အယ်ဒီတာ့အာဘော်

လူထုအသံကို နားထောင်ပါ

ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့် တက်လာသော အစိုးရဖြစ်သော်လည်း ပြည်သူများတိုက် ရိုက်ရွေးချယ်ခွင့်မရသည့် အစိုးရအနေဖြင့် ဒီမိုကရေစီပြည်သူ့အစိုးရအမည်ခံယူထားသည့်အတွက် လူထုအသံ ကို နားထောင်ဖို့လိုသည်။

final-logo
လူထုတိုက်ပွဲများ၏ အရှိန်ဖြင့်၊ လူထုထောက်ခံမှုဖြင့်၊ လူထုအရေးကို လုပ်ဆောင်မည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ အဓိကရည်မှန်းချက်များသည် ဒီမိုကရေစီအစိုးရကောင်းတစ်ရပ်ဖော်ဆောင်ရေးပင်ဖြစ်သော ကြောင့် လူထု၏အသံ၊ လူထု၏ လိုလားချက်များကို တိတိကျကျသိဖို့လိုအပ်ပါသည်။

နှစ်ပေါင်းများစွာ အဖိနှိပ်ခံပြည်သူတို့သည် ပျက်စီးနေသော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ဘက် မလိုက်ပဲ အရည်အချင်းပြည့်ဝသောသူများဖြင့်သာ ဖော်ဆောင်လိုခြင်းဆန္ဒအပြည့်အဝရှိနေကြသည်။

အခြေအနေအရ အပြောင်းအလဲအတွက် ရောပြွန်းထောက်ခံလိုက်ရသော်လည်း အနာဂတ်ကာလတွင် မူ ယင်းတို့၏ အရေးကိစ္စများကို အထူးတလည် အာရုံစိုက် အလုပ်လုပ်မည့်သူများကိုသာ စဉ်းစားလိုကြသည်။

ပျက်စီးနေသော နိုင်ငံတော်ကို ခေတ္တခဏဖြင့် တည်ဆောက်လို့ မရနိုင်မှန်းလူတိုင်းသိပါသည်။ ထို့အတူ ငါးနှစ်တာ နိုင်ငံကို ဦးဆောင်ရမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုမိုသိပါလိမ့်မည်။

ကာတွန်းတစ်ခု၏ အဆိုအရ သက်တမ်းနုနယ်သူများကို အထူးဂရုပြုထိန်းကြောင်းရန်မှာ ပြည်သူလူထု ၏ အလုပ်ဖြစ်သောကြောင့် ပြည်သူ့အနေဖြင့် ပျက်စီးနေသောနိုင်ငံတော်တည်ဆောက်ရေးကနဦးကာလများကို ဂရုတစိုက်ရှိစေချင်ကြသည်မှာ အထင်းသားတွေ့နိုင်သည်။

ယခုလတ်တလော ပြည်နယ်အစိုးရမှ ဖွဲ့စည်းမည့် ပြည်နယ်စီမံကိန်းကော်မရှင်တွင် ယခင်အစိုးရ အဆက်ဆက်အဆင်ပြေစွာလုပ်ကိုင်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များပါဝင်မှုအချက်မှာ လူထုကြားတွင် တော် တော်လေး ထိန့်လန့်တုန်လှုပ်သွားကြသည်။

အပြောင်းအလဲကား အရင်လိုပါပဲလား။ အပြောင်းအလဲကား ဘယ်လိုလဲ။ အံ့သြမှင်တက်မှုများနှင့် အတူ အရင်လူဟောင်းတွေနဲ့ ပြည်နယ်စီမံကိန်းဖော်ဆောင်မည့်ကိစ္စကား ဘာလဲ၊ ဘယ်လဲဟု ဆိုလာကြသည်။

လူထုသည် အသစ်အသစ်ကိုသာ လိုလားသဖြင့် အသစ်တွေကိုသာ ရွေးချယ်ခဲ့သည်။ နိုင်ငံတော်ကို ကောင်းစေချင်သည့်ဆန္ဒဖြင့် အပြောင်းအလဲကိုလုပ်ခဲ့သည်။ ဒီအချက်ကို ပြည်နယ်အစိုးရသစ်အနေဖြင့် မမေ့ သင့်ပေ။

လူထုအသံထွက်ရှိမှုသည် ကောင်းသောလက္ခဏာတစ်ရပ်မဟုတ်ပါ။ လူထုထောက်ခံမှုဖြင့် တက်လာ သောအစိုးရသစ် အထူးဂရုပြုသင့်သည်။ လူထုအသံနားထောင်ပါဟု တိုက်တွန်းလိုသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.