အာဏာသိမ်း စစ်အုပ်စုဟာ တနင်္သာရီတိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် အခုနောက်ပိုင်းကာလတွေမှာ မြို့ပြနဲ့ ကျေးလက်မှာပါ လုံခြုံရေးတင်းကြပ်လာခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ့် နေရာတွေကိုလည်း အင်အား အလွန်အကျွံ အသုံးပြုပြီး ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်လာတာပါ။ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေဟာ တနင်္သာရီတိုင်း တစ်တိုင်းလုံးထိ ကျယ်ပြန့်လာခဲ့တာပါ။ ဒါကြောင့် တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်လာတဲ့ အခြေအနေ၊ နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု အပါအဝင် ဒီနောက်ပိုင်းကာလတွေမှာ စစ်ရေး အခြေအနေ ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံ ဂျူပီတာနဲ့ ဆက်သွယ်မေးမြန်းချက်။
တနင်္သာရီတိုင်းထဲကို စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်လာတဲ့အတွက် တိုင်းတစ်ခုလုံးထိ တိုက်ပွဲတွေ ကျယ်ပြန့်လာတာတွေ တွေ့ရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။ ဟိုတလောတုန်းကတော့ စစ်ရေးအခြေအနေ တင်းမာတယ်။ နောက်တော့ ခဏပြန်ငြိမ်သွားတယ်။ အခုတလောမှာပဲ ထပ်ပြီးတော့ စစ်ရေးအခြေအနေတွေ တင်းမာလာတယ်။ ပြီးတော့ ကျနော်တို့ဆီကို စစ်ကောင်စီတပ်တွေက ဆင်းလာပြီး စစ်ကြောင်းထိုးတယ်။ ထား၀ယ်မှာလည်း တောက်လျောက် စစ်ကြောင်းတွေ ဆင်းလာပြီးတော့ လှုပ်ရှားကြတယ်။ စကစတပ်ရင်း…
ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရ
ကျိုက်ထို၊ အောက်တိုဘာ (၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေရွာရှိ စစ်ကောင်စီ ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ အောက်တိုဘာ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး…
ကြံ့ခိုင်ရေးပါတီ အပြောင်းအလဲဟာ စစ်ခေါင်းဆောင် သမ္မတ အိပ်မက် အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ သုံးသပ်သူတွေ ပြော
ရန်ကုန်၊ အောက်တိုဘာ (၆) ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းရာထူး အပြောင်းအလဲ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ အိပ်မက် အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေ ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တတိယအကြိမ်ညီလာခံ ကျင်းပနေတဲ့ နှစ်ရက်အကြာမှာပဲ ပါတီထိပ်ပိုင်းရာထူးအတွက် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး စစ်ခေါင်းဆောင်…
ရခိုင်တိုက်ပွဲအပေါ် သဘောထား ထုတ်ပြန်မှုကြောင့် ရခိုင်အမျိုးသားပါတီကို စစ်ကောင်စီ UEC ဆင့်ခေါ်
စစ်တွေ၊ အောက်တိုဘာ (၆) ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တစ်ကျော့ပြန်တိုက်ပွဲနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) က သဘောထားထုတ်ပြန်ခဲ့တဲ့အတွက် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ လာတွေ့ဖို့ စာပို့ထားတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ၊ဒဏ်ရာရရှိတာ၊နေအိမ်ပျက်စီးဆုံးရှုံးမှုတွေအပြင်…
ပြည်သူ့ပညာရေးကျောင်း တစ်ထောင်ကျော် နဲ့ အွန်လိုင်းကျောင်းပေါင်း (၆၀) ကျော်ဖွင့်လှစ် နိုင်ပြီလို့ NUG ဆို
