ကျိုက်ထီးရိုးဘုရားရှိ အလှူခံပုံး(၃၁)ပုံမှ အလှူငွေ သိန်း ၁၅၀ ကျော် ရရှိ

0
16828

ကျိုက်ထို၊ အောက်တိုဘာ ၂၃

ကျိုက်ထီးရိုး ဘုရားရင်ပြင်ပေါ်ရှိ အလှူခံပုံး(၃၁)ပုံးအား ဂေါပက အသစ်လက်ထက်တွင် ဖွင့်ဖောက်ခဲ့ ရာ သိန်း ၁၅၀ ကျော် ရရှိခဲ့သည်ဟု ဂေါပက အဖွဲ့များထံမှ သိရသည်။

ဘုရားရင်ပြင်ပေါ်တွင် အလှူခံပုံ ၃၁ ပုံရှိပြီး ဂေါပက အသစ် လက်ထက်အတွင်း ပထမအကြိမ် ဖွင့် ဖောက်ခဲ့ရာ ကျပ်သိန်း ၆၀ ကျော်နှင့် ဒုတိယအကြိမ်တွင် ကျပ်သိန်း ၉၀ ကျော် စုစုပေါင်း ကျပ်သိန်း ၁၅၀ ကျော် ရရှိခဲ့ခြင်းဖြစ်သည်။

“ အလှူခံပုံက ရတဲ့ ငွေတွေကို ဘုရား အတွက် အသုံးပြုသွားမယ်။ အလှူခံပုံက ပိုက်ဆံတွေ ဖွင့် ဖောက်တဲ့ အခါမှာလဲ ပွင့်လင်းမြင်သာမှု ရှိအောင် ကျွန်တော်တို့ လုပ်ထားပါတယ်“ ဟု ကျိုက်ထီးရိုဘုရား ဂေါပက တစ်ဦးဖြစ်သူ ဦးမောင်မောင်မျိုးက ပြောသည်။

အလှူခံပုံး ဖွင့်ချိန်တွင် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ ၊ နယ်မြေရဲစခန်းမှ စခန်းမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးတို့ကို ခေါ်ယူပြီး ၎င်းတို့၏ ရှေ့မှောက်တွင် အလှူခံ ပိုက်ဆံများကို ရေတွက်ခြင်းဖြစ်သည် ဟု ဦးမောင်မောင်မျိုးက ဆိုသည်။

“ နောက်ဆိုရင် တစ်ပတ်ကို သုံးကြိမ် ဖွင့်ဖောက်သွားမို့ရှိတယ်။ တစ်ရက်ကြား တစ်ခါပေ့ါ။ အလှူခံ ကန်ထရိုက် စနစ်တွေ ဖျက်လိုက်ပြီးဆိုတော့ ဘုရားဖူးသူတွေလဲ စိတ်အနှောက့်ယှဉ် မဖြစ်စေတော့ဘူး။ ဘုရား အလှူခံပုံက ပိုက်ဆံ ဘယ်လောက်ရလဲ ဆိုတာ ဒေသခံတွေနဲ့ ဘုရားဖူးသူတွေကို ဂေါပကတွေက ချပြသွားမယ်။“ ဟု ဂေါပက တစ်ဦးဖြစ်သူ ဦးစိန်မြင့်က ပြောသည်။
%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%80%e1%80%b9%e1%80%91%e1%80%ae%e1%80%b8%e1%80%9b%e1%80%af%e1%80%ad%e1%80%b8%e1%80%a1%e1%80%9c%e1%80%bd%e1%80%b4%e1%80%81%e1%80%b6%e1%80%95%e1%80%b6%e1%80%af
ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ဝင်အသစ် ၁၅ ဦးကို စက်တင်ဘာလ ၃၀ ရက်နေ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ခန့်အပ်လိုက်ပြီးနောက် ဘုရားပေါ်ရှိ အလှူခံ ကန်ထရိုက် စနစ်များ ဖျက်သိမ်းခြင်း၊ ဈေးဆိုင်ခန်းများကို ဘုရားဖူးသူများ စိတ်အနှောက့်ယှဉ် မဖြစ်စေရေး စည်းကမ်းချက် ထုတ်ပြန်ခြင်း၊ တောင် တက်ကား နောက်ခန်းများကို ဈေးနှုန်းလျော့ချလိုက်ခြင်း ပြုလုပ်ပေးခဲ့သည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.