သတင်း

KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဝါးဆုံးဖြစ်လာ

ကော်သူးလေ၊ ဖေဖော်ဝါရီ(၁၄) ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာအတွင်း စစ် ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဟာ အဆိုးဝါးဆုံးအခြေအနေအထိ ရောက်ရှိလာတယ်လို့ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းကာလအတွင်း KNU အုပ်ချုပ်နယ်မြေထဲကို ကျေးရွာထဲကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေအပြင် တိုက်ပွဲဖြစ်ပွားပါက အရပ်သားတွေကို လူသားဒိုင်းအဖြစ်…

ဗိုလ်ချုပ် (၁၀၈) နှစ်ပြည့်မွေးနေ့ ဂုဏ်ပြုသံချပ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်

ဆားလင်းကြီး – ဖေဖော်ဝါရီ(၁၃) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကူညီမှုနဲ့ မုံရွာ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့နဲ့ လက်ပံတောင်းတောင် ပင်မသပိတ်တို့ က ဒီနေ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း (၁၀၈) နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုသံချပ်နဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ –…

ညောင်လေးပင်ဘူတာ ဗုံးပေါက်ကွဲမှုကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ညောင်လေးပင်၊ ဖေဖော်ဝါရီ(၁၄) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ ရထားဘူတာရုံမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ဗုံးပေါက် ကွဲမှုကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ညောင်လေးပင်ဘူတာမှာ ခရီးသည်တွေ…

ဘီးလင်းမြို့နယ်မှာ ဦးဇင်း ၂ ပါးနဲ့ ကိုရင် ၁ ပါး လက်နက်ကြီး ထိမှန်ဒဏ်ရာရ

ဘီးလင်း – ဖေဖော်ဝါရီ(၁၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မိကျောင်းအိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း ၂ ပါးနဲ့ ကိုရင် ၁ ပါး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU သထုံခရိုင်က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၉ ကနေ ပြီးခဲ့တဲ့…

KNDF ဗျူဟာ-၃၊ အပတ်စဉ်-၂ စစ်သင်တန်းဆင်းပွဲကျင်းပ

လွိုင်ကော် – ဖေဖော်ဝါရီ(၁၃) ကယားပြည်နယ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) ဗျူဟာ-၃ ၊ အပတ်စဉ်(၂) စစ်သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ(၁၂) ရက်နေ့က ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။ စစ်သင်တန်းကို KNDF တပ်ရင်း – ၉ ၊တပ်ရင်း-၁၀ နဲ့ တပ်ရင်း – ၁၅ ကရဲဘော်တွေ တက်ရောက် ခဲ့ကြပြီး စစ်ရေးပြတာ၊ သစ္စာရေသောက်တာတွေကိုလည်း သင်တန်းဆင်းပွဲမှာ…

ပုလောမြို့နယ်မှာ အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၇ ဦး အသတ်ခံရ

ပုလော – ဖေဖော်ဝါရီ(၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ညောင်ရှင်ကုန်းကျေးရွာမှာ အသက် ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၇ ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ ညောင်ရှင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နေအိမ်ကို လက်နက်ကိုင်…

“ပြည်သူတွေကို လက်နက်တပ်ဆင်ပေးလိုက်တဲ့တာက သူတို့နဲ့ရှိနေတဲ့ ပဋိပက္ခက ပြည်သူအချင်းချင်း ဖြစ်ပွားတဲ့ ပဋိပက္ခအသွင်မျိုး ရောက်သွားအောင် တမင်ဖန်တီးပြီး လုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့တောင် ကျွန်တော်တို့ ဝေဖန်သုံးသပ်လို့ ရကောင်းရနိုင်တယ်”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။ အရပ်သားတွေအပါအဝင် ဝန်ထမ်းတွေပါ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံးက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်ဆောင်ခွင့်မူမှာ ဝန်ထမ်းတွေအပြင် အရပ်သားတွေပါ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။ လက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်မှုဟာ စစ်ကောင်စီမှာ ဘယ်လို ရည်ရွယ်ချက်တွေရှိနေလဲ။ ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေ၊ နိုင်ငံတကာ လက်နက်ကိုင်ဆောင်ခွင့်မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ…

တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ်မြောက်အခမ်းအနားသဝဏ်လွှာ NUG ကိုပေးပို့

မော်လမြိုင် – ဖေဖော်ဝါရီ(၁၂) အမျိုးသားညီညွတ်ရေးအစိုးရကဦးဆောင်ကျင်းပတဲ့ (၇၆) နှစ်မြောက် (ပင်လုံ စာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက်) အထိမ်းအမှတ်အခမ်းအနားကို တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေက အာဏာဆုပ်ကိုင်ထားနိုင်ဖို့ရှေးရှုပြီး တိုင်ပြည်အာဏာကို လက်နက်အားကိုးနဲ့ လက်ဝါးကြီးအုပ်ထားနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် တန်းတူအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးတို့ဟာ လက်ရှိအချိန်ထိ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တာ မရှိသေးဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)…