July 5, 2016

´အမေစု… ရေ´လို့ အူလှိုက် သည်းလှိုက် ဟစ်အော်ကာ ကြိုဆိုကြတဲ့ ထိုင်းနိုင်ငံက မြန်မာများ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ သုံးရက်ခရီးရဲ့ ပထမ ဆုံးနေ့မှာ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေရှိရာကို သွားရောက်ခဲ့ပါတယ်။ သူမ သွားရောက်ခဲ့တဲ့ အရပ်မှာ သူမကို အူလှိုက်သည်းလှိုက် ဆီးကြိုနေကြတဲ့ အလုပ်သမားတွေက စောင့်ကြိုနေကြပါတယ်။ အဲဒီအ လုပ်သမားတွေဟာ ထိုင်း ဘုရင့်နိုင်ငံတော် အတွင်းမှာ သူတို့ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့…

၁ ရာစုပင်လုံ အတွက် မွန်CSOs များ ကြိုတင်ပြင်ဆင်

မော်လမြိုင် ဇွန်၂၈ ၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီခံသို့ တင်ပြနိုင်ရန် မွန်ဒေသတစ်နံတစ်လျားရှိ မွန်အရပ်ဘက် အဖွဲ့အစည်းများက စုစည်းပြီး အောက်ခြေလူထုသဘောထားရယူဖို့ အကြို ပြင်ဆင်မှု တွေ့ဆုံပွဲတစ်ရပ်ကို လာမည့်ဇူလိုင်လ ၂ရက်နှင့် ၃ရက်နေ့များတွင် မော်လမြိုင်မြို့တွင် စီစဉ်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ မြို့နယ်စည်ပင်ကော်မတီနှင့် စည်ပင်အဖွဲ့များအား ပထမဦးဆုံးအကြိမ် သီးခြားတွေ့ဆုံ

မော်လမြိုင်၊ ဇွန် ၃၀ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌများ၊ ပြည်နယ်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိများကို ပထမဦးအကြိမ်တွေ့ဆုံခဲ့သည်ဟုသတင်းရရှိသည်။

အာဇာနည်နေ့အထိမ်းအမှတ် စုပေါင်းကဗျာစာအုပ်ထုတ်ဝေမည်

မော်လမြိုင်၊ ဇူလိုင် ၁ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစာအုပ်ထုတ်ဝေရန် ပြင်ဆင်လျက်ရှိကြောင်း ကဗျာစာအုပ် စီစဉ်နေ သူ ကဗျာဆရာဂိုးဂိုးမောရမြိုင်ထံမှသိရသည်။

အများသောက်သုံးရေကန်မြေဖို့ပြီး အိမ်ကွက်ချရောင်းစားထားခြင်းကိစ္စအား ဖြေရှင်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားတင်ပြတောင်းဆို

ပေါင်၊ ဇွန် ၂၆ အများသုံးသောက်ရေကန်အား မြေဖို့ပြီး အိမ်ကွက်ချရောင်းစားထားခြင်းကိစ္စအား ဖြေရှင်းရန် ပေါင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းအား တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

ရေးမြို့၊ ကျုံးအတွင်း တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးသေဆုံးမှု စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

ရေး ၊ ဇွန် ၃၀ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ရှေးဟောင်းကျုံးတော်ကြီးအပေါ်ကျုံးထဲတွင် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မိန်းကလေးတစ်ဦး၏အလောင်းတစ်လောင်း ပေါ်ပေါက်ခဲ့သဖြင့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။