တစ်ဦးခြင်းစီ၏ စွမ်းဆောင်ရည်အပေါ် မူတည်သည်

အစိုးရသက်တမ်း သုံးလကာလအတွင်း မွန်ပြည်နယ်အစိုးရ၏ လုပ်ဆောင်မှုရေချိန်မှာ အနှုတ်ပြခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။ အရာရာအဆင်ခင်းကျင်းလာခဲ့ခြင်းမဟုတ်သည်က အခရာကျသည်ဟု ယေဘူယျယူဆ နိုင်ပြီး အဆင်ပြေသလို မီးစင်ကြည့်ကသည့် မဟာဗျူဟာက ကနဦးကာလမှာပင် အလုပ်မဖြစ်ခဲ့ခေ။

final-logo

ဝေဖန်မှုတွေ၊ ဖိအားတွေ အကြီးအကျယ်ခံနေရချိန်တွင် ဒီမိုကရေစီ၏သဘောတရားအရ လွှတ်တော်၏ ကောင်းကောင်းကြီး အပြန်အလှန်ထိမ်းကြောင်းမှုကို မမျှော်လင့်ပဲခံယူခဲ့ရသည်။ ပျားရည်ဆမ်းကာတို့ မချိုမြိန် တော့ပေ။

ဘာကြောင့်၊ ဘယ်လိုဟု သတ္တုချရသော် ကြိုတင်ပြင်ဆင်ခြင်းမရှိပဲ အဝေးကွင်းဆင်းကန်သည့် ဘောလုံးအသင်းလို အလဲလဲအကွဲကွဲဖြစ်ရသည်ဟု မြင်ရသည်။ ခက်သည်က ဖျော်ဖြေရေးဆန်သော ဘောလုံးပွဲစဉ်တစ်ခုမဟုတ်။ ပြည်နယ်တစ်ခုအတွက် အခရာကျသောအစိုးရကစားပွဲကြီးဖြစ်သည်။

ဒီနေရာတွင် အစိုးရ၏ စွမ်းဆောင်ရည်ကို တိုင်းတာကြည့်သောအခါ အသင်းလိုက်စုဖွဲ့မှုအားနည်းခြင်း၊ တစ်ဦးခြင်းစွမ်းဆောင်ရည်မပေါ်လွင်ခြင်းက အစိုးရအတွက် ဖိအားတွင်းထဲ အလိုလိုသက်ဆင်းသလိုဖြစ်ခဲ့ သည်။

ယခုကာလသည် အစိုးရသက်တမ်းသုံးလကာလဖြစ်သည့်အတွက် အားနည်းချက်ကို အဖြေရှာပြီး ဘက်လိုက်မှုကင်းသော ပြန်လည်သုံးသပ်ခြင်းလုပ်သင့်သည့်ကာလတစ်ခုဖြစ်သည်ဟု တိုက်တွန်းလိုသည်။ ဒီနေရာတွင် အချင်းချင်းကြား ရိုးသားမှုရှိဖို့လိုသည်ဟု ကနဦးဆိုချင်သည်။ အဖြေမှန်ကိုရှာရာတွင် အဖြေမှန်ရရှိ ရေးအတွက် ဝန်ခံခြင်းကသာလျှင် အကောင်းဆုံးသောနည်းလမ်းပင်ဖြစ်သည်။ မိမိမှားခဲ့သည်။ မိမိအားနည်းခဲ့ သည်။ မိမိပြင်လိုသည်။ မိမိအချိန်လိုသည်။ ရိုးသားခြင်းသည်သာ အကောင်းဆုံးအဖြေထုတ်မှုဖြစ်သည်။

ထိုကနဦးခြေလှမ်းစပြီးမှသာလျှင် Team Work ကောင်းဖို့အတွက် အပြန်အလှန်ယုံကြည်မှုတည် ဆောက်ဖို့လိုသည်။ ဤအချက်သည် အင်မတန်အရေးကြီးပါသည်။ ယင်းနောက်တွင် တစ်ဦးခြင်းစီ၏ စွမ်း ဆောင်ရေကို ပြန်လည်သုံးသပ်နိုင်ဖို့လိုသည်။ လူတိုင်းအပြည့်အစုံမတတ်နိုင်ပေ။ သို့သော်လည်း မိမိမတတ် သည်ကို မတတ်ကြောင်း ဝန်ခံနိုင်ဖို့၊ ဝန်ခံရဲဖို့လိုသည်။ သို့မှသာ ရှေ့ဆက်လို့ရနိုင်မည်။

အဆိုပါအဖြေတွေ တွေ့လျှင် ပိုမိုကောင်းမွန်သောအခြေအနေကို ဖန်တီးဖို့ မဝေးတော့ပေ။ သို့သော် ပွင့်လင်းစွာအဖြေရှာနိုင်ဖို့သည်ကား မရှိမဖြစ်အရာတစ်ခုဖြစ်ကြောင်း အမြဲမပြတ်နှလုံးသွင်းဖို့လိုသည်။

မာနသည် လူတိုင်းတွင်ရှိသင့်သည်။ တစ်လွဲမာနတော့မဖြစ်သင့်ပေ။ ရှေ့ဆက်မည့်ခရီးဝေးပါသေး သည်။ မိမိမှန်နေသေးသည်ဟု ဆိုလျှင် အချိန်ကာလက စကားပြောပါလိမ့်မည်။

အချုပ်ပြောလိုသည်မှာ အများပြည်သူရွေးချယ်ထားသည့် ပြည်သူ့ကျွန်အစိုးရဖြစ်သည့်အတွက် ကောင်းစေလိုသော စေတနာလွန်ကဲမှုဖြင့် တိုက်တွန်းခြင်းသာဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.