ဆောင်းပါး

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ပိုမိုပါဝင်သင့်တယ်လို့ ထိုင်း တိုက်တွန်း

ဘန်ကောက်၊ဧပြီ ၂၈ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းရေး အာဆီယံက ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ထိုင်းအစိုးရက တိုက်တွန်းလိုက်ပါတယ်။ အာဆီယံက မြန်မာပြဿနာကိုဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ချက်ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီက အကောင်အထည်ဖော်မယ်လို့ သဘောတူခဲ့ပေမယ့် အမှန်တကယ် အကောင်အထည်မဖော်နိုင်ဖြစ်နေတာကြောင့် အာဆီယံအဖွဲ့တွင်းမှာ သဘောထားကွဲလွဲမှုတွေရှိနေတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ အာဆီယံ လက်ရှိဥက္ကဋ္ဌ လာအိုအပါအဝင် ထိုင်းနိုင်ငံက…

မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားလဲလှယ်

ရန်ကုန်၊ဧပြီ ၂၇ နှစ်နိုင်ငံကြား သဘောတူညီမှုရရှိပြီးနောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားငါးဖမ်းသမား ၁၇၃ ဦးနဲ့ တိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီနယ်ခြား စောင့်တပ်ဖွဲ့ဝင် ၂၈၈ ဦးကို လဲလှယ်လိုက်တယ်လို့ သိရပါတယ်။ မြန်မာရေတပ်သင်္ဘော ချင်းတွင်းပေါ်မှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို တင်ဆောင်လာခဲ့ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို အဲဒီသင်္ဘောနဲ့ပဲ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ စစ်ကောင်စီပြန်ခေါ်ဆောင်သွားတဲ့…

မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ် ထိုင်းအဆိုပြု

ဘန်ကောက်၊ဧပြီ ၂၇ ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရင်အတိုင်း ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့ဝင် ၃ နိုင်ငံနဲ့အထက် ပါဝင်ကြိုးပမ်းသင့်တယ်လို့ အဆိုပြုထားပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုအပါအဝင် နိုင်ငံ ၃ နိုင်ငံက မြန်မာအရေးဖြေရှင်းရေး ဦးဆောင်ကြိုးပမ်းသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုခဲ့တာပါ။ သူက အင်ဒိုနီးရှား၊မလေးရှားနဲ့ လာအိုနိုင်ငံတို့ကို ဆိုလိုတာဖြစ်ပြီး တခြားအဖွဲ့ဝင်တွေအနေနဲ့ မြန်မာ့အရေး…

အစိုးရကိုဝေဖန်ခဲ့တဲ့ သီချင်းကြောင့် အီရန်အဆိုတော်တစ်ဦး သေဒဏ်ချမှတ်ခံရ

တီဟီရန်၊ဧပြီ ၂၆ အစိုးရကို ဝေဖန်ထားတဲ့ သီချင်းတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရပြီးနောက် ရက်ပ်အဆိုတော် Toomaj Salehiကို အီရန်တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ အခြေခံတရားရုံးက Toomaj Salehi ကို အပြင်းထန်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ် လိုက်တယ်လို့ သူ့ရဲ့ရှေ့နေ အေမာရေစီယမ်က အီရန်သတင်းဌာန Shargh Daily နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာပြောခဲ့တာပါ။ အစ်ဖာဟန်မြို့အခြေစိုက် အီရန်တရားရုံးက ချမှတ်ခဲ့တဲ့…

အမေရိကန်ပေးထားတဲ့ တာဝေးပစ်လက်နက်တွေ ယူကရိန်း စတင်အသုံးပြုနေ

ဝါရှင်တန်၊ဧပြီ ၂၆ ရုရှားတပ်တွေကို တားဆီးဖို့အတွက် ယူကရိန်းက အမေရိကန်ပေးထားတဲ့ တာဝေးပစ်လက်နက် တွေကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့ ကန်အရာရှိတွေက အတည်ပြုပါတယ်။ အဲဒီလက်နက်တွေဟာ မတ်လက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ခွင့်ပြုခဲ့တဲ့ ဒေါ်လာသန်း ၃၀၀ တန် စစ်ရေးအကူအညီမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဒီလအတွင်း ယူကရိန်းကိုရောက်ရှိလာတာပါ။ အမေရိကန်မီဒီယာတွေက အဲဒီလက်နက်တွေနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသက ပစ်မှတ်တွေကို အနည်းဆုံးတစ်ကြိမ် အသုံးပြုတိုက်ခိုက်ပြီးပြီလို့ ဖော်ပြထားပါတယ်။…

ယူကရိန်းကို ပေါင်သန်း ၅၀၀ ထပ်မံကူညီမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် အသိပေး

ဝါဆော၊ ဧပြီ ၂၄ ဗြိတိန်ဝန်ကြီးချုပ် ဆွန်နက်က ယူကရိန်းကို နောက်ထပ် ရန်ပုံငွေ စတာလင်ပေါင်သန်း ၅၀၀ ထပ်မံကူညီပေးသွားမှာဖြစ်ပြီး ဗြိတိန်ရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ဗြိတိန်အနေနဲ့ ယူကရိန်းအစိုးအရအတွက် စစ်ရေးအကူအညီတွေ ထပ်မံပေးသွားမှာဖြစ်တယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်၊နေတိုးအဖွဲ့ အကြီးအကဲ စတိုလ်တန်ဘာ့ဂ်တို့နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ပြောခဲ့တာပါ။ ဆွန်နက်က ကာကွယ်ရေးအသုံးစရိတ်ကို တဖြည်းဖြည်းတိုးမြှင့်ပြီး ၂၀၃၀…

မြန်မာဒုက္ခသည်တွေအတွက် အစီအစဉ်ရေးဆွဲပြီးပြီလို့ ထိုင်အစိုးရ ပြော

ဘန်ကောက်၊ဧပြီ ၂၅ ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေကို တာဝန်ယူထားတဲ့ ထိုင်းအစိုးရကော်မတီက ဧပြီ ၂၃ ရက်နေ့က ပထမဆုံးပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ အလုံးစုံအခြေအနေကို လေ့လာသုံးသပ် ပြီး ဒုက္ခသည်အရေး ကိုင်တွယ်ဖြေရှင်းရေးနဲ့ လုံခြုံရေးအရ တုံ့ပြန်မှုတွေအတွက် အစီအစဉ်တစ် ရပ်ကို မိတ်ဆက်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ထိုင်းဒုတိယဝန်ကြီးချုပ် ပမ်ပရီ ဥက္ကဋ္ဌ အဖြစ်ဦးဆောင်နေတဲ့ ကော်မတီဟာ မဲဆောက်ကို…

ထရမ့်ရဲ့ နှုတ်ပိတ်ခ ငွေပေးမှုဟာ ရွေးကောက်ပွဲလိမ်လည်မှုလို့ အစိုးရရှေ့နေတွေ စွပ်စွဲ

ဝါရှင်တန်၊ဧပြီ ၂၄ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ နှုတ်ပိတ်ခငွေပေးတဲ့ အမှုကိုစစ်ဆေးရာမှာ အစိုးရရှေ့နေတွေက ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင် ရာဇဝတ်မှုဆိုင်ရာ လျှို့ဝှက်ကြံစည်မှု တစ်ခုပြုလုပ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတစ်ခုကို ဖုံးဖိဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲလိုက် ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အမှုစစ်ဆေးကြားနာချိန်အတွင်း မှာ ရှေ့နေတစ်ဦးက ရွေးကောက်ပွဲလိမ်လည်မှု စစ်စစ်ဖြစ်ပါတယ်လို့ ဂျူရီလူကြီးတွေကို ပြောခဲ့တာပါ။…

ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါသို့ ပို့ဆောင်မယ့် ဥပဒေကြမ်း ဗြိတိန်အတည်ပြု

လန်ဒန်၊ဧပြီ ၂၄ ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါသို့ ပို့ဆောင်မယ့် ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် အစိုးရအစီအစဉ်တွေရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ဆွန်နက်ရဲ့ ရဝမ်ဒါဥပဒေကြမ်းကို လွှတ်တော်မှာ ၅ လကြာဆွေးနွေးပြီးနောက် တရားဝင်ဥပဒေအဖြစ် အသက်ဝင်လာတော့မှာပါ။ ဒီဥပဒေကြမ်းကို အတိုက်အခံတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပေမယ့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးနောက် အတိုက်အခံအမတ်တွေက ဧပြီ ၂၂ ရက်နေ့မှာ…

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုမှန်သမျှ ပယ်ချမယ်လို့ နေတန်ယာဟု ပြော

ဂျေရုစလင်၊ ဧပြီ ၂၃ အမေရိကန်က ပေးပို့နေတဲ့အကူအညီတွေကို ရပ်တန့်ရေးစီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်လာပြီးနောက် မိမိတို့စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုမှန်သမျှကို ပယ်ချသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ နတ်ဇာယီဟူဒါတပ်ဖွဲ့ကို အမေရိကန်က ပစ်မှတ်ထားအရေးယူမှာ ဖြစ်တယ်လို့ Axios သတင်းဝက်ဘ်ဆိုက်က အစောပိုင်းမှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်က ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ…