စစ်ကောင်စီကို ICC မှာ ချက်ချင်းအရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ထုတ်ပြန်
မော်လမြိုင် – ဒီဇင်ဘာ(၁၇) စစ်ကောင်စီက ပြည်သူတွေကို ကျူးလွန်နေတဲ့ပြစ်မှုတွေကနေ ကင်းလွတ်ခွင့်ရနေတာ အဆုံးသတ်ပြီး နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC) အနေနဲ့ ချက်ချင်းအရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် တလျှောက်လုံး စစ်ကောင်စီကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးမယူရင် ပိုပြီးကြီးမားလာဖို့ပဲရှိတယ်လို့ SAC-M ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့…
