ထားဝယ်တိုက်ပွဲမှာ DGRF ဗျူဟာမှူးဖထီးကျဆုံး
ထားဝယ်၊ ဇန်နဝါရီ(၁၁) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းနဲ့သင်္ကန်းတုန်းကျေးရွာအနီး ဘဲမတ်တပ်တောင်တိုက်ပွဲမှာ အဖွဲ့ရဲ့ဗျူဟာမှူးဖထီး ကျဆုံးသွားတယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ဘဲမတ်တပ်တောင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ဗျူဟာမှူးအပြင် ဥသြစစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းနေတဲ့…
မွန်ပြည်နယ်ရဲ့မြို့နယ်တချို့မှာ လုံခြုံရေးအပြည့်နဲ့ လူဦးရေစာရင်းလိုက်ကောက်နေ
မော်လမြိုင်၊ ဇန်နဝါရီ(၁၁) အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ လုံခြုံရေးအပြည့်နဲ့ မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲအတွက် ဇန်နဝါရီ ၉ ရက်နေ့ကစပြီး မွန်ပြည်နယ်ရဲ့ ကျိုက်မရော၊ ကျိုက်ထို၊ မော်လမြိုင်၊ ချောင်းဆုံအပါအဝင် မြို့နယ်တချို့မှာ မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။ မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ လဝကနဲ့…
ဘီးလင်းမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ခရီးသွားကား ရာနဲ့ချီပိတ်ခဲ့
ဘီးလင်း၊ ဇန်နဝါရီ(၁၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သထုံဘက်ကနေ ဘီးလင်းထဲကို မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က…
မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတား ပြန်ဖွင့်တော့မယ်လို့ ထိုင်းဘက်ကထုတ်ပြန်လာ
မြဝတီ၊ ဇန်နဝါရီ(၁၁) ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ်အာဏာသိမ်းမှုကြောင့် ၃ နှစ်နီးပါးအကြာ ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို လာမယ့်ဇန်နဝါရီ(၁၂)ရက်နေ့မှာ ပြန် လည်ဖွင့်လှစ်သွားမယ်လို့ မဲဆောက်မြို့နယ် ထိုင်းတာဝန်ရှိသူတွေက အသိပေးထုတ်ပြန်လာပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်နဲ့မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ အမှတ်(၁)ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ တံတားကိုပြန်လည်ဖွင့်လှစ်ဖို့ ထိုင်းဘက်ခြမ်းက စီစဉ်ဆောင်ရွက်ထားပေမယ့်…
ကယားမှာဇန်နဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီကြောင့် အရပ်သား(၄) ဦးသေဆုံး
မိုးဗြဲ – ဇန်နဝါရီ(၁၀) ကယားပြည်နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ကြောင့် ဒေသခံ(၄) ဦးသေဆုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၈) ရက်ညပိုင်းက မိုးဗြဲမြို့ကို စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အသက်(၆၆) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုတွေကို…
မြိုင်မှာ စစ်ကောင်စီကားမိုင်းဆွဲခံရလို့ အနည်းဆုံး (၆) ဦးကျော်ထိခိုက်သေဆုံး
မြိုင် – ဇန်နဝါရီ(၁၀) မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားမိုင်းဆွဲတိုက်ခိုက် ခံရလို့ အနည်းဆုံး (၆) ဦးကျော်သေဆုံးနိုင်တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာ က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၉) ရက်နေ့ မနက်ပိုင်းက ပခုက္ကူဘက်က ထွက်လာတဲ့ စစ်ကောင်စီ Faw ကားကို မြိုင်မြို့နယ်…
Radio Than Lwin Times(8/1)
Youtube Link Sound Cloud Link
TLT Tv ||- ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၀) ရက် အင်္ဂါနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/H9ndDyFEuDU
“အတိဒုက္ခရောက်နေတဲ့ ပြည်သူကလည်းသန်းချီရှိနေတဲ့ကာလမှာ ရွေး ကောက်ပွဲကို ဇွတ်လုပ်တယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်စနစ်ကိုပဲ ကျင့်သုံးကျင့်သုံး လူထုအနေနဲ့ကတော့ အကောင်းမြင်နိုင်ဖွယ်ရာမရှိ ဘူး”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်နဲ့ ဆက်သွယ်မေးမြန်းချက်။ စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးအတွင်း ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျလာနေတဲ့ မြန်မာနိုင်ငံမှာ မဲဆန္ဒရှင် ပြည်သူတွေ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေတဲ့အခြေနေမှာ စစ်ကောင်စီက အခုနှစ်အတွင်းအချိုးကျ ကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲကျင်းပသွားဖို့ အသည်းအသန် ကြိုးပမ်းလာတာပါ။ ဒါကြောင့် စစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအပေါ်…
ထိုင်းနိုင်ငံကိုလာရောက်မယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးကြောင်းပြသဖို့ မလိုတော့
ဘန်ကောက်၊ ဇန်နဝါရီ (၁၀) ထိုင်းနိုင်ငံအတွင်းကိုရောက်ရှိလာမယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးနှံပြီးကြောင်း ပြသဖို့ မလိုအပ်တော့ကြောင်း ကျန်မာရေးဝန်ကြီးက ဇန်နဝါရီလ ၉ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီး အနူတင်ချန်ဝီဒါကောက ခရီးသွားတွေအနေနဲ့ ကာကွယ်ဆေး အပြည့်ထိုးထားပြီး ကြောင်း ပြသဖို့ကိစ္စမှာ အဆင်မပြေဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပြီးစီးပြီးဖြစ် တဲ့အတွက် အခုလို လုပ်ဆောင်ဖို့ မလိုအပ်ကြောင်း ပညာရှင်အဖွဲ့က ဖြေရှင်းခဲ့ပြီးဖြစ်တယ်လို့…
