ဆင့်ပွားရောင်းဝယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အခုလောလောဆယ် အကောင်းဆုံးကတော့ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီးထိရောက်တယ်

0
11289

Multi-level Marketing ဆင့်ပွားရောင်းဝယ်ရေးလုပ်ငန်း ကုမ္ပဏီများ မွန်ပြည်နယ်ထဲကို ဝင်လာနေပြီလား။ မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်မှူးနှင့် တွေ့ဆုံခြင်း။

မေး။ ။မွန်ပြည်နယ်ထဲကို MLM (ဆင့်ပွားရောင်းဝယ်ရေးလုပ်ငန်း) ကုမ္ပဏီတွေ ဝင်လာတဲ့စာရင်းရှိနေပြီလား။ လာရောက်တွေ့ဆုံတာရောရှိနေလား။

ဖြေ။ ။ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဆီကို ကုမ္ပဏီအနေနဲ့ လာရောက်မှတ်ပုံတင်ထားတာမရှိ သေးပါဘူးခင်ဗျ။ ဒါနဲ့ပတ်သက်ပြီးတော့ ကြားထားတော့ရှိတယ်။ ဒီဆင့်ပွားလုပ်ငန်းဝန်ဆောင်မှုသဘောပေါ့ နော်။ မွန်ပြည်နယ်မှာ လာရောက်မှတ်ပုံတင်ထားတာမရှိပါဘူး။ ခုနကပြောသလိုပေါ့ ဒီမှာဒီလိုလုပ်ငန်းရှိနေပြီ လားဆိုတော့ ကျနော်တို့လက်လှမ်းမှီသလောက် ဒီမော်လမြိုင်မှာ ဒီလုပ်ငန်းရှိတယ်လို့ မကြားသေးဘူး။

မေး။ ။ဒီလိုလုပ်ငန်းတွေ ပြည်နယ်မှာဝင်လာပြီးအလုပ်လုပ်မယ်ဆိုရင် ဒီဆင့်ပွားလုပ်ငန်းလုပ်နေတဲ့သူက ဘာတွေလုပ်ထားသင့်လဲ။

ဖြေ။ ။အဲဒါခက်တာက ခုနကပြောသလိုပါပဲ။ ကုမ္ပဏီကို မှတ်ပုံတင်ပေးတာသက်သက်ပဲ။ သူဟိုတယ် ဆောက်ချင်တယ်ဆိုရင် ဟိုတယ်ဝန်ကြီးဌာနကိုသွား လုပ်ပိုင်ခွင့်ယူ၊ ကျန်းမာရေးနဲ့လုပ်ချင်တယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနကိုဆက်သွယ်၊ ထွက်ကုန်သွင်းကုန်လုပ်ချင်ရင် ထကသလိုင်စင်ယူပြီးတော့ စီးပွား ကူးသန်းနဲ့ဆက်သွယ်၊ ဆက်သွယ်ပြီးမှ သူတို့လုပ်ခွင့်ရှိတဲ့ဟာကို လုပ်ခွင့်ရမှာ ကျနော်တို့ကတော့ ကုမ္ပဏီ မှတ်ပုံတင်ပေးရုံသက်သက်ပဲ။

မေး။ ။ဒီဆင့်ပွားလုပ်ငန်းတွေက ကုမ္ပဏီမှတ်ပုံတင်နဲ့ လိုင်စင်မရှိပဲနဲ့လာလုပ်မယ်ဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။သူတို့က ဒီလုပ်ငန်း၊ ဒီမှာဒါလုပ်ပါမယ်ဆိုတဲ့ ကျနော်တို့ကို အသိအမိန့်လာတောင်းခံတာလည်း မဟုတ်ဘူးလေ။ အဲဒီဆင့်ပွားလုပ်ငန်းတခုသည် ဘာလုပ်ငန်းလဲ ကျန်းမာရေးလုပ်ငန်းလား ကျန်းမာရေး လုပ်ငန်းဆိုရင်တော့ ကျန်းမာရေးနဲ့ပတ်သက်ရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တခုခုယူထားသလား။ ဒါကအောက်ကခံရတဲ့လူက ဒီဆင့်ပွားလုပ်ငန်းနဲ့လာဆက်သွယ်မယ်ဆိုရင် ဒါကတော့မေးရမယ်လေ။ သူများ ပြောတိုင်းမယုံနဲ့ ကိုယ်ကိုတိုင်ရဲ့ အသိပညာပဲ။

မေး။ ။ဆရာတို့အဖွဲ့အစည်းရဲ့ လုပ်ငန်းတာဝန်ဝတ္တရားတွေက ဘာတွေလဲ။

ဖြေ။ ။ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင် ညွှန်ကြားမှုဦးစီးဌာနဆိုတော့ လုပ်ငန်းက နှစ်ပိုင်းသွားနေ တယ်။ ရင်းနှီးမြုပ်နှံမှုက တပိုင်း၊ ဟိုဘက်ဆိုရင်တော့ ကုမ္ပဏီတွေကို မှတ်ပုံတင်ပေးတာတပိုင်း။ ကုမ္ပဏီ မှတ်ပုံတင် တင်တယ် သူတို့ကလာဆက်သွယ်မယ် မှတ်ပုံတင်မယ်ဆိုရင် မြန်မာကုမ္ပဏီဆိုရင် သူတို့ကို လုပ် ငန်းစုံ(၄၈)မျိုး MOAထဲမှာပါတဲ့ သိခွင့်မှတ်တမ်းသိမ်းဆည်းစည်းမျဉ်းလုပ်ငန်းတွေကို လုပ်ခွင့်ပေးထားတယ်။ ဒါကမြန်မာကုမ္ပဏီ လုပ်ခွင့်ရှိတယ်။ ဒါသည် သူတို့လုပ်ခွင့်ပေးတာမဟုတ်သေးဘူး။ လုပ်ချင်ရင်တော့ သက် ဆိုင်ရာ ဝန်ကြီးဌာန အဆောက်အအုံဆောက်ချင်ရင် ဆောက်လုပ်ရေးကို ဆက်သွယ်။ ဟိုတယ်ဆောက်ချင်ရင် ဟိုတယ်ဝန်ကြီးဌာနနဲ့ဆက်သွယ်ပြီး သူ့သက်ဆိုင်ရာဝန်ကြီးဌာန လုပ်ပိုင်ခွင့်ရမှ လုပ်ဆောင်ရမှာဖြစ်တယ်။ ကျနော်တို့က မှတ်ပုံတင်ပေးတယ်။ ဒါပေမယ့် နိုင်ငံခြားကုမ္ပဏီကျတော့ သူက လုပ်ငန်းစုံကျနော်တို့ လုပ်ခွင့် မပြုဘူး။ အထူးသဖြင့်ရောင်းဝယ်ရေးကို လုံးဝလုပ်ခွင့်မပြုထားဘူး။ ကျန်တာတော့ သူတို့လုပ်ချင်တဲ့လုပ်ငန်းကို တိတိကျကျပြည့်ပြည့်စုံစုံ ဖော်ပြပြီးတော့ ကျနော်တို့လုပ်ခွင့် ပြုတယ်။ သတ်မှတ်ထားတဲ့ဒေါ်လာကိုသွင်းမယ် ဆိုရင် မှတ်ပုံတင်ကဒ်ထုတ်ပေးပါတယ်။ အဲလိုမှမဟုတ်ဘူးဆိုရင်သူတို့ကို ယာယီကတ်တွေထုတ်ပေးတယ်။

မေး။ ။ဒီဆင့်ပွားလုပ်ငန်းက ဆိုးကျိုးရှိနိုင်တယ်ဆိုရင် မွန်ပြည်နယ်အစိုးရအနေနဲ့ လူထုတွေအတွက် ဘယ်လို ကာကွယ်ပေးသင့်လဲ။

ဖြေ။ ။အဲဒါပြောရမယ်ဆိုရင် ဒီကုမ္ပဏီက ဒါတွေကိုလုပ်တဲ့အတွက် အရေးယူရမယ်ဆိုရင် ကုမ္ပဏီဥပဒေအရ လည်းနည်းနည်းခက်ခဲတယ်။ အရေးယူမယ့်အပိုင်းဆိုတော့လေ အကောင်းဆုံးက သူတို့တွေကို ဒီဆင့်ပွား လုပ်ငန်းတွေကို ဘယ်လိုသဘော သဘာဝရှိလဲဆိုတာကို အသိပညာအရင်ပေးရမယ်။ နောက်တခု သူတို့က တကယ့်တကယ်နစ်နာခဲ့မယ်ဆိုရင် တရားရုံးကနေသွား တရားစွဲ လိမ်လည်မှုဖြစ်တယ်ဆိုရင် တရားရုံး သို့မဟုတ် ရဲစခန်း သက်ဆိုင်ရာကနေ တရားစွဲလုပ်လို့ရမှာပေါ့။
invest-ment
မေး။ ။ဘယ်လုပ်ငန်းမဆို ကုမ္ပဏီမှတ်ပုံတင်လည်း တင်ထားတယ်၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC)ကလည်း ခွင့်ပြုထားတယ်ဆိုရင် သူတို့အနေနဲ့ကြိုက်တဲ့နေရာမှာ လုပ်ခွင့်ရှိသွားပြီးလား။

