ကျိုက်ထီးရိုးဘုရားဖူးများ ပစ်ခတ်ခံရမှု NUG လက်ချက်ဟု သတင်းမှားဖြန့်

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ကျိုက်ထီးရိုးဘုရားဖူးများကို တိုက်ခိုက်မှုကျူးလွန်ခဲ့ကြောင်း NUG ဝန်ခံချက်ထုတ်ပြန်” ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက…

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်

နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကို လက်မခံတာကြောင့် အကြမ်းဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံဝန်ထမ်း သိန်းနဲ့ချီ ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် CDM လှုပ်ရှားမှု ပါဝင်ထားတဲ့ နိုင်ငံဝန်ထမ်းတွေဟာ လက်ရှိမှာတော့ အခက်အခဲ အကျပ်အတည်းအောက်မှာ ဘဝရပ်တည် နေထိုင်ဖို့ပင် မနည်းကြိုးပမ်းရပ်တည်နေတာပါ။ ဒါကြောင့် CDM ဝန်ထမ်းတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဘယ်လို တာဝန်ယူမှု၊တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်ပေးဖို့…

ပွင့်ဖြူမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၉ ဦး အဆက်အသွယ် မရသေး

ပွင့်ဖြူ၊ အောက်တိုဘာ (၁၃) မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီတပ်က ဖမ်းဆီသွားတဲ့ ဒေသခံ ၉ ဦးဟာ လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါ တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စံပြကျေးရွာက ဒေသခံ ၁၀ ဦး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းမှာ…

စစ်အာဏာသိမ်း (၆၁၉) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၄၆ ဦး အထိရှိလာ

မော်လမြိုင်၊အောက်တိုဘာလ (၁၃) AAPP ၏ ​အောက်တိုဘာလ (၁၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၁၉)ရက်အတွင်း ပြည်သူ (၂၃၄၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၈၃၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၇၆) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး မွန်ပြည်နယ်တွင်…

KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးဝါးလာ

ကော်သူးလေ၊ အောက်တိုဘာ (၁၃) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲတွင် KNLA KNDO တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ရှိနေပြီးပြည်သူလူထုအပေါ် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ဆက်လက်ဖြစ်ပေါ်နေတုန်းပဲလို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ဆိုပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁)လတာအတွင်း ကရင်မျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့…

NUG ၊ CRPH နဲ့ PDF တွေထံ ငွေကြေး မထောက်ပံ့နိုင်ဖို့ စစ်ကောင်စီက မိုဘိုင်းငွေကြေး စစ်ဆေးရေးအဖွဲ့ ထပ်ဖွဲ့

ရန်ကုန်၊ အောက်တိုဘာ (၁၃) စစ်ကောင်စီက တော်လှန်ရေးအင်အားချိနဲ့စေဖို့ ရည်ရွယ်ပြီး NUG၊ CRPH နဲ့ PDF တို့ထံ ငွေကြေးမလှူ ဒါန်းနိုင်စေဖို့အတွက် စစ်ထောက်လှမ်းရေး၊ CID၊ စသုံးလုံး၊ ဗဟိုဘဏ်နဲ့ ဌာနဆိုင်ရာတွေ ပါဝင်တဲ့ မိုဘိုင်းငွေရေးကြေးရေး စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။ အဲဒီ အဖွဲ့ကို မကြာသေးခင်ရက်ပိုင်းအတွင်းက…

မွန်ဌာနေပြည်သူ့စစ် ပြောင်းလဲမှုဟာ စစ်ကောင်စီက မွန်အချင်းချင်း သွေးခွဲ ရန်တိုက်မှုဖြစ်

မော်လမြိုင်၊ အောက်တိုဘာ (၁၃) မွန်ပြည်သစ်ပါတီက ခွဲထွက်ပြီး လက်နက်ချအလင်းဝင်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဌာနေပြည်သူ့စစ် ပြောင်းလဲမှုဟာ စစ်ကောင်စီက လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ မွန်အချင်းချင်း သွေးခွဲ ရန်တိုက်မှု ဖြစ်တယ်လို့ မွန်တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့ပြီး ၁၂ နှစ်တိတိပြည့်တဲ့ အောက်တိုဘာ…

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃နှစ် ထပ်မံ ချမှတ်ခံရ၊ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ရှိလာ

ရန်ကုန်၊ အောက်တိုဘာ (၁၃) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု နှစ်မှု အတွက် ထောင်ဒဏ် ၃ နှစ် ထပ်မံချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိ ပြောပါတယ်။ အဲဒီအမှု ၂ ခုအတွက် အောက်တိုဘာ ၁၂ရက်နေ့က နေပြည်တော် အချုပ်ထောင်အထူးတရားရုံးကနေ အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ…

ဒီးမော့ဆို စစ်ရှောင်စခန်းမှာ ကလေးငယ်သူတွေ အစုလိုက် အပြုံအလိုက် ဝမ်းရောဂါ ဖြစ်ပွားနေ

ဒီးမော့ဆို၊ အောက်တိုဘာ (၁၃) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ ကလေးသူ ငယ်တွေ အစုလိုက် အပြုံအလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင် အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ ကလေးသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်စပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ခံစားနေရတာ ဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂…