KNU ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
ညောင်လေးပင်၊ နိုဝင်ဘာ (၁) ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၈)ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ(၂၈)ရက်နေ့ ညက KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် သစ်ချဆိပ်ကျေးရွာ စားကျက်မြေပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီး…
ထားဝယ်အရှေ့တောဒေသမှာ စစ်ရေး ပိုမို တင်းမာလာ
ထားဝယ်၊ နိုဝင်ဘာ (၁) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဘက်ဒေသမှာ စစ်ကောင်စီဘက်က တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စစ်ရေး ပိုမို တင်းမာလာတယ်လို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ထားဝယ်ကနေ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ် ကြောင်း တစ်ကြောင်း၊ သရက်ချောင်းကနေ…
အင်းစိန်ထောင်မှာ ထောင်ဝင်စာပို့ခွင့်နဲ့ ထောင်တွင်းအထူးတရားရုံး ပြန်ဖွင့်
ရန်ကုန် – အောက်တိုဘာ(၃၁) ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာပို့ခွင့်နဲ့ ထောင်တွင်းအထူးတရားရုံးကို ဒီနေ့ အောက်တိုဘာလ(၃၁) ရက်နေ့ မနက်ပိုင်းက စပြီးပြန်ဖွင့်လိုက်တယ်လို့ အင်စိန်ထောင်ရဲ့ အမည် မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉) ရက်နေ့က အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာပါဆယ်ပို့တဲ့ နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူရှစ်ဦးသေဆုံးပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပို့ခွင့်…
Radio Than Lwin Times(27/10)
Youtube Link Sound Cloud Link
မြဝတီမင်းကြီး ဆရာတော်ရဲ့စျာပနအခမ်းအနားကို မဲဆောက်မြို့မှာ ကျင်းပ
မဲဆောက် – အောက်တိုဘာ(၃၁) ထိုင်းနိုင်ငံမဲဆောက်မြို့မှာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့ မြဝတီ မင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယဝံသာဘိဝံသ(သ.စ.အ ဓမ္မာစရိယ-ဝဋံသကာ) ရဲ့ အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ဒီနေ့ အောက်တိုဘာလ(၃၁) ရက်နေ့ နေ့လည်(၁) နာရီကနေ (၃) နာရီအထိ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။ မြဝတီမင်းကြီးဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော်(၇၁) နှစ်၊ဝါတော်(၅၁) ဝါရှိပြီး မန္တလေးတိုင်း…
တောင်ကိုရီးယား ဟောလိုးဝင်းပွဲမှာ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး CRPH ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
မော်လမြိုင် – အောက်တိုဘာ(၃၁) တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ Itaewon မှာ ဟောလိုးဝင်းပွဲပြုလုပ်နေချိန် လူအုပ်ပိတာကြောင့် လူအများအပြားသေဆုံးခဲ့ရတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဝမ်းနည်းကြောင်းသဝဏ်လွှာထဲမှာ ဆိုးလ်မြို့တော် Itaewon မှာ Halloween ပွဲတော်ကျင်းပနေချိန် လူအုပ်ပိတာကြောင့် လူပေါင်း (၁၅၀) ကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ များစွာဝမ်းနည်းရတယ်လို့…
အမျိုသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်
အာဏာသိမ်း စစ်ကောင်စီဟာ အခုနောက်ပိုင်း တိုက်ပွဲတွေမှာ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင်လာသလို အရပ်သားပြည်သူတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက် ကျူးလွန်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်ဖို့ NUG အနေနဲ့ ဘာတွေ လုပ်ဆောင်နေလဲ။ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့်ဖြစ်နေပြီးလား၊ တစ်နှစ်အတွင်း တော်လှန်ရေး အဆုံးသတ်ဖို့ NUG အနေနဲ့…
ကမ္ဘာ့ဖလားမတိုင်ခင် ကာတာနိုင်ငံ မြို့တော် ဒိုဟာကနေ အလုပ်သမား ထောင်ချီ နှင်ထုတ်ခံရ
ဒိုဟာ၊ အောက်တိုဘာ (၃၀) ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လာရောက်လည်ပတ်ကြမယ့် ဘောလုံးပရိသတ်များနေထိုင်ဖို့ မြို့တော်ဒိုဟာမှာ ထောင်နှင့်ချီတဲ့ နိုင်ငံခြားအလုပ်သမားတွေ နေထိုင်တဲ့ တိုက်ခန်းတွေကို ပိတ်ထားလိုက် တယ်လို့ နေအိမ်တွေကနေ နှင်ထုတ်ခံရသူ အလုပ်သမားတွေက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ အဆောက်အဦ တစ်ဒါဇင်ကျော်ကို အာဏာပိုင်တွေက ပိတ်ထားခဲ့ပြီး အဓိကအားဖြင့် အာရှနှင့် အာဖရိက အလုပ်သမားတွေကို တတ်နိုင်သမျှ တခြားနေရာတွေကို ရှာဖို့…
မူးယစ်ရာဇာကို ဘန်ကောက်မြို့ ဇိမ်ခံအိမ်မှာ ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ
ဘန်ကောက်၊ အောက်တိုဘာ (၃၀) ဘန်ကောက်မြို့ ဆဖန်ဆောင် Saphan Sung ခရိုင်ရှိ ဇိမ်ခံအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ အောက် တိုဘာ ၂၉ရက်နေ့ မနက်ပိုင်းက စီးနင်းခဲ့ပြီး မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းမူးယစ်ဆေးဝါး ထိန်း ချုပ်ရေး ဘုတ်အဖွဲ့ ကပြောပါတယ်။ အိမ်စီးနင်းမှု ဖြစ်စဉ်ကို မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) မှ ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက်…
အမေရိကန်မှာ ရွေးကောက်ပွဲမတိုင်ခင် အစွန်းရောက်အကြမ်းဖက်မှုတွေမြင့်တက်လာမယ်လို့ သတိပေးခံရ
ဝါရှင်တန် – အောက်တိုဘာ(၃၀) အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလီုစီကို တွေ့ဖို့ တောင်းဆိုခဲ့သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၈) ရက်နေ့ အစောပိုင်းက သူတို့ရဲ့ ဆန်ဖရန်စစ္စကို နေအကိုဖောက်ထွင်း ဝင်ရောက်ပြီး တူနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး လာမယ့် နိုဝင််ဘာလ(၈) ရက်နေ့ မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်နိုင်ငံရေးအကြမ်းဖက်မှုတွေ တိုးလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အသက် (၈၂)…
