ထွေအုပ်ရုံးမှာ အခြေစိုက်လျက်ရှိတဲ့ ဒီစစ်ခွေးရဲ့တပ်စိတ်နေရာကို ကျွန်တော်တို့ ဝင်စီးပေမယ့် သူတို့ကတော့ မရှိတော့ဘူးပေါ့။ လက်နက်(၄၂) လက် ရရှိခဲ့တယ်။
ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီနဲ့ဆက်သွယ်မေးမြန်းချက်။ ချင်းပြည်နယ်၊ မြောက်ပိုင်း ထန်တလန်မြို့ရှိ စစ်ကောင်စီမြို့မရဲစခန်းကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ထန်တလန်ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၉ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ် ၄၀ ကျော်နဲ့ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့တာပါ။ ဒါကြောင့် ထန်တလန်မြို့မစခန်းသိမ်းတိုက်ပွဲ အခြေအနေ၊ စစ်ကောင်စီရဲ့ လတ်တလော စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး…
