ဘားအံမြို့နယ်ထဲမှာ စစ်ကောင်စီတပ် လမ်းမကြီးတစ်လျှောက် ရမ်းသမ်းပစ်ခတ်လို့ ဒေသခံ ၅ ဦး ထိမှန်ဒဏ်ရာရ
ဘားအံ၊ အောက်တိုဘာ (၁၄) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲမှာ ဇာသပြင်ကနေ ဘားအံဘက်ကိုပြန်လာတဲ့ စစ်ကောင်စီတပ်က လမ်းမကြီးတစ်လျှောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲ ကလေးတွေပါဝင်တယ်လို့ KNU ထုတ်ပြန်ထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင် ဒုံရင်းမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ(၁၂)ရက်နေ့ မနက်(၉)နာရီခွဲဝန်းကျင်က ဇာသပြင်ဘက်ကနေ ဘားအံဘက်ကိုပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကော့ပရံကျေးရွာအရောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့…
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း မိဘပိုင်နေအိမ် ချိတ်ပိတ်ခံရ
မော်လမြိုင်၊ အောက်တိုဘာ (၁၄) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့ ခွန်မြင့်ထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ လေသာလမ်းမှာ ရှိတဲ့ ခွန်မြင့်ထွန်း မိဘပိုင်နေအိမ်ကို…
စစ်ရေး၊နိုင်ငံရေးအရ ဖြေရှင်းရမယ့်ကိစ္စတွေကို အစိုးရအဖွဲ့ပြင်ဆင်ထားဖို့ NUG ဝန်ကြီးချုပ်ဆို
မော်လမြိုင် – အောက်တိုဘာ(၁၃) အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ စစ်ရေး၊နိုင်ငံရေးအရ ဖြေရှင်းရမယ့် ကိစ္စတွေကို သေချာပြင်ဆင်ထားဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ပြုကော်မတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။ “တော်လှန်ရေးက အရှိန်ရလာတာနဲ့အမျှ ရင်ဆိုင်ဖြေရှင်းရမယ် အရေးကိစ္စတွေကလည်း များပြား လာမှာဖြစ်တယ်၊ နိုင်ငံရေးအရဖြေရှင်းရမယ် အရေးကိစ္စတွေရှိသကဲ့သို့…
တနင်္သာရီတိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ
တနင်္သာရီ – အောက်တိုဘာ(၁၃) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု ထုံမခါရွာနဲ့ သဘော့လိပ်ကျေးရွာကြားက ဘုရားတောင်နားမှာ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သဘော့လိပ်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား(၇၀) ကျော်ပါတဲ့ စစ်ကြောင်းနဲ့ တနင်္သာရီ ပကဖ မဟာမိတ်တပ်ပေါင်းစုတို့ကြား…
Radio than Lwin Times(11/10)
Youtube Link Sound Cloud Link
အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းထားတဲ့ မြန်မာနိုင်ငံက တိုယိုတာစက်ရုံ ပြန်ဖွင့်
တိုကျို၊ အောက်တိုဘာ (၁၃) တိုယိုတာ မော်တာလုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၁၉လကျော်ကြာ ရပ်ဆိုင်းထားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီး စက်ရုံမှာ ကားတွေထုတ်လုပ်ဖို့ စတင်နေပြီလို့ အောက်တိုဘာ ၁၂ရက်နေ့မှာ ပြောပါတယ်။ အခြားသော ကုမ္ပဏီတွေ ထွက်ခွာသွားပေမယ့် ဂျပန်နိုင်ငံရဲ့ ကားထုတ်လုပ်မှု စက်ရုံတစ်ခုဖြစ်တဲ့ တိုယိုတာဟာ စက်တင်ဘာ လမှာ စက်ပစ္စည်းအစိတ်အပိုင်းတွေကို မြန်မာနိုင်ငံကို ပြန်လည်တင်ပို့ခဲ့ပြီး တစ်ရက်လျှင်…
ထိုင်ဝမ်ကို စစ်ပွဲဖော်ဆောင်ဖို့ တရုတ်က ယူကရိန်းစစ်ပွဲကို လေ့လာနေ
တိုင်ပေ – အောက်တိုဘာ(၁၃) မောင်းသူမဲ့ လေယာဉ်တွေအပါအဝင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ ထိုင်ဝမ်ကို တိုက်စစ် ဆင်ဖို့ ယူကရိန်းစစ်ပွဲကို တရုတ်က လေ့လာနေတယ်လို့ ထိုင်ဝမ်လုံခြုံရေးအရာရှိတစ်ဦးက အောက်တိုဘာလ(၁၂) ရက်နေ့က ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို အခိုက်အမာကျင့်သုံးဖို့ အင်အား သုံးခြိမ်းခြောက်မှုတွေကို ဘယ်လိုတုံ့ပြန်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး…
ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ထိုင်းရဲအရာရှိတစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေ အစိုးရသိမ်းဆည်း
ဘန်ကောက်၊ အောက်တိုဘာ (၁၃) ထိုင်းနိုင်ငံမှာ ခရိုင်ဒေသန္တရအဆင့် ရဲအရေးပိုင် နယ်မြေ ၈ရဲ့ လက်ထောက်ကော်မရှင်နာဖြစ်သူ ရဲအရာရှိ ဆွမ်ချိုင် နီတာရာ ဘိုဝန်ကောလ် ဟာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝလာခဲ့တာကြောင့် သူ့ရဲ့ဘတ်၁၃၆မီလီယမ် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းလိုက်တယ်လို့ အမျိုးသား အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က တာဝန်ရှိသူက ပြောပါတယ်။…
သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗုံးပေါက်
သရက်ချောင်း – အောက်တိုဘာ(၁၃) ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဒီကနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနက်(၇) နာရီက စစ်ကောင်စီလက်အောက်ခံမြို့နယ်ထွေအုပ်ရုံးခြံဝင်းအတွင်းမှာ အသံကျယ်လောင်တဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ ဒီဖောက်ခွဲမှုကိုဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတော့ မသိရသေးပါဘူး။ “ ပေါက်ကွဲသံက အရမ်းကျယ်တယ်၊ ထွေအုပ်ခြံဝင်းထဲမှာပဲ ပေါက်တာပါ၊ ဘယ်သူလုပ်တာတော့ မသိရဘူး၊…
ဘားအံခရိုင် USDP ပါတီ ဥက္ကဌ နေအိမ်မှာ ပစ်သတ်ခံရ
ဘားအံ၊ အောက်တိုဘာ (၁၃) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာရှိ ဘားအံခရိုင် USDP ပါတီ ဥက္ကဌ နေအိမ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၃ ရက် မနက် ၇ နာရီခွဲခန့်မှာ ဘားအံခရိုင် USDP ပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး ၄၇ နှစ်ဟာ နေအိမ် ဆိုင်မှာ…