မော်လမြိုင် – အောက်တိုဘာ(၅) ပြည်သူ့ပညာရေးကျောင်း(၁) ထောင်ကျော်နဲ့ အွန် လိုင်း စာသင်ကျောင်းပေါင်း(၆၀) ကျော်ကို ဖွင့် လှစ်နိုင်ပြီဖြစ်သလို တက္ကသိုလ်အသွင်နဲ့ သင်ကြား ပို့ချနိုင်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ အောက်တိုဘာလ(၅) ရက်နေ့မှာ ကျရောက်တဲ့ (၅၅) နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ မိန့်ခွန်း မှာအခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။ “အားလုံးရဲ့ကြိုးစားအားထုတ်မှုဖြင့်…
Radio Than Lwin Times(4/10)
Youtube Link Sound Cloud Link
မြဝတီ အာရှလမ်းမှာ ပွင့်နေခြည်ဇာတ်ပွဲကားတိမ်းမှောက်ပြီး ခြောက်ဦးသေဆုံး
ကော့ကရိတ် – အောက်တိုဘာ(၅) ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြဝတီ-ကော့ကရိတ်အာရှလမ်း ကွမ်းခြံကုန်းအဆင်းမှာ ဇာတ်ပွဲ ကားတိမ်းမှောက်ပြီး (၆) ဦးသေဆုံးကာ (၁၅) ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ညနေ(၄) နာရီကျော်က ပွင့်နေခြည်ဇာတ်သဘင်ကားဟာ ဘရိိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာပါ။ “ကားကလမ်းအဆင်းမှာ ဘရိတ်ပေါက်ပြီးမှောက်သွားတာ။ ကားချင်းတိုက်တာမဟုတ်ဘူး။ ဘရိတ်ပေါက်တော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဘောင်နဲ့ တိုက်ပြီးမှောက်တာ။…
ချန်ပီယံလိဂ်မှာ ဘိုင်ယန်နဲ့လီဗာပူးလ် အနိုင်ရပြီး ဘာစီလိုနာ ရှုံးပွဲကြုံ
မော်လမြိုင်၊ အောက်တိုဘာ (၅) ဒီကနေ့ မနက်ပိုင်းနဲ့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၃) အပြီးမှာတော့ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ လီဗာပူးလ်အသင်းတွေဟာ ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ရှုံးပွဲကြုံခဲ့ရတာပါ။ ပရီးမီးယားလိဂ်ကလပ်အသင်း လီဗာပူးလ်အသင်းဟာ စကော့တလန်ကလပ်အသင်း ရိန်းဂျားစ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ လီဗာပူးလ်အသင်းအတွက်…
ကဗျာဆရာကြည်ဇော်အေးရဲ့ နောက်ဆုံးခရီး
ရန်ကုန် – အောက်တိုဘာ(၅) ဦးနှောက်သွေးကြောပေါက်ကာ ပြီးခဲ့တဲ့ အောက်တိုဘာ လ(၃) ရက်နေ့က ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာ ကြည်ဇော်အေးကို မနက်(၁၁)နာရီမှာ ရေဝေးသုသာန်မှာသင်္ဂြိုလ်ခဲ့ပါတယ်။ ဆရာကြည်ဇော်အေးရဲ့ နောက်ဆုံးခရီးကို သူ့ရဲ့ ပရိသတ်တွေ သူ့ကို ချစ်ခင်ကြတဲ့ ကဗျာဆရာ တွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ကွယ်လွန်သူကို ရည်စူးပြီး အောက်တိုဘာလ(၇) ရက်နေ့ မနက်(၁၀) နာရီမှာ ဗဟန်းမြို့နယ် လိပ်ပြာ…
နွေဦးတော်လှန်ရေးမှာ ထိခိုက်နစ်နာခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေကို မော်ကွန်းဝင်သူရဲကောင်း အဖြစ် NUG ဂုဏ်ပြု
မော်လမြိုင် – အောက်တိုဘာ(၅) နွေဦးတော်လှန်ရေးမှာ အာဏာရှင်ကို ခုခံတော်လှန်ရေး ထိခိုက်ကျဆုံးမှုတွေကြုံတွေ့ခဲ့တဲ့ ပညာရေး နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေကို မော်ကွန်းဝင်တော်လှန်ပညာသူရဲကောင်းတွေအဖြစ် သတ်မှတ် ဂုဏ်ပြုတယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ရဲ့ လူမဆန်စွာရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသူ/ကျောင်းသားတွေလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။ NUG အစိုးရက မော်ကွန်းဝင် သူရဲကောင်းအဖြစ်ကြေညာတာဟာ…
