ပါတီမှတ်ပုံတင်ဖို့ မွန်ညီညွတ်ရေးပါတီ ဆုံးဖြတ်
မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၂) တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်ပြည်နယ်အဆင့်မှာ ပါတီမှတ်ပုံ တင်ဖို့ ပါတီဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ကန့်သတ်ချက်တွေကြောင့် မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြန်လည်မှတ်ပုံတင်ဖို့ ဗဟိုကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ခေါ်ယူခဲ့တာပါ။ ဒီကနေ့ ခေါ်ယူတဲ့ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်နယ်အဆင့်မှာ မှတ်ပုံတင်ဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပြီး…
