တွန်ဂါ အနေနဲ့ ကိုယ့်နိုင်ံအနာဂတ်ကိုယ်ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ပြော
ဝါရှင်တန် – ဩဂုတ်(၇) တရုတ်နိုင်ငံသာမက တခြားသောနိုင်ငံတွေအလားတူ တွန်ဂါနေနဲ့ သူတို့ရဲ့ နိုင်ငံအနာဂတ်ကို ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု ဒုတိယအတွင်းရေးမှူးဝန်ဒီရှာမန်က ပစိဖိတ် နိုင်ငံတွေကို သွားရောက်တဲ့ခရီးစဉ်မှာ ပြောဆိုခဲ့ပါတယ်။ ဒုတိယအတွင်းရေးမှူး ရှာမန်ရဲ့ ပြောဆိုချက်အရ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားချိန် တရားဝင် ဆက်ဆံ ရေးမတည်ဆောက်မီ ရာစုနှစ်(၃) စုလောက်အကြာထိ နိုင်ငံတွေအချင်းချင်း ထိတွေ့ရင်ဆိုင်နေ တယ်လို့ ဆိုထားတာပါ။…
ဆားလင်းကြီးမှာ ကျဆုံးရဲဘော်တွေ (၈) လပြည့်ဂုဏ်ပြုဆုတောင်း ဆန္ဒပြ
ဆားလင်းကြီး – ဩဂုတ်(၇) စစ်ကိုင်းတိုင်း- ဆားလင်းကြီးမြို့နယ်က ကျေးရွာတစ်ရွာမှာ စစ်ကောင်စီက မီးရှို့သတ်ဖြတ် ခဲ့လို့ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေရဲ့ (၈) လပြည့်အထိမ်းအမှတ် အဖြစ် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တွေပူးပေါင်းပြီး ဂုဏ်ပြုဆုတောင်းခဲ့ကြပါတယ်။ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေအတွက် နှင်းဆီပန်းတွေချပြီး အလေးနီပြုတာနဲ့ အကြမ်းဖက်စစ်အာဏာ ရှင် တော်လှန်ရေးကြွေးကြော်တာတွေလဲ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သတင်း- သံလွင်တိုင်းမ် ဓာတ်ပုံ-…
နယူးယောက်- ဩဂုတ်(၇) မြန်မာအာဏာသိမ်းစစ်တပ်ဟာ နျူကလီးယားနက်လက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးလုပ်ငန်းစဉ် တွေမှာ ဘယ်သောအခါမှ မိတ်ဖက်ကောင်းမဖြစ်ခဲ့တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စောင့်ကြည့်ပေးဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။ ဩဂုတ်လ(၁) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုပ်ဆောင်မှုများပြန်လည်သုံးသပ်ရေးဆိုင်ရာ(၁၀) ကြိမ်မြောက်ညီလာခံ မှာ အခုလိုပြောဆိုခဲ့တာပါ။ “စစ်တပ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရ၏ TPNW အား အတည်ပြုပါဝင်ရေး ကြိုးပမ်းမှု…
လေဆိပ်နဲ့ ဆိပ်ကမ်း စီမံကိန်းအတွက် မြေဧကပေါင်း ၄၆၀၀ လျာထားတယ်လို့ ပြည်နယ်စစ်ကောင်စီ ပြော
မော်လမြိုင် ၊ သြဂုတ် (၇) မော်လမြိုင်မြို့အနီးမှာ အကောင်အထည်ဖော် တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧကပေါင်း ၄၆၀၀ ကျော် လျာထားသတ်မှတ်ထားတယ်လို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီက မော်လမြိုင်မြို့ အနီးမှာ နိုင်ငံတကာ အဆင့်မီ လေဆိပ်နဲ့ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့အတွက်…
မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀၀ နီးပါးထိ ရှိလာ
မော်လမြိုင် ၊ သြဂုတ် (၇) မွန်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လကုန်ထိ ၇ လတာကာလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၀၀၀ နီးပါးထိ ရှိလာပြီး အဲဒီထဲမှာ ကလေးငယ် ၃ ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ပြီးခဲ့တဲ့ မေလကနေ…
ရေးမြို့နယ်မှာ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ဖြတ်သန်းသွားလာမှုတွေကို စစ်ကောင်စီက တင်းကြပ်
ရေး ၊ သြဂုတ် (၇) မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်းရေးတို့အတွက် ဆိုပြီး မြို့တွင်း ဖြတ်သန်းသွားလာမှုတွေကို စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ကန့်သတ်လိုက်ပါတယ်။ ဩဂုတ် ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီဒေသန္တရအမိန့်အရ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ဒါမှမဟုတ် နိုင်ငံသား စိစစ်ရေးကတ်ပြားမပါဘဲ နယ်မြေကျော် ခရီးသွားလာတာ…
ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ရိက္ခာယာဉ်တွေ တိုက်ခိုက်ခံရလို့ ရိက္ခာကို စစ်ကြောင်းနဲ့ပါ ပို့ဆောင်လာရ
ဒီမော့ဆို ၊ သြဂုတ် (၇) ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်းတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့အတွက် ရိက္ခာတွေကို စစ်ကြောင်းနဲ့ပါ ပို့ဆောင်နေရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ ရိက္ခာပို့ဆောင်ဖို့အတွက် အရင်က ဟိုက်ဂျက်နဲ့စစ်ကားတွေကို အသုံးပြု ပို့ဆောင်ခဲ့ပေမယ့် အခုအခါမှာတော့ တပ်အင်အား အလုံးအရင်း အသုံးပြုပြီး ပို့ဆောင်နေရတာ ဖြစ်ပါတယ်။…
ကော်ဘရာစစ်ကြောင်းနဲ့ တိုက်ပွဲ ပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်သား ၄ ဦး CDM ပြုလုပ်
ဝေါ်လေ ၊ ဩဂုတ်(၇) မြဝတီ-ဝေါ်လေ ကားလမ်းမသုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် (၄) ဦးဟာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ထံခိုလှုံလာခဲ့ကြ တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ ကော်ဘရာစစ်ကြောင်းနဲ့ သုံးထပ်ကွေ့အနီးမှာ တစ်လကျော်ကြာတိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)က တပ်ဖွဲ့ဝင် ၄ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၃)ရက်နေ့က ကော်ဘရာစစ်ကြောင်းကို…
တရားမဝင်အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး ပြည်ကြီးတံခွန်သပိတ်ဆန္ဒထုတ်ဖော်
မန္တလေး -ဩဂုတ်(၆) ဒီနေ့ ဩဂုတ်လ(၆) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး တရားမဝင်အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေး ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ
အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အကြိမ် လေးထောင်နီးပါးရှိခဲ့
ထားဝယ်-ဩဂုတ်(၆) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီး(၁၇) လအတွင်း တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုအဖြစ် အကြိမ်(၃၉၆၇) ကြိမ်ရှိခဲ့တယ်လို့ Southern Monitor က သတင်းထုတ်ပြန် ထားပါတယ်။ အဲ့ဒီထဲမှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုဟာ (၃၄၇၄) ကြိမ်ရှိပြီး လက်နက်ကိုင်အကြမ်းဖက်ကဋိပက္ခ ဖြစ်စဉ် (၄၉၃) ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုအားအကောင်းကာလဟာ ၂၀၂၁ ခုနှစ်မတ်လကနေ ဇူလိုင်လ အထိ (၅) လတာ…
