ကရင်လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းကြဖို့ ဗိုလ်ချုပ်စောနယ်ဒါးမြ ပြော

ဘားအံ – အောက်တိုဘာ(၂၄) ကရင်ပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါင်းစည်းမှ စစ်ကောင်စီကို ထိထိရောက် ရောက် တိုက်ခိုက်နိုင်မှာဖြစ်တဲ့အတွက် ပူးပေါင်းဖို့ ဖိတ်ခေါ်တယ်လို့ ကော်သူးလေတပ်မတော် ခေါင်းဆောင်စောနယ်ဒါးမြက ထုတ်ပြန်ခဲ့ပါတယ်။ ကော်သူးလေ တပ်မတော်အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို စတင်အကောင်အထည်ဖော်နေပြီဖြစ်တဲ့ အတွက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းအားလုံး စည်းစည်းလုံးလုံးရှိသင့်တဲ့ အချိန်ဖြစ်တယ်လို့ သူက ပြောခဲ့တာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုအပေါ် မတရားဖိနှိပ်ချုပ်ချယ်မှုတွေကို…

ကမာကြည်တံတားပေါ်က အသက် (၂၀) ဝန်းကျင်အမျိုးသမီးတစ်ဦး ခုန်ချ

ရန်ကုန် – အောက်တိုဘာ(၂၄) ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် က အမှတ်(၂) ကမာကြည်တံတားပေါ်ကနေ အသက်(၂၀) ဝန်းကျင် အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ခုန်ချခဲ့လို့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေတယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။ တောင်ဒဂုံမြို့နယ်နဲ့ သာကေတမြို့နယ်ကို သွယ်တန်းထားတဲ့ အမှတ်(၂) ကမာကြည်တံတားပေါ်က နေ ငမိုးရိပ်ချောင်းထဲကို ဒီနေ့ အောက်တိုဘာလ(၂၄) ရက်နေ့ မနက်(၉) နာရီလောက်က ခုန်ချခဲ့တာ…

အရပ်သား ပစ်မှတ်များ PDF တို့ မပစ်ပါ အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို AA အဖွဲ့မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှနေထိုင်သည့် ၁၄ နှစ်အရွယ်…

သရက်ချောင်းမြို့နယ်မှာ အရပ်သား ၂ ဦး ပစ်သတ်ခံရပြီး ၂၀ နီးပါး ဖမ်းဆီးခံထားရ

သရက်ချောင်းမြို့နယ်မှာ အရပ်သား ၂ ဦး ပစ်သတ်ခံရပြီး ၂၀ နီးပါး ဖမ်းဆီးခံထားရ သရက်ချောင်း၊ အောက်တိုဘာ (၂၃) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာအတွင်း ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၂ ဦးကို သေနတ်နဲ့ အကြောင်းမဲ့ ပစ်သတ်ခဲ့သလို အရပ်သားပြည်သူ ၂၀ နီးပါးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။…

ကော့ကရိတ်တိုက်ပွဲမှာ အရပ်သား ၃ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

ကော့ကရိတ်တိုက်ပွဲမှာ အရပ်သား ၃ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ ကော့ကရိတ်၊ အောက်တိုဘာ (၂၃) ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ(၃)ဦး သေ ဆုံးပြီး (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ(၂၁)ရက်နေ့ မနက်(၇)နာရီအချိန်ကစပြီး ကော့ကရိတ်မြို့တွင်းမှာ KNLA တပ်မဟာ(၆)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား…

မြန်မာနိုင်ငံကို FATF ရဲ့ အမည်ပျက်စာရင်းသွင်းမှုကြောင့် လူထုတွေ ပိုမိုကျပ်တည်းလာနိုင်

မြန်မာနိုင်ငံကို FATF ရဲ့ အမည်ပျက်စာရင်းသွင်းမှုကြောင့် လူထုတွေ ပိုမိုကျပ်တည်းလာနိုင် ရန်ကုန်၊ အောက်တိုဘာ (၂၃) မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF) ရဲ့ အမည်ပျက်စာရင်း သွင်းမှုကြောင့် ပြည်သူလူထုတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ဆောင်စဉ်တွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် စောင့်ကြည့်အဆင့်ကနေ…

