TLT Radio||- ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၄) ရက် အင်္ဂါနေ့ ည(၉)နာရီ ရေဒီယိုထုတ်လွှင့်မှု
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/-R98JspfkpQ
ရန်ကုန် – ဖေဖော်ဝါရီ(၁၄) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) ကျောင်းသား ခေါင်းဆောင် ဟောင်း ကိုလင်းထက်နိုင်(ခ) ဂျိမ်းကို စစ်ကောင်စီက ထောင်ဒဏ်(၅) နှစ်ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကိုလင်းထက်နိုင်ကို စစ်ကောင်စီလက်အောက်ခံ ဗိုလ်တထောင်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(ခ)နဲ့ ထောင်ဒဏ်(၅) နှစ်ထပ်မံချမှတ်လိုက်တာပါ။ ထောင်ဒဏ်ထပ်မံချမှတ်ခံလိုက်ရတဲ့ အမှုဟာ ပုဒ်မ…
မြိတ် – ဖေဖော်ဝါရီ(၁၄) တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၃) ရက်နေ့ မနက်ပိုင်းက ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ပဲပြုတ်နံပြားကျွေးတဲ့ ဇနီးမောင်နှံနှစ်ဦး ခေါ်ယူစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဇနီးမောင်နှံနှစ်ဦးဟာ မြိတ်မြို့ ပါရမီရပ်ကွက် ကဖြစ်ပြီး သူတို့ကို ပဲပြုတ်နံပြားကျွေး လို့ စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ပဲပြုတ်နံပြားကျွေးလို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့…
ဘန်ကောက်၊ ဖေဖော်ဝါရီ(၁၄) ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ကျင်းပနေစဉ်အတွင်း ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ လှည့်စားမှုတွေကို သတိထားဖို့အတွက် ထိုင်းရဲတွေက သတိပေးလိုက်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် အချစ်ဇာတ်လမ်းဆင်တဲ့ လိမ်လည်မှုတွေအပြင် ဆိုက်ဘာရာ ဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ဒီလိုနေ့ကို အခွင့်ကောင်းယူ အသုံးချနေသူတွေရှိတယ်လို့ ထိုင်းတော်ဝင်ရဲ တပ်ဖွဲ့ နည်းပညာ မှုခင်းနှိမ်နင်းရေးဌာနခွဲမှ လက်ထောက်အကြီးအကဲက သတိပေးခဲ့တာပါ။ လိင်ပိုင်ဆိုင်ရာ အမြတ်ထုတ်ခံရတဲ့အခြေအနေဟာ အဝတ်အစားမပါတဲ့ဓါတ်ပုံတွေ…
မော်စကို – ဖေဖော်ဝါရီ(၁၄) Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လတ်တလောတွေ့ရှိချက်တွေကို ဆွေးနွေးဖို့ နေတိုး အရးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်သင့်တယ်လို့ ရုရှားနိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ အမေရိကန်ရေတပ်ရဲ့ ရေငုပ်သမားတွေဟာ သမ္မတဘိုင်ဒင်ရဲ့ အမိန့်အရ ဖောက်ခွဲရေးပစ္စည်း တွေနဲ့ ပိုက်လိုင်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ၁၉၇၀ ခုနှစ်မှာ ပူလစ်ဇာဆုရရှိခဲ့တဲ့ စုံစမ်း စစ်ဆေး…
ဖနွမ်းပင် – ဖေဖော်ဝါရီ(၁၄) ကမ္ဘောဒီးယား ခေါင်းဆောင်ဟွန်ဆန်ရဲ့ သားဖြစ်သူနဲ့ပတ်သက်တဲ့ သတင်းဖော်ပြမှုကြောင့် အမှီအခိုကင်းပြီး လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Voice of Democracy ကို ပိတ်ပစ်ဖို့ သမ္မတဟွန်ဆန်က အမိန့်ပေးခဲ့ပါတယ်။ ကမ္ဘာ့ကာလအရှည်ကြားဆုံးခေါင်းဆောင်တွေထဲမှာအပါအဝင်ဖြစ်တဲ့ မစ္စတာဟွန်ဆန်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး အတိုက်အခံပြုလုပ် သူအားလုံးကို ဖြိုခွင်းနေတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ ခမာ၊အင်္ဂလိပ်ဘာသာတို့နဲ့ ထုတ်လွှင့်နေတဲ့…
မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၄) AAPP ရဲ့ ဖေဖော်ဝါရီ(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၄၃)ရက်အတွင်း ပြည်သူ (၂၉၈၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၁၇၇ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၄) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ပေမယ့် တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းကွာဝေးဆဲဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဖွင့်ဟဝန်ခံလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေး နွေးကာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ၇၆ ကြိမ်မြောက် ပြည် ထောင်စုနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က…
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၄) တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ဖို့အတွက် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပါတီဗဟိုကော်မ တီ အစည်းအဝေးမှာ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့တာပါ။ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံးမှာ စည်းရုံမယ့်ပါတီအဖြစ် မှတ်ပုံတင်ဖို့ အခက် အခဲရှိတာကြောင့် မွန်ပြည်နယ်အဆင့်မှာပဲ ပါတီမှတ်ပုံတင်သွားဖို့ ဆုံးဖြတ်ခဲ့တာ…