ခမောက်ကြီးတိုက်ပွဲမှာ စစ်တပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၈ ဦး သေဆုံး
ကော့သောင်း၊ နိုဝင်ဘာ ၈ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူးတစ်ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ အင်အား ၈၀ လောက်နဲ့ ခမောက်ကြီးမြို့နယ်ခွဲရှိ လေးရွာနဲ့ အထူးဇုံဖြတ်လမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ…
နိုင်ငံခြားရေးဝန်ကြီးကို ပူတင် သဘောမကျတော့ဘူးဆိုတဲ့ ပြောဆိုမှု ကရင်မလင် နန်းတော် ပယ်ချ
မော်စကို၊ နိုဝင်ဘာ ၈ ပြီးခဲ့တဲ့လက အမေရိကန် ဒေါ်နယ် ထရန့်နဲ့ ရုရှား သမ္မတတို့ကြား တွေ့ဆုံဆွေးနွေးရေး စီစဉ်မှုတွေ ရပ်တန့်သွားခဲ့ပြီးနောက် ဗလာဒီမာ ပူတင်က ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ကို သဘောမကျတော့ဘူးဆိုတဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ကရင်မလင် နန်းတော်က နိုဝင်ဘာ ၇ ရက်မှာ ပယ်ချလိုက်ပါတယ်။ သူ့ရဲ့ အင်တိုက်အားတိုက် ညှိနှိုင်းမှုပုံစံကြောင့် လူသိများတဲ့…
တရုတ်ရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘော ဖူကျန်း တပ်တော်ဝင်
ဘေဂျင်း၊ နိုဝင်ဘာ ၈ တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင် သင်္ဘောကို ရေတပ်သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြီးနောက် တပ်တော်ဝင်ပြီးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၇ ရက်က ဖော်ပြပါတယ်။ နိုဝင်ဘာ ၅ ရက်က ဟိုင်နန်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ တပ်တော်ဝင် အလံပေးအပ်ပွဲ အခမ်းအနားသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။ ဒါက ထိုင်ဝမ်နဲ့…
စစ်အာဏာသိမ်း (၁၇၄၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၄၆) ဦးအထိရှိလာ
မော်လမြိုင်၊ နိုဝင်ဘာ ၇ AAPP ရဲ့ နိုဝင်ဘာ ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၄၁) ရက်အတွင်း ပြည်သူ (၇၄၄၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၉၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…
ကရင်ပြည်နယ် တည်ငြိမ်ရေး အလေးထားဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်ပြော
ဘားအံ ၊ နိုဝင်ဘာ ၈ ကရင်ပြည်နယ် တည်ငြိမ်ရေး အလေးထားဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သက်ဆိုင်သူတွေကို နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် ကရင်ပြည် နယ်နေ့ အခမ်းအနားပေးပို့တဲ့ သဝဏ်လွှာမှာ အသိပေးပြောဆိုပါတယ်။ သဝဏ်လွှာမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေရေး NCA စာချုပ်ပါ သဘောတူညီချက်တွေအတိုင်း…
မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်မှု ပိုဆိုးလာ
မော်လမြိုင် ၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ အခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှု ပိုဆိုးလာပေမယ့် စစ်ကော်မရှင်ဘက်က ဖြေရှင်းဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီ ပြတ်လပ်မှုဟာ မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်အပါအဝင် မြို့နယ်အများစုမှာ ဆိုးဆိုးဝါးဝါး ဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး အောက်တိန်း အမျိုးအစား 92 နဲ့…
ကျားဖြန့်လုပ်ငန်းက ထွက်ပြေးလာသူတွေကို လက်မခံဖို့ KNU အမိန့်ထုတ်
ကျုံဒိုး၊ နိုဝင်ဘာ ၈ ကျားဖြန့်လုပ်ငန်းကနေ စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်း လက်ခံခေါ်ယူထားတာတွေ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ကျုံဒိုးမြို့နယ်က နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ စစ်ကော်မရှင်အဖွဲ့ဟာ စစ်တပ်ကိုအားပြုပြီး တရားဝင်မှုရရှိရေးအတွက် အကြမ်းဖက်မှုမျိုးစုံကို KNU ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေသလို မိမိတို့ KNU ကျုံဒိုးမြို့နယ်ကလည်း ခုခံတော်လှန်လျက်ရှိနေပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးအတွက်…
စစ်ကော်မရှင် ရွေးကောက်ပွဲကို နယူးဇီလန်လွှတ်တော် ပယ်ချ
ဝယ်လင်တန်၊ နိုဝင်ဘာ ၇ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက် စတင်ဖို့ စီစဉ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ၂၀၂၅-၂၆ ရွေးကောက်ပွဲကို ပယ်ချကြောင်း နယူးဇီလန်လွှတ်တော်က နိုဝင်ဘာ ၅ ရက်က ကြေညာချက် ထုတ်လိုက်ပြီး လွတ်လပ်မျှတတဲ့ ဒါမှမဟုတ် ယုံကြည်ရလောက်တဲ့ ရွေးကောက်ပွဲလို့ မှတ်ယူလို့ မရကြောင်း ပြောလိုက်ပါတယ်။ မြန်မာ စစ်အာဏာရှင် စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို…
အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးနိုင်မလားလို့ အီရန်က မေးမြန်းနေကြောင်း ထရန့် ပြော
ဝါရှင်တန်၊ နိုဝင်ဘာ ၇ အီရန်က သူတို့နိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးနိုင်မလားလို့ မေးမြန်းထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပြီး သူတို့ လုပ်ချင်တဲ့ကိစ္စတွေကို လုပ်ဆောင်ဖို့ အမှန်တကယ် ခက်ခဲနေတယ်လို့ ထရန့်က အိမ်ဖြူတော်မှာ နိုဝင်ဘာ…
သထုံမှာ ကျောက်တင်ရထားမိုင်းဆွဲခံရလို့ ရထားခရီးစဉ် ဖျက်သိမ်း
သထုံ၊ နိုဝင်ဘာ ၇ မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ ကျောက်တင်ရထား မိုင်းဆွဲခံရပြီးနောက် ရထားခရီးစဉ် နှစ်ခု ဖျက်သိမ်းလိုက်တယ်လို့ မော်လမြိုင်ဘူတာကြီးက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကျောက်တင်ရထား မိုင်းဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။ မိုင်းဆွဲခံရတာကြောင့် ရထားသံလမ်း နှစ်ဆက်…
