သတင်း

စစ်အာဏာသိမ်း (၇၄၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၈၆ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၁) AAPP ရဲ့ ဖေဖော်ဝါရီ(၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၄၀)ရက်အတွင်း ပြည်သူ (၂၉၈၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၇၂၅ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစနစ်အသုံးပြုဖို့ စစ်ကောင်စီပြင်ဆင်

နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၁) စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ အီလက်ထရောနစ်နဲ့ မဲပေးတဲ့စနစ်အသုံးပြုဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အီလက်ထရောနစ် မဲပေးစနစ် စမ်းသပ်ပြင်ဆင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၉ ရက်မှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်တွေက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။…

KNU သထုံခရိုင်မှာ မြေမြှုပ်မိုင်းမိနင်းပြီး အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရ

သထုံ၊ ဖေဖော်ဝါရီ(၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ ဘားအံမြို့နယ်မှာ BGF တပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းပြီး အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ…

စစ်အုပ်ချုပ်ရေးကြောင့် ကရင်ပြည်နယ်မှာ မလုံခြုံမှုနဲ့ လူမှုဘဝကျပ်တည်းမှု ပိုမိုကြုံတွေ့လာရ

ကြာအင်းဆိပ်ကြီး၊ ဖေဖော်ဝါရီ(၁၁) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်က စစ်ရေးတိုးချဲ့ပြင်ဆင်တာအပြင် အစစ်ဆေးကြမ်းနေတာကြောင့် ပြည်သူလူထုတွေဟာ မလုံခြုံမှုနဲ့ လူမှုဘဝကျပ်တည်းမှုတွေကို ပိုမိုကြုံတွေ့လာနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါ တယ်။ စစ်ကောင်စီဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း(၃၇)မြို့နယ်ကို စစ်အုပ်ချုပ်ရေး Martial Law ကျင့်သုံးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ…

ရေးမြောက်ပိုင်းဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ

ရေး၊ ဖေဖော်ဝါရီ(၁၁) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့စပြီး စစ်ကောင်စီတပ်ဟာ ရေးမြောက်ပိုင်းဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဒေသပြည်သူ့ကာ ကွယ်ရေးအဖွဲ့တာ ဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေးမြို့နယ် မြောက်ပိုင်းဘက်ကျေးရွာတွေဖြစ်တဲ့ ဘဲလမု၊ ရွာဟောင်းကျေးရွာ အပါအဝင် ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး…

ထားဝယ် ပကာရီရဲစခန်းကို ပူးပေါင်းတပ်ဝင်တိုက်

ထားဝယ်၊ ဖောဖော်ဝါရီ(၁၁) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဖေ ဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက တော်လှန်ရေးအင်အားစုပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၃ နာရီလောက်မှာ တပ်အင်အား ၁၀၀ ကျော် တပ်စွဲနေထိုင်နေတဲ့ ပကာရီရဲစခန်းကို KTLA၊ ထားဝယ်ခရိုင် ပကဖနဲ့မဟာမိတ်ညီနောင်အဖွဲ့တွေက…

လူငယ်တော်လှန်ရေးသမားတွေ စိတ်ရှည်ကြဖို့ ABSDF ဥက္ကဋ္ဌ တိုက်တွန်း

ဂန့်ဂေါ – ဖေဖော်ဝါရီ(၁၀) နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ လူငယ်တော်လှန်ရေးသမားတွေအနေနဲ့ တော်လှန်ရေးအပေါ် စိတ်ရှည်ကြဖို့ စုစည်းညီညွတ်ကြဖို့နဲ့ စဉ်ဆက်မပြတ်လေ့လာနေကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ရဲဘော်သံခဲ က ပြောခဲ့ပါတယ်။ ABSDF ဥက္ကဋ္ဌရဲဘော်သံခဲနဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒီနှစ်အစောပိုင်းက ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF) ကို ပထမအကြိမ်သွားရောက်ခဲ့ကြပြီး နောက် ယောနက ခန်းမမှာ တော်လှန်ရေး ရဲဘော်တွေကို…

ကနီမှာ စစ်ကောင်စီ ထောက်ပို့သင်္ဘောကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်

ကနီ – ဖေဖော်ဝါရီ(၁၀) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သပြေတောရွာနားမှာ သောင်တင်နေတဲ့ စစ်ကောင်စီထောက်ပို့ သင်္ဘော တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်လိုက်တယ်လို့ ကျောက်လုံးကြီး KLG PDF က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီသင်္ဘောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၁) ရက်နေ့က ကနီးမြို့နယ်မှာ စတင်သောင်တင်နေတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား (၂၀) ထက်မနည်းသေဆုံးခဲ့တယ်လို့ ဆိုထားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ တခြား…