ထီးလင်းမှာ စစ်ကောင်စီက ပြည်သူပိုင်အိမ်တွေကို မီးထပ်ရှို့
ထီးလင်း – နိုဝင်ဘာ(၁) မကွေးတိုင်း ထီးလင်းမြို့နယ် ကျားခဲကျေးရွာကို အင်အား(၁၀၀) ဝန်ကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ခဲ့လို့ ပြည်သူပိုင်နေအိမ် (၁၄) လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ကသံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ကျားခဲ ကျေးရွာကို ဒီနေ့ နိုဝင်ဘာလ(၁) ရက်နေ့ မနက်အစောပိုင်းက မီးရှို့ ဖျက်ဆီးခဲ့တာပါ။ ကျားခဲရွာကို မီးရှို့ပြီးနောက်စစ်ကောင်စီတပ်သားတွေဟာ ပါးမျဉ်းရွာဘက်ကို ပြန်လည်ထွက်ခွာ…
Radio Than Lwin Times(1/11)
Youtube Link Sound Cloud Link
ဖိလစ်ပိုင်ကို ဝင်ရောက်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းကြောင့် လူပေါင်း ၉၈ဦးသေဆုံး
မနီလာ၊ နိုဝင်ဘာ(၁) ဖိလစ်ပိုင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးသူ ၉၈ ဦးအထိ မြင့်တက်လာခဲ့ ကြောင်း ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ (အောက်တိုဘာလ ၂၈) ရက်နေ့ က ဖိလစ်ပိုင် တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ရွာတွေ အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း နာလ်ဂေး ကြောင့် ရေလွှမ်းမိုးမှုတွေ…
မကာအိုမှာ တင်းကျပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေ ပြန်လည်ထုတ်ပြန်
ဟောင်ကောင်၊နိုဝင်ဘာ(၁) တရုတ်အစိုးရဟာ ကမ္ဘာအကြီးဆုံးလောင်းကစားရုံတွေမှာ လာရောက်ကြမယ့် ဧည့်သည်တွေအတွက် ဗီဇာ စည်းကမ်း ဖြေလျော့ကြောင်း ကြေငြာထားပေမယ့်လည်း မကာအိုအာဏာပိုင်တွေကတော့ တင်းကျပ်တဲ့ ကိုဗစ် ၁၉ ကန့်သတ်ချက်တွေကို ပြန်လည် ပြဌာန်းခဲ့ပါတယ်။ မကာအို အာဏာပိုင်တွေဟာ MGM China ပိုင်ဆိုင်သော MGM Cotai ကာစီနိုအပန်းဖြေစခန်းကို ပိတ်ထားပြီး ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို နိုဝင်ဘာ ၁ ရက်အထိ…
ယူကရိန်းအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကို ပြော
မော်စကို – နိုဝင်ဘာ(၁) အမေရိကန် သမ္မတအနေနဲ့ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်စစ်ပွဲလို ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်ရမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့်အမျှော်အမြင်ရှိဖို့ မျှော်လင့်တယ်လို့ ရုရှားနိုင်ငံခြား ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ကျူးဘားပဋိပက္ခမှာ ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်တို့ရဲ့ နျူကလီးယားစစ်ပွဲနီးငပ်လာချိန်က စပြီး ရုရှားနဲ့ အနောက်အုပ်စုတို့ကြား အကြီးမားဆုံးထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ဖြစ်စေခဲ့တာလို့ သိရပါတယ်။ အဲ့ဒီနောက် အမေရိကန်…
မသန်စွမ်းအရေး ကူညီနေသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
မသန်စွမ်း အခွင့်အရေးများဆိုင်ရာအတွက် အရင်း မပျောက် မတည်ငွေ ကျပ်(၃)ဘီလီယံ ထားရှိပြီး ထိထိ ရောက်ရောက် ထောက်ပံ့ပေးမယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြီးခဲ့တဲ့ အောက်တို ဘာ ၂၅ ရက်နေ့မှာ ပြောဆိုလာပါတယ်။ အရင်းမပျောက် မတည်ငွေကနေ တိုးပွားလာတဲ့ ရန်ပုံငွေမှ မသန် စွမ်းတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့မသန်စွမ်း အကျိုးပြုလုပ်ငန်းတွေမှာ ထောက်ပံ့သုံးစွဲ…
SME လုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ ပိုမို ခက်ခဲလာ
မော်လမြိုင်၊ နိုဝင်ဘာ (၁) အာဏာသိမ်းမှုကြောင့် အထိနာနေတဲ့ အသေးစား၊ အလတ်စား (SME) လုပ်ငန်းတွေကို အပြည့်အဝ ကူညီပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပေမယ့် မြေပြင်မှာတော့ လုပ်ငန်းအများစု ဆက်လက်ရပ်တည်ဖို့ ပိုမို ခက်ခဲလာတယ်လို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ခေါင်းဆောင်က သူအာဏာယူစဉ်အတွင်းမှာ နိုင်ငံစီးပွားရေး ဦးမော့လာကြောင်းနဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် ချေးငွေ…
စစ်အာဏာသိမ်း (၆၃၈) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၀၄ ဦး အထိရှိလာ
မော်လမြိုင်၊ နိုဝင်ဘာ (၁) AAPP ရဲ့ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၃၈)ရက်အတွင်း ပြည်သူ (၂၄၀၄)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၀၁၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…
သိမ်ဇရပ်မှာ စစ်ကောင်စီလှည့်ကင်းကား တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်
သိမ်ဇရပ်၊ နိုဝင်ဘာ (၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဆင်ဖြူကျောင်းအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ ညက စစ်ကောင်စီ လှည့်ကင်းကား တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်မ်းကို ပြောပါတယ်။ အဲဒီနေ့ ည ၈ နာရီခွဲအချိန်လောက်က သိမ်ဇရပ်မြို့အတွင်း ကင်းလှည့်နေတဲ့…
မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ဖို့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းပြင်ဆင်နေပြီလို့ NUG ပြော
ရန်ကုန်၊ နိုဝင်ဘာ(၁) နိုင်ငံတဝန်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါ အဝင် မဟာမိတ်တပ်ပေါင်းစုတွေနဲ့ မဟာဗျူဟာအရ ပူးပေါင်းပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ အမျိူးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က လာမယ့် ၂၀၂၃ ခုနှစ်မှာ အာဏာသိမ်း စစ်ကောင်စီကို ခံစစ်ကနေ ထိုးစစ်ဆင် ပြောင်းလဲပြီး…