လောင်းလုံးမြို့နယ်မှာ NLD ထောက်ခံသူတွေ အပါအဝင် ဒေသခံ ၁၂ ဦး ဖမ်းဆီးခံရ

လောင်းလုံးမြို့နယ်မှာ NLD ထောက်ခံသူတွေ အပါအဝင် ဒေသခံ ၁၂ ဦး ဖမ်းဆီးခံရ လောင်းလုံး၊ အောက်တိုဘာ (၂၃) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ နှစ်ရက်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထောက်ခံသူတွေ အပါအဝင် ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေမှာ ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့…

နိုင်ငံရေးလောကထဲ ပြန်လည်အခြေချဖို့ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် ပြင်ဆင်နေ

လန်ဒန် – အောက်တိုဘာ(၂၃) ဝန်ကြီးချုပ်ဟောင်းဘောရစ်ဂျွန်ဆင်ဟာ ရာထူးက နုတ်ထွက်ပြီးနောက် နိုင်ငံရေးလောကကို ပြန်လည်ခြေချနိုင်ဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ လုပ်ဆောင်နေမှုဟာ နိုင်ငံရေးမငြိမ်မသက်မှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာထူးက နုတ်ထွက်ခဲ့တဲ့ ဝန်ကြီးချုပ် လစ်ထရက်စ်နေရာမှာ အစားထိုးမယ့် အလားအလာရှိနေတဲ့ ကိုယ်စားလှယ်ဟောင်းတွေအနေနဲ့ အောက်တိုဘာလ(၂၄) ရက်နေ့မှာ နောက်ဆုံး အမည်စာရင်းတင်သွင်းရမှာဖြစ်တဲ့အတွက် စည်းရုံးမှုတွေလုပ်ဆောင်နေပြီ ဖြစ်တယ် လို့…

အာဖဂန်မြို့တော်က စီးနင်းမှုတစ်ခုမှာ ISအဖွဲ့ဝင် (၆) ဦးကို တာလီဘန် တွေသတ်ဖြတ်ခဲ့

ကဘူးလ် – အောက်တိုဘာ(၂၃) အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ အောက်တိုဘာလ (၂၂) ရက်နေ့ ညက စစ်ဆင်ရေးတစ်ခု မှာတာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိုက်အက်စ်အဖွဲ့ဝင်(၆) ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အာဏာရ အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကြီးမားတဲ့ တိုက်ခိုက်မှု နှစ်ခုမှု IS အဖွဲ့ဝင်တွေ ခိုအောင်းနေတဲ့ နေရာကို စီးနင်းခဲ့တဲ့ မြို့တော်ဗလီဖြစ်ရပ်အပြီး နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ…

တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်ရဲ့ တတိယသက်တမ်းအတွက် ရှီကျင်းပင်နဲ့ အဆုံးသတ်မယ်

ပေကျင်း – အောက်တိုဘာ(၂၃) တရုတ်နိုင်ငံရဲ့ ငါးနှစ်တာ ကွန်မြူနစ်ပါတီကွန်ဂရက်ဟာ အောက်တိုဘာလ(၂၂) ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး သမ္မတ ရှိီကျင်းဖျင်ဟာ တတိယအကြိမ်အာဏာကို စံချိန်တင်ရရှိနိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။ ဘေဂျင်းမြို့ ပြည်သူ့ခန်းမဆောင်မှာ ပိတ်ပွဲအခမ်းအနားကို ပါတီကိုယ်စားလှယ်(၂၃၀၀) နဲ့ သီတင်းတပတ်ကြာ တွေ့ဆုံမှုအပြီးမှာ ကြိုတင်ဆုံးဖြတ်ထားနိုင်ဖွယ်ရှိတဲ့ ပါတီထိပ်ပိုင်းခေါင်း ဆောင် အပြောင်းအလဲတွေကို အတည်ပြုသွားမှာပါ။ ပါတီ အကြီးတန်းအရာရှိအများစုရဲ့ အဖွဲ့ဝင် (၂၀၀​)…