ပြုစုပျိုးထောင် အသိအမှတ်ပြုရေး

0
22940

ထိုင်းနိုင်ငံရုပ်သံလိုင်းတစ်ခု၏ တင်ဆက်မှုကြောင့် ထိုင်းနိုင်ငံရောက် ကော့ဘိန်းက (၇)နှစ်အရွယ် မွန်လူငယ်တစ်ဦး၏ ဘောလုံးအားကစားစွမ်းရည်ပြသမှု မြန်မာပရိတ်သတ်များအကြား ရေပန်းစားလာခဲ့သည်။

နောက်ဆက်တွင်အနေဖြင့် မြန်မာနိုင်ငံအားကစားလောကအတွက် အမြန်ပြန်ခေါ်သင့်ကြောင်း တိုက်တွန်းမှုများရှိလာသလို အားကစားအသင်းများကလည်း မြန်မာ့ဘောလုံးအကယ်ဒမီမှ အမြန်ခေါ်ယူ ပျိုးထောင်ပေးသင့်ကြောင်း ပြောဆိုမှုများရှိလာသည်။

ဒီနေရာတွင် ပြောစရာရှိလာသည်မှာ ပြုစုပျိုးထောင်အသိအမှတ်ပြုရေးကိစ္စပင်ဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြား ကဏ္ဍစုံတွင် ထူးချွန်သော လူငယ်များစွာရှိကြသည်။ ရွက်ပုန်းသီးလူငယ်များဟု တစ်နည်းခေါ်သော် ရသည်။ သို့သော်လည်း အရွက်ထဲကနေသာလျှင် မှည့်ရော်သွားသည့်ဖြစ်ရပ်က အများကြီးဖြစ်ခဲ့သည်။

ထင်ပေါ်ခွင့်မရသဖြင့် စင်တော်ပေါ်သို့မရောက်ခဲ့ပေ။ မြန်မာ့လူငယ်တို့၏ အနာဂတ်ကား ရွက်ထဲပုန်းနေ ဆဲလားဟု သတိပြုမိကြဖို့လိုသည်။

နည်းပညာခေတ်ရှေ့တန်းရောက်မှု၊ အဝန်းအဝိုင်းကျယ်ပြန်လာမှု၊ အရည်အချင်းယှဉ်ပြိုင်လာနိုင်သော နေရာတစ်ချို့ပေါ်လာပြီး နောက်ဆက်တွဲတွင် လူငယ်အချို့ ထင်ပေါ်လာသည်။ ဤကား အနည်းစုပင်။ 

မြန်မာလူငယ်တို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်တောက်ပနိုင်ရေး ဘယ်လိုပြုစုပျိုးထောင်ကြ မည်နည်း။

နေရာများဖန်တီးမှုရှိဖို့လိုသည်။ သက်ဆိုင်ရာကဏ္ဍတိုင်းအတွက် ကောင်းမွန်စွာလုပ်ကိုင်ဖန်တီးနိုင် သော နေရာများစွာလိုပါသည်။ အားကစားကဏ္ဍတစ်ခုထဲကို မဆိုလိုပါ။ ကဏ္ဍစုံအတွက်ဖြစ်ပါသည်။

တလောက ရန်ကုန်တိုင်းအစိုးရမှ ရန်ကုန်တွင် လူငယ်များအတွက် ဖန်တီးရန်နေရာများ စီစဉ်ပေးမည် ဟုပြောဆိုသံ သဲ့သဲ့ကြားလိုက်ရသည်။

မွန်ပြည်နယ်အစိုးရကရော မည်သို့မည်ပုံစီစဉ်ပေးမည်လဲ။ အားကစားကဏ္ဍအတွက် အားကစားသိပ္ပံရှိ ယုံ၊ အားကစားပြိုင်ပွဲများ စီစဉ်ပေးယုံမျှဖြင့် မလုံလောက်နိုင်ပါ။

စာပေဂီတအနုသုခုမအတွက် နေရာ၊ သိပ္ပံနှင့် နည်းပညာအတွက် နေရာ၊ ကဏ္ဍစုံအားကစားအတွက် နေရာ၊ နိုင်ငံရေးအတွက်နေရာ၊ စွန့်ဦးတီထွင်မှုအတွက်နေရာ၊ အပန်းဖြေမှုအတွက်နေရာ၊ ဤနေရာစုံအတွက် စနစ်တကျပေါ်ပေါက်မှုလိုအပ်သည်။

နေရာစုံသော်ငြားလည်း တစ်ဖက်တွင် ရေရှည်တည်မြဲသော လှုပ်ရှားမှု၊ သင်ကြားမှု၊ ဖန်တီးနိုင်မှု၊ ခင်းကျင်းပြသနိုင်မှုအတွက်လည်း လိုအပ်နေသေးသည်။

အဆောက်အအုံဖွံ့ဖြိုးရုံဖြင့် မတိုးတက်နိုင်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးဖို့အတွက် ပြုစုပျိုးထောင် အသိအမှတ်ပြုရေးက အရေးကြီးသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.