကမှန်နေသလား။ ဒါကိုတော့ ဖြစ်နိုင်တယ်ဟု မယူဆပါ။ 

မြန်မာနိုင်ငံ၏ စနစ်ဆိုးတိုက်စားမှုက ဆယ်စုနှစ်ချီခဲ့ပြီဖြစ်သည်။ ယန္တယားအချင်းချင်း မပွတ်တိုက်မိ အောင် ကြိုးစားနေကြရသည်။ ထိုကြားထဲ ၂၀၀၈ဖွဲ့စည်းပုံကြောင့် ဖြစ်ပေါ်လာသည့် ပြည်နယ်အစိုးရတို့၏ အခန်းကဏ္ဍသည်လည်း မပီမပြင်ရှိနေသလို ဗဟိုအစိုးရ၏ လက်ဝေခံဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်ကနည်း နည်းနှင့် လုပ်နိုင်မှုက ကျဲကျဲဖြစ်နေသည်။

ထိုအခြေအနေမျိုးကို ယခင်အစိုးရက မသိသာအောင် ထိန်းခဲ့သည်ဟုမြင်သည်။ ယခုအစိုးရလက်ထက် တွင်ကား ပွင့်လင်းမြင်သာစွာဖော်ဆောင်ခြင်းထက် လူမှုကွန်ရက်များက အစဆွဲထုတ်သည်ဖြစ်ရာ ဘယ်လိုဖုံးဖုံး ပေါ်နေသည်သာဖြစ်နေတော့သည်။

တစ်ဖက်တွင်လည်း အင်အားစုကြားထဲက စုစည်းမှုပျက်နေသည်ဟုမြင်သည်။ ဤကား အလွယ်ပြော ခြင်းမဟုတ်ပါ။ လွှတ်တော်အစည်းအဝေးများမှ ရလာသော အဖြေကြောင့် ပြောနိုင်ခြင်းဖြစ်သည်။

လူထုစိတ်ဝင်စားမှုမြင့်တက်ခဲသည့် သတင်းကားမမှန်ခဲ့ပါ။ လူမှုကွန်ရက်၏ ဆိုလိုရင်အရ လူထုက မှန်စေချင်သည်ဟု ယူဆရသည်။ မည်သို့ပင်ဆိုစေကာမူ မှန်သတင်း၊ မမှန်သတင်းများကား ဝန်ကြီးချုပ်အတွက် ခေါင်းလောင်းသံလေလားဟု ဆိုရမည်ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.