ပေါင်၊ နိုဝင်ဘာ ၁၃

ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီး မိုင်တိုင် ၃/၁၇၈ တွင် မော်တော်ယာဉ်တစ်စီး ဓါတ်တိုင်ကိုတိုက်မိပြီး မီးလောင်ကျွမ်းခဲ့ကာ ယာဉ်ပေါ်ပါသူနှစ်ဦး မီးလောင်သေဆုံးခဲ့သည်။

ပေါင်မြို့ဘက်မှလာပြီး မုတ္တမဘက်သို့ မောင်းနှင်လာသော AD Van အမျိုးအစား ယာဉ်အမှတ် (9H/9216) သည် ကျုံကကျေးရွာအနီးတွင် လမ်းဘေးမှ ဓါတ်တိုင်ကို ဝင်တိုင်မိပြီး ကားမီးလောက်ကျွမ်းကာ ယာဉ်ပေါ်ပါ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦး မီးလောင်ကျွမ်းသေဆုံးခဲ့သည်။

“ကျွန်တော်တို့ဆီက မီးသတ်ယာဉ်(၂)စီးနဲ့မုတ္တမကတစ်စီး အရံမီးသတ်အင်အား(၃၀) ရောက်သွားပြီး AAAFအမြုပ်မီးသတ်ဆေးနဲ့ဖြန်းပါတယ်။ ၁၅မိနစ်လောက်ကြာတော့မီးသေပါတယ်။ ဓာတ်တိုင်ကိုအရှိန်နဲ့တိုက်မိလို့ ဘက်ထရီဝါယာရှော့ကြောင့်လောင်တာပါ။ ဘောနက်ဖုန်းကြီးကြွနေတယ်။ တန်ဘိုးကို သိန်း(၆၀) ပျက်ဆီးတယ်လို့ခန့်မှန်းပါတယ်”ဟု ပေါင်မြို့နယ်မီးသတ်ဦးစီးမှုးဦးစိုးကျော်သူက သံလွင်တိုင်းမ်သို့ပြောသည်။

ကားပေါ်ပါသူ မီးကျွမ်းကွယ်လွန်သူများမှာ ဦးကိုကိုအောင်နှင့် မစံပယ်တို့ဖြစ်ကြပြီး သင်္ဃန်းကျွန်း မြို့နယ်မှ ဖြစ်ကြောင်းနှင့် အမှုကို မုတ္တမရဲစခန်း က ယာဉ် ပ ၃၇ /၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ က/ ၂၈၅ အရ တရားလိုဒုရဲအုပ်မြင့်ကြိုင်၏ တိုင်ချက်ကို ရဲအမှုစစ်ဒုရဲအုပ်အောင်ဌေးက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ အလောင်းတွေကမီးကျွမ်းနေတာဆိုတော့ ကျား(၁) မ (၁)လို့ပဲပြောနိုင်သေးတယ်။ စုံစမ်းနေတုန်းပါ။ အမှုဖွင့်ထားပါတယ် “ဟု မုတ္တမရဲစခန်းက ဒုရဲအုပ်ဆုဝေက သံလွင်တိုင်းမ်ကိုပြောသည်။

ဖြစ်စဉ်အနေအထားအရ ကားရှေ့ပိုင်းတစ်ပိုင်းလုံး လောင်ကျွမ်းသွားပြီး တိုက်မိသော ဓာတ်မီးတိုင်လည်း ကျိုးကျသွားခဲ့သည်။

သတင်းနှင့် ဓါတ်ပုံ – ဝရဇိန်(ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.