ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရ
မော်လမြိုင်၊ အောက်တိုဘာ ၂၆ အီတလီစီးရီးအေနာမည်ကြီး ကလပ်အသင်း ဂျူဗင်တပ်စ်အသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၅)မှာ ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာအသင်းကို ရှုံးနိမ့်သွားတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း နည်းပြ အယ်လီဂရီဟာ ဒီပွဲမှာ အနိုင်ရဖို့အတွက် အဓိက ကစားသမား အများစုနဲ့ ဘင်ဖီကာအသင်းကို ယှဉ်ပြိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့…
လွိုင်ကော် စစ်ရှောင်စခန်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင် နှစ်ဦး သေဆုံး
လွိုင်ကော်၊ အောက်တိုဘာ (၂၆) ကယားပြည်နယ်၊ လွိုင်ကော်မြို့ အနောက်ဘက်ခြမ်း ကုန်းသာစစ်ရှောင်စခန်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင် နှစ်ဦး သေဆုံးသွားတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ည ၉ နာရီလောက်က အဲဒီစစ်ရှောင်စခန်းရှိ မိသားစု လေးဦး နေ ထိုင်ရာ…
မွန်ပြည်နယ်က လက်မှုလုပ်ငန်းတွေ သစ်ကုန်ကြမ်း မရလို့ လုပ်ငန်းတွေ ရပ်နားထားရ
မော်လမြိုင်၊ အောက်တိုဘာ (၂၆) မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာအတွင်းမှာရှိတဲ့ ဆေးတံလုပ်ငန်း အပါအဝင် လက်မှုလုပ်ငန်းတွေဟာ သစ်သားကုန်ကြမ်းတွေ ဝယ်ယူလို့ မရတာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ လက်မှုလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှာတော့ သစ်သားကို အခြေခံပြီး ဆေးတံ အပါအဝင် အခြား လက် မှုပစ္စည်း အမျိုးမျိုး ထုတ်လုပ်နေတဲ့ မိသားစု တစ်ပိုင်တစ်နိုင်ကနေ…
သရက်ချောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာ
သရက်ချောင်း၊ အောက်တိုဘာ( ၂၆) တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်အပါအဝင် ကျေးရွာအများစုမှာ စစ်ကောင်စီတပ်က တပ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် PDF တွေကို တောနင်းရှာဖွေတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ် တောင် ပျောက်တိုက်နယ်ထဲက ကရင်ချောင်းကျေးရွာနဲ့ ကတွဲကျေးရွာထဲကို စစ်ကား ၅…
မွန်ပြည်နယ်မှာ တော်လှန်ရေး အာရုံလွဲပြောင်းဖို့ နည်းမျိုးစုံသုံးပြီး စစ်ကောင်စီ ပြင်းထန်ကြိုးပမ်းလာ
မော်လမြိုင်၊ အောက်တိုဘာ (၂၆) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီဟာ ဒေသခံအတွင်း လူငယ်တွေနဲ့ ပြည်သူတွေကို တော်လှန် ရေး အာရုံလွဲပြောင်းဖို့အတွက် အားကစားပွဲတော်တွေအပါအဝင် ပျော်ပွဲရွင်ပွဲတွေ ဖန်တီးပြီး စည်းရုံးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်ကောင်စီဟာ လူငယ်တွေ တော်လှန်ရေးမှာ စိတ်ပါဝင်စားမှု မရှိစေဖို့ အတွက် ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ အလွတ်တန်း…
အာရှလမ်းမကြီးမှာ KNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ ယာဉ်နှစ်စီး မီးရှို့ဖျက်ဆီးခံ
ရမြဝတီ၊ အောက်တိုဘာ (၂၆) ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အာရှလမ်းပေါ်မှာသွားလာနေတဲ့ ယာဉ်နှစ်စီး မီးရှို့ခံထားရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု ထပ်မံဖြစ်ပွားပြီးနောက် ယာဉ်နှစ်စီး…
သထုံမြို့နယ်မှာ ခရီးသည်တင်ကား တစ်စီး ပစ်ခတ်ခံရတာကြောင့် ခရီးသည်တစ်ဦး ဒဏ်ရာရ
သထုံ၊ အောက်တိုဘာ (၂၆) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသည်တင်ကား တစ်စီး ပစ်ခတ်ခံရတာကြောင့် ခရီးသည် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၂၄ ရက်နေ့ ည ၈ နာရီကျော်လောက်မှာ ရန်ကုန်ကနေ ထားဝယ်ဘက်ကို မောင်းနှင်လာတဲ့ ရွှေဝယ်မင်းခရီးသည်တင်ကားဟာ ရွှေရောင်ပြကျေးရွာနဲ့ ကမာစိုင်ကျေးရွာအကြားမှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။…
ကော့ကရိတ်ပြည်သူတွေ PDF ကြောင့် မထိခိုက်
အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ကော့ကရိတ်မြို့နယ်၌ ယနေ့ နံနက်ပိုင်းက အကြမ်းဖက် KNU နှင့် လက်အောက်ခံ PDF အဖွဲ့များ ပစ်ခတ်လိုက်သည့်…
Radio Than Lwin Times(23/10)
Youtube Link Sound Cloud Link
တော်လှန်သွေးအပြည့်နဲ့ အဖေ့ခြေရာနင်းခဲ့သူ
လွန်ခဲ့တဲ့ ရက်သတ္တပတ်က လူမှုကွန်ရက်တွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ လူငယ်တစ်ဦးရဲ့ သတင်းပိုစ့်အောက်မှာ “သားက ၂၀၂၁၊ အဖေက ၈၈ အာာဏာရှင်ကို တော်လှန်ရင်း အသက်တွေ ပေးသွားလိုက်ကြတာ” ဆိုတဲ့ မှတ်ချက်တွေ မြင်တွေ့ကြမှာပါ။ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကျဆုံးခဲ့ရသူ ဒီလူငယ်ဟာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) ရဲ့ တာဝန်ခံ ကိုအဂ္ဂ (ခ)…
