ဖေ့စ်ဘွတ်ခ်အသုံးပြုခွင့်ပိတ်ပစ်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ခြိမ်းခြောက်

0
2728

ဖနွမ်းပင်၊ ဇူလိုင်(၁) 

ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ရဲ့ နိုