ပြည်နယ်အစိုးရနဲ့ ပြည်သူ့တွေ့ဆုံပွဲ ဘယ်လိုပုံစံမျိုးလုပ်သင့်သလဲ
ပြည်နယ်အစိုးရမှ လူထုတွေ့ဆုံပွဲများကို မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ပြုလုပ်လျက်ရှိသည်။ ဆွေးနွေးပွဲတိုင်းလိုလိုတွင် ပြည်သူများနှင့်တွေ့ဆုံပွဲဟုခေါင်းစဉ်တပ်သော်လည်း ပြည်သူများ၏ တင်ပြမှုနှင့် အစိုးရတို့၏ လိုလားမှုတို့မှာ ကွဲပြားမှုများရှိနေသလို ပြည်သူများဝင်ခွင့်မရခဲ့သည့် တွေ့ဆုံပွဲများလည်း<!--more--> ရှိနေသည်။ ထို့အတွက်ကြောင့် အစိုးရမှပြုလုပ်သည့် ပြည်သူ့တွေ့ဆုံပွဲများကို မည်သို့ပြုလုပ်သင့်သည်များကို အကြံပြုထားသည့်ပြည်သူ့အသံများကို မျှဝေဖော်ပြလိုက်ပါသည်။ ပြည်သူ့အစိုးရနဲ့ပြည်သူ့တွေ့ဆုံပွဲဘယ်လိုပုံစံမျိုးလုပ်သင့်သလဲ မွေးခွန်းအရပြည်သူတစ်ဦးအနေနဲ့ပြည်သူ့အစိုးရဖြစ်လာရေး ပြည်သူများရဲ့လက်သန်းပေါင်းများစွာတွေကလက်ပေါင်းများစွာမှင်အစွန်းအထင်းပြီးထောက်ခံခဲ့ကြတယ်။ ပြည်သူများရဲ့လက်သန်းမှင်စွန်းထောက်ခံခြင်းအား ကျေးဇူးပြန်ဆပ်ဖို့ပြည်သူ့အစိုးရမှာ တာဝန်ရှိတယ်။ ပြည်သူတွေနဲ့လက်ပွန်းတသီး တပြေးညီ၊မိသားစုအသွင် တွေ့ဆုံမှုများလည်းဖြစ်သင့်တယ်။…