ဖြေ။ ။ကုမ္ပဏီမှတ်ပုံတင်တာတပိုင်း၊ ရင်းနှီးမြုပ်နှံမှုအပိုင်းကျတော့ သူ့ဥပဒေအရသွားမယ်။ ရင်းနှီးမြုပ်နှံမှု ကိုသွားမယ်ဆိုရင် အဆိုပြုလွှာကို ကျနော်တို့ပြည်နယ်နဲ့တိုင်းရုံးခွဲတွေကို တင်လို့လည်းရတယ်။ MIC ရန်ကုန် ရုံးချုပ်ကိုလည်း တင်လို့ရတယ် ဘယ်လိုပဲတင်တင်သူက ဥပမာမွန်ပြည်နယ်မှာ ရင်းနှီးမြုပ်နှံမှုလုပ်ချင်တယ် ဆိုလို့ရှိရင် အပေါ်ကလည်းတင်လာလည်း ဒေသဆိုင်ရာအာဏာပိုင် သဘောထားကိုတောင်းရတယ်။ ဒီအတိုင်း ပဲသူ့ကို ခွင့်ပြုလို့လည်းမရဘူး။ မြို့ပြနဲ့ထိခိုက်မလား ပတ်ဝန်းကျင်လူထုကလည်း အဆင်ပြေနိုင်သလား။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သဘောထားအကြောင်းပြန်ပေးပါလို့တောင်းတယ်။ ဒီကနေပြီးတော့ သက်ဆိုင်ရာပြည်နယ် နဲ့တိုင်း အစိုးရအဖွဲ့တွေရဲ့သဘောထားကို ပြန်ကြားတယ်။ ကန့်ကွက်တဲ့သူမရှိပါကြောင်း ပြန်ကြားလိုက်တယ် ဆိုမှ (MIC)က ခွင့်ပြုတာ။ ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတောင်မသိပဲနဲ့ ခွင့်ပြုလို့မရဘူး။ ဒီဥစ္စာနဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လူထုတွေကို တွေ့ဆုံရမယ်။ ဒါတွေသည် သက်ဆိုင်ရာ ကုမ္ပဏီက လုပ်ပေးရမယ့်ဟာတွေပဲ ဥပမာပတ်ဝန်းကျင်ထိခိုက်မယ်ဆိုရင် EIA-SIAသဘောထားတွေယူရမယ်။ နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သဘောတူညီချက်ယူရမယ်။ အားလုံးပေါ့သူနဲ့တင်တဲ့လုပ်ငန်းနဲ့ ပတ်သက်ဆက်စပ် နေတဲ့သဘောတူညီချက်တွေယူ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့တွေရဲ့သဘောတူညီချက်တွေ၊ ရှေ့နေချုပ်ရဲ့သဘော ထား အားလုံးစုံမှသာ (MIC)ကခွင့်ပြုတာ။ တစ်ဦးတယောက်အနေနဲ့ခွင့်ပြုတာမဟုတ်ဘူး။ အဲဒီအားလုံး အချက်ပါမှ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကအစ နောက်ထပ်ဘယ်လိုအကျိုးရှိမလဲ။ အလုပ်သမား တွေဘယ်လောက်ထိ အလုပ်အကိုင်အခွင့်အလမ်းရနိုင်မလဲ။ နိုင်ငံခြားငွေဘယ်လိုစီးဝင်လာနိုင်မလဲ။ အဲဒါတွေ ကအစ စီစစ်ပြီးမှ ခွင့်ပြုတာ ဥပဒေအရက ပေးရတာနဲ့ကိုယ်ပြန်ရတာနဲ့ အဲဒီလိုနှိုင်းယှဉ်ပြီးမှ ခွင့်ပြုတာ။

မေး။ ။ဒီလိုဆင့်ပွားလုပ်ငန်းနဲ့ပတ်သက်ပြီး ပြောချင်တာဘာရှိမလဲ။

ဖြေ။ ။ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အခုလောလောဆယ် အကောင်းဆုံးကတော့ ကာကွယ်ခြင်းက ကုသ ခြင်းထက်ပိုပြီးထိရောက်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.