တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ခရီးစဉ် လုံခြုံရေးလာယူတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရ
တနင်္သာရီ၊ ဒီဇင်ဘာ(၈) စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကိုရဲ့ ဖောင်တောကြီး ရေအားလျှပ်စစ်စီမံကိန်း ကွင်းဆင်းသွားရောက်ခဲ့တဲ့ ခရီးစဉ်အတွက် လုံခြုံရေးလာယူပေးတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် လုံခြုံရေးလာယူတဲ့ တပ်အင်အား ၃၀၀ ကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းကို သရက်ငုတ်ကျေးရွာ အရောက်မှာ ထားဝယ်ပြောက် ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက…
