ရခိုင်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာတွေရှိ လူနေအိမ်တွေကို စစ်သားတွေက ဖျက်ဆီးယူဆောင်နေ
စစ်တွေ၊ ဖေဖော်ဝါရီ (၁၂) ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်တွေ စခန်း ချရာနေရာတွေရဲ့ အနီးဝန်းကျင်ရွာတွေမှာရှိတဲ့ အိမ်ကြီးအိမကောင်းတွေကို စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးပြီး အိမ်ဆောက်ပစ္စည်းတွေနဲ့ လူ့အသုံးအဆောင်တွေကို ယူဆောင်သွားတာတွေလုပ်ဆောင်နေလို့ ဒေသခံတွေထံမှ သိရပါတယ်။ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရ အပစ်ရပ်ထားလိုက်ကြပေမယ့် စစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်ကြတဲ့ ရခိုင်စစ်ရှောင်အများစုဟာနေရပ်ပြန်ဖို့ အဆင် မပြေနိုင်ကြသေးဘဲ လူနေအိမ်တွေဟာ ပိုင်ရှင်မဲ့သဖွယ်ဖြစ်နေကြချိန်မှာ စစ်ကောင်စီတပ်သားတွေက အခုလို ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို…
