ရေးမှာ လက်နက်ကြီးကျလို့ ရေလုပ်သားသုံးဦး သေဆုံး
ရေး၊ ဧပြီ ၈ မွန်ပြည်နယ် ရေးမြို့နယ် မီးတိုင်တက်ကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေလုပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ ညက ရေးမြို့နယ် ခေါဇာမြို့အခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို မွန်ပြည်တော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်က…
