ကော့ကရိတ်ပြည်သူတွေ PDF ကြောင့် မထိခိုက်

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ကော့ကရိတ်မြို့ပေါ် လက်နက်ကြီးနဲ့ အကြိမ်များစွာ ပစ်ချသွားတာ PDF တွေလို့ MRTV ပြော” ဆိုတဲ့သတင်းကို စိစစ်ပေးသွားမှာ…

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ SAC-M တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ (၂၅) ကျောင်းသားတွေနဲ့ ဆရာတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှုရှိအောင် ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တို့က ဆောင်ရွက်ပေးဖို့နဲ့ လုံခြုံရေးကောင်စီဘက်က စစ်ကောင် စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ(SAC-M) က တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျောင်းဆရာတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့မှုဟာ နိုင်ငံတကာဆိုင်ရာ ဥပဒေအပြင်…

စစ်အာဏာသိမ်း (၆၃၁) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၈၈ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၂၅) AAPP ရဲ့ အောက်တိုဘာလ (၂၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၃၁)ရက်အတွင်း ပြည်သူ (၂၃၈၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၉၄၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ကျိုက်ထိုမြို့နယ်က စစ်ရှောင်တွေ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေ

ကျိုက်ထို၊ အောက်တိုဘာ (၂၅) တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ကျိုက်ထိုမြို့နယ်ထဲက စစ်ရှောင်ပြည်သူမှာ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ထဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား အလုံး အရင်းနဲ့ ထိုးစစ် ဝင်ရောက်လာပြီးနောက် ကျေးရွာတွေထဲ…

Non CDM ဝန်ထမ်းတွေကို ခွင့်မပေးဘဲ စစ်ကောင်စီ ထိန်းချုပ်

မော်လမြိုင်၊ အောက်တိုဘာ (၂၅)နိုင်ငံဒေသတော်တော်များများမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေချိန်မှာ Non CDM ဝန်ထမ်းတွေကို ဘယ်အကြောင်းကြောင့်နဲ့မှ နေရပ်ပြန်ခွင့်မပေးဘဲ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ လတ်တလော ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြားထိတွေ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျိုက်ထို၊ ရေး၊ ဘီးလင်း၊ သထုံမြို့နယ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို ဘယ်လိုအကြောင်း အရင်းနဲ့မျှ နေရပ်ပြန်ခွင့်မပေးကြဖို့ကို စစ်ကောင်စီက အခုလ…

ပြည်တွင်း စားအုန်းဆီဈေး ချက်ချင်း ခုန်တက်လာ

မော်လမြိုင်၊ အောက်တိုဘာ (၂၅) ကမ္ဘာ့ငွေကြေး ခဝါချမှု စောင့်ကြည့်ရေး အဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးနောက် ပြည်တွင်းမှာ စားအုန်းဆီ ဈေးနှုန်း ချက်ချင်း မြင့်တက်လာတယ်လို့ စားအုန်းဆီလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စားအုန်းဆီတွေဟာ အရင်ဒေါ်လာဈေး မြင့်တက်စဉ်က ဈေးနှုန်း အမြင့်ပိုင်းမှာ ရှိရာကနေ အနည်းငယ် ပြန်လည် ကျဆင်းခဲ့ပေမယ့်…

တနင်္သာရီမှာ ၃ ရက်အတွင်း အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရ

တနင်္သာရီ၊ အောက်တိုဘာ (၂၅) တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်တွေထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ၃ ရက်အတွင်း အရပ်သားပြည်သူ ၁၀ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာနေ ဒေသခံ မိသားစုဝင် ၄ ဦးကို…

ပခုက္ကူမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲနှစ်ဦး သေဆုံး

ပခုက္ကူ – အောက်တိုဘာ(၂၄) မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သား တွေကို ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ရဲနှစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၃) ရက်နေ့ မနက်ပိုင်းက ပခုက္ကူမြို့ပတ်လမ်းနဲ့ မြို့သစ်လမ်းဆုံ မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာပါ။ ဒီတိုက်ခိုက်မှုမှာ ပြည်သူတွေရဲ့…

စစ်ကောင်စီဟာ လေကြောင်းကနေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုထပ်မံကျူးလွန်တာလို့ NUG ပြော

ဖားကန့် – အောက်တိုဘာ (၂၄) ဖားကန့်ဒေသတွင်းက KIA တပ်မဟာ(၉) နယ်မြေမှာ ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲကိုဂျက်လေ ယာဉ်သုံးပြီးဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ အကြမ်းဖက်စစ်ကောင်စီက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ထပ်မံကျူးလွန်လိုက်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ပြောပါတယ်။ အောက်တိုဘာလ ၂၃ရက်နေ့ ည ၈နာရီခွဲဝန်းကျင်ခန့်က KIA တပ်မဟာ ၉နယ်မြေရှိ အနန့်ပါ(A Nang Pa)မှာ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)နေ့အထိမ်းအမှတ်အကြို…