သတင်း

အလင်းဝင်ဖို့ စာရင်းပေးထားတဲ့ PDF ၂၅၀ ရှိနေတယ်လို့ စစ်ကောင်စီ ပြော

နေပြည်တော် ၊ ဇူလိုင်(၂၈) လက်နက်ချ အလင်းဝင်ဖို့ စာရင်းပေးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၂၅၀ ဦး ရှိပြီး အဲဒီထဲက ၂၃၀ ဦး အလင်းဝင် လာပြီးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၈ ကြိမ်မြောက် သတင်းစာ…

မွန်ပြည်နယ်မှာ မြေပဲဈေးနှုန်း စံချိန်တင် မြင့်တက်လာ

မော်လမြိုင် ၊ ဇူလိုင် (၂၈) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စားသုံးဆီ လိုအပ်ချက် မြင့်မားလာတာအပြင် လက်ကျန်ပစ္စည်း နည်းပါးလာတာကြောင့် မြေပဲဈေးနှုန်း စံချိန်တင် မြင့်တက်လာတယ်လို့ ပဲနှမ်း၊ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။မြေပဲဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်ပထမအပတ်မှာ တစ်တင်းကို ကျပ် ၈၄၀၀၀ သာ ရှိခဲ့ရာမှ ဇူလိုင် နောက်ဆုံးအပတ်မှာတော့ တစ်တင်းကို ကျပ် ၉၃၀၀၀…

ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့က လျှပ်စစ်ဘတ်စ်ကားတွေပြေးဆွဲနိုင်ဖို့စီစဉ်နေ

ဘန်ကောက် – ဇူလိုင်(၂၈) ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ဧရိယာအတွင်းနေ့စဉ်သွားလာနေတဲ့ ခရီးသွားပြည်သူတွေ အတွက် လျှပ်စစ်ဘတ်စ်ကားအစီးရေတစ်ထာင်နီးပါးကို ဒီနှစ်ကုန်ပိုင်းမှာ စတင်ပြေးဆွဲ နိုင်ဖို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထနာကွန် ဝန်ဘွန်ကွန်ချနာရဲ့ ပြောဆိုချက်အရ မြို့တော် ဧရိယာ အတွင်းလျှပ်စစ်ဘတ်စ်ကား တိုးမြှင့်ဖို့ဆိုတဲ့ အစိုးရအဖွဲ့ဝန်ကြီးဌာနရဲ့ အစီစအဉ်ကို အကောင် အထည်ဖော်ဖို့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ထပ်မံအတည်ပြုထားတာပါ။ ဘန်ကောက်အများပြည်သူပို့ဆောင်ဆက်သွယ်ရေးအာဏာပိုင် Bangkok Mass…

မုဒုံမြို့ပေါ်မှာ စရဖတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား တစ်စီး ဖောက်ခွဲခံရ

မုဒုံ ၊ ဇူလိုင် (၂၈) မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ကျောင်းသစ်ဘုန်ကြီးကျောင်းအနီးမှာ ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းက စရဖတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားကို ဖောက်ခွဲခဲ့တယ်လို့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလားတဲ့ ကား ဖောက်ခွဲခံရတာကြောင့် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ…

ရေးမြို့နယ် တံတားကြီးထိပ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရရေး

ဇူလိုင်(၂၈) မွန်ပြည်နယ်၊ ရေးမြို့နယ် တံတားကြီးထိပ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO)က ထုတ်ပြန်ပါတယ်။ဒီစစ်ဆင်ရေးဟာ သေဒဏ်စီရင် ကွပ်မျက်ခံရတဲ့ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့အတွက် သွေးကြွေးပြန်ဆပ်တဲ့ Mission No.1 ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့်…

သေဒဏ်ချမှတ်ခံရသူ ၇၂ ဦး တရားလက်လွတ် သတ်ဖြတ်ခံရမယ့် အလားအလာ ရှိနေတယ်လို့ AAPP ပြော

ရန်ကုန် ၊ ဇူလိုင် (၂၈) အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ နိုင်ငံအကျဉ်းသား ၇၂ ဦးဟာ တရားလက်လွတ် သတ်ဖြတ်ခံရမယ့် အလားအလာတွေ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊…

“ဆံချည်တစ်မျှင်တောင်နောက်မဆုတ်ဘူး”

ယင်းမာပင် – ဇူလိုင်(၂၇) ဒီနေ့ ဇူလိုင်လ(၂၇) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး “ဆံချည်တစ်မျှင်တောင်နောက်မဆုတ်ဘူး” ဆိုခဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

မွန်ပြည်နယ်လွှတ်တော်ရုံးဂိတ်လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

မော်လမြိုင် – ဇူလိုင်(၂၇) မွန်ပြည်နယ်လွှတ်တော်ရုံးဂိတ်ကို Federal Freedom UG အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၇) ရက်နေ့ ညနေ(၆) နာရီကျော်က ပြုလုပ်ခဲ့တာဖြစ်ပြီး Federal Freedom UG တပ်ဖွဲ့ဝင်တွေ အထိအခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ “ညနေပိုင်းလောက်ကတော့ အဲ့ဒီနားမှာ ရဲတွေနဲ့…

တစ်နိုင်ငံလုံးက NLD ပါတီဝင် (၂၇) ဦးကို စစ်ကောင်စီနဲ့ အပေါင်းအပါတွေသတ်ဖြတ်ခဲ့

ရန်ကုန် – ဇူလိုင်(၂၇) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် (၂၆) ဦးကို စစ်ကြောရေးငရဲခန်းနဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေဖြစ်တဲ့ စွန်ရဲ၊ ပျူစောထီအဖွဲ့တွေက သတ်ဖြတ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရန်ကုန်တိုင်း ဒုတိယဥက္ကဌ ဒေါက်တာဘိုင်အိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်တာတွေရှိနေတာပါ။ “သတ်ဖြတ်ခံရတဲ့အထဲမှာ ပါတီဝင်(၁၁) ဦးပါပြီးတော့…

ရန်ကုန်မှာစရိုက်ဆန်ဆန်သောင်းကျန်းခဲ့တဲ့ လူတစုကို စစ်ကောင်စီကတုံ့ပြန်အရေးမယူတဲ့အပေါ် ပြည်သူတွေ မေးခွန်းထုတ်

ရန်ကုန် – ဇူလိုင်(၂၇) စစ်ကောင်စီရဲ့ မတရားသေဒဏ်ချမှတ်ခံထားရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ မိသားစု နေအိမ်တွေမှာ လူရမ်းကားတစ်စုက လာရောက်သောင်းကျန်းခဲ့ပေမယ့် စစ်ကောင်စီက အရေး မယူခဲ့တာနဲ့ပတ်သက်ပြီး ရန်ကုန်လူထုက ဝေဖန်ခဲ့ကြပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဆဲဆိုရမ်းကားခဲ့တဲ့အပြင် လူတစ်ဦးက ဆဲဆိုနေတဲ့ လူအုပ်စုကို ငွေရှင်းပေးနေတဲ့ ရုပ်သံဖိုင်ထွက်ရှိထားပါတယ်။ “ဒါဟာတိုင်းပြည်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရဆိုင်ရင် ရန်ကုန်မြို့ ပေါ်မှာ သပိတ်…