လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်မှာ ဘာမေးခွန်းတွေ မေးမြန်းစေချင်သလဲ

0
20110

(ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်များ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီးလည်ပတ်လှုပ်ရှားခဲ့သည်။ ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲရလဒ်နှင့်အတူ အသစ်တက်လာ သောလွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်အသီးသီးတွင် ဝင်ရောက်နေရာယူခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ

လွှတ်တော်စတင်ခဲ့သည့် သက်တမ်းမှာလည်း ခြောက်လရှိပြီးဖြစ်သလို အတော်လေး တည်ငြိမ်မှုရှိ လာသည့် အခြေအနေများရှိလာသည်ကို တွေ့ရသည်။ လက်ရှိအ
ချိန်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်များတွင် မွန်ပြည်နယ်(၁၀)မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုများ မတွေ့ရ သေးသလို ပြည်နယ်အဆင့်တွင် အချို့ဒေသများမှသာ မေးခွန်းမေးမှုရှိနေပြီး ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သွားကြသည့် ဒေသများ၏ အခြေအနေများကို မေးမြန်းမှုမရှိနေသည်ကို တွေ့ရသည်။ သံလွင်တိုင်းမ်မှ ပြည်သူ့အချို့ထံမေးမြန်းပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အသီးသီးတွင် မေးမြန်းစေလိုသော မေးခွန်းများကို စုစည်း ဖော်ပြလိုက်ရပါသည်။)

kka
ဦးကျော်အောင် အုပ်ချုပ်ရေးမှုး
ကဒုံစီးရပ်ကွက်၊ ပေါင်မြို့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုမေးပေးစေချင်တဲ့ မေးခွန်းအနေနဲ့ ကဒိုင်ချောင်းကောနေတဲ့တဲ့ကိစ္စ ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ဟာရယ်၊ ကျွဲခြံရွာက အကျိုးမရှိပဲပြုလုပ်ထားတဲ့ မြို့ကိုရေကြီးစေတဲ့အကြောင်း အဓိကလည်းဖြစ်နေတဲ့ရေထိန်းတံခါးကို ဖျက်သိမ်းပေးခြင်းလုပ်ပေးဖို့မေးခွန်းမေးစေချင်တယ်။ ပေါင်မြို့က မြေမဲ့ယာမဲ့တွေအတွက်လယ်မြေတွေကို အခြားနည်းသုံးခွင့်လျောက်ပေးပြီးမြို့အိမ်ယာကွက်ချပေးနိုင်မှုရှိမရှိမေးခွန်းမေးစေချင်တယ်။

UMO
ဦးမြင့်ဦး အတွင်းရေးမှုး မွန်အမျိုးသားပါတီ
ပေါင်မြို့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကိုမေးပေးစေချင်တာက တောင်တန်းတောင်ကျောတွေပေါ်က ကျောက်မိုင်းတွေကြောင့်ရေအရင်းအမြစ်တွေပျက်ဆီးနေပြီးနွေရာသီမှာ ပေါင်မြို့မှာ ရေရှားတဲ့ပြသနာတွေဖြစ်နေတယ်ဘယ်လိုစီမံဖြေရှင်မလဲဆိုတဲ့မေးခွန်းနဲ့ ကုန်ဈေးနှုန်းတွေမြင့်တက်နေတဲ့ကိစ္စကိုဘယ်လိုဖြေရှင်းဆောင်ရွက်မလဲဆိုတဲ့မေးခွန်းမေးပေးစေချင်တယ်။ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကိုတော့ မိုးရွာတာနဲ့ပေါင်မြို့ပေါ်(၄)ရပ်ကွက်မှာရေစီးရေလာ ပျက်ယွင်းနေလို့ရေကြီးတဲ့ဒုက္ခဖြစ်နေတယ် မည်ကဲ့သို့ဆောင်ရွက်ပေးရန်ရှိကြောင်းမေးပေးစေချင်တယ်။

UCW
ဦးချိုဝင်း
မြို့မ(၂)ရပ်ကွက်၊ မုဒုံမြို့
လက်ရှိအချိန်ထိတော့၊မုဒုံမြို့နယ်ကအရွေးချယ်ခံရတဲ့ကိုယ်စားလှယ်တွေရဲ့လွှတ်တော်တွင်းအဆိုတွေ၊မေးခွန်တွေ၊ကြယ်ပွင့်ပြမေးခွန်းတွေတင်ပြမှုသိပ်မရှိသေးဘူး၊ထရန်စဖော်မှာလုံလုံလောက်လောက်နဲ့လျှပ်စစ်မီးမှန်စေဖို့အချက်၊ မြို့မ(၂)ရပ်ကွက်အတွင်းကခင်းပြီးသားလမ်းတွေအပြင်အဓိက လမ်းတွေကိုအဆင့်မြှင်တင်ပေးဖို့၊ နောက်ပြီးအလုပ်အကိုင်အခွင့်အလမ်းရရှိစေမဲ့ရေရှည်စီမံကိန်းလုပ်ငန်းကိုဒေသတွင်းတည်ဆောက်ပေးနိင်ဖို့ကိစ္စရပ်တွေကိုဦးစားပေးပြီးမေးသင့်၊ပြောသင့်တယ်။

USN
ဦးစိုးနိုင် (လေ/ငြိမ်း)
အောင်မေတ္တာရပ်ကွက်၊ ရေးမြို့
ပြည်သူတွေသိထားသင့်တဲ့ဥပဒေတွေကို သိရှိနားလည်အောင် ဘယ်လိုလုပ်ပေးမလဲ၊ ထုတ်ပြန်ထားတဲ့ဥပဒေ တွေက ပြည်သူလူထုတစ်ရပ်လုံးကို စောင့်ရှောက်နိုင်ဖို့ တာဝန်ပေးမယ့်သူ တာဝန်ယူမယ့်အဖွဲ့အစည်းတွေထား ဖို့ လိုအပ်တယ်ဆိုတာ တင်ပြစေချင်တယ်။ မြန်မာနိုင်ငံရဲ့ဥပဒေတွေကို အားလုံးလေးစားလိုက်နာအောင် လက်ရှိ အစိုးရက ပြင်သင့်တာတွေကိုပြင်၊ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲပေးဖို့ အပြည့်အ၀ တာဝန်ယူ ဆောင်ရွက်ပေးဖို့ တင်ပြစေချင်ပါတယ်။

NST
မင်းစိုးသိန်း (မွန်လူငယ်)
ရေးမြို့
ဒီနှစ် မတ်လ ၈ ရက်နေ့က ခေါဇာမြို့၊ မကျီးချောင်းဝကျေးရွာမှာ ခလရ(၂၈၀) တပ်ရင်းက ဒေသခံနှစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး သေဆုံခဲ့ရတာနဲ့ပတ်သက်လို့ ခုထိ ထူးခြားမှုတစ်စုံတစ်ရာမရှိသေးဘူး။ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်ကတင်ပြတော့ လွှတ်တော်မှာ မှတ်တမ်းအဖြစ်ထားမယ်လို့ပဲသိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အဖြေတစ်ခုထွက်ပေါ်လာဖို့ ဆောင်ရွက်စေချင်ပါတယ်။ နောက်တစ်ခုက ရေး-ခေါဇာ လမ်းချဲ့တဲ့နေရာမှာ နစ်နာခဲ့တဲ့သူတွေကို လျော်ကြေး ပေးရမယ်ဆိုတာရှိပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် တွေကို သိစေချင်ပါတယ်။ တရားဝင်စာတင်မှ လုပ်ပေးတာမျိုးမဟုတ်ပဲ နှုတ်အားဖြင့်သတင်းပေးတာမျိုးကို လည်း အသိအမှတ်ပြုစေချင်ပါတယ်။ နောက်ပြီးတော့ ဖာလိန်ဒေသမှာ ဒီရေတောစိုက်ပျိုးဖို့ လျှောက်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အတော်လေးကြာနေပါပြီ၊ တင်ပြဆွေးနွေးစေချင်ပါတယ်။

UTA
ဦးထွန်းအောင်၊ အုပ်ချုပ်ရေးမှူး
အောင်ကုသိုလ်ရပ်ကွက်၊ သံဖြူဇရပ်မြို့
နိုင်ငံတော်အစိုးရက အခမဲ့ပညာသင်ကြားရေးစနစ်ကို ဖော်ဆောင်နေပေမယ့် မိဘများက နေ့မအား ညမနား ငွေရှာ ကျောင်းသားများက နေ့မအား ညမနားစာသင်နေရတဲ့ စိတ်ဒုက္ခများပြီး ဝန်ပိဒုက္ခရောက်နေကြတဲ့ ကျောင်းသားမိဘများနှင့် ကျောင်းသားများရဲ့ကျူရှင်ဆိုတဲ့ စနစ် ပပျောက်ဖော်ဆောင်ဖို့ ရှိ/မရှိ။ မြန်မာ့ရွှေဖြူလို့ တစ်ချိန်က တင်စားပြီးခေါ်ခဲ့ကြတဲ့ ရာဘာကို စီးပွားရေးဈေးကွက်ပြန်လည်ဦးမော့လာအောင် ဖော်ဆောင်ဖို့ရှိ/ မရှိ။

UST
ဦးစံသောင်း၊ အငြိမ်းစားကျောင်းဆရာ
သံဖြူဇရပ်မြို့
သံဖြူဇရပ်မြို့နယ်လုံးအတွက် သောက်သုံးရေဖူလုံဖို့၊ သံဖြူဇရပ်မြို့ရဲ့ အရှေ့ဘက်ရှိ ဆံတော်တောင် ရေလှောင်တမံစီမံကိန်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နဝတခေတ်မှာ ပြန်လည်အကောင်အထည် ဖော်ဖို့ စီမံကိန်းချမှတ်ထားတာတွေဟာ ပြန်လည်အကောင်အထည်ဖော်ဖို့ရှိ/မရှိ။ ပညာရေးနှင့်ပတ်သက်ပြီး ၂၀၁၆-၁၇ ပညာသင်နှစ်မှာ KG အတန်းတွေကို ဖွင့်လှစ်သင်ကြားတဲ့အခါ သင်ကြားမှုစနစ်အရ စာသင်ခုံတွေကို ဖယ်ရှားပြီးတော့ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးသင်ရတာ ကျောင်းအများစုက ကြမ်းပြင်ဟာ အင်္ဂတေတွေဖြစ်နေတဲ့ အတွက် ကလေးတွေရဲ့ ကျန်းမာရေးဟာ ကြာရင်ထိခိုက်လာနိုင်တယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အခင်းတွေ ပြင်ပေးဖို့ရှိ/မရှိမေးစေချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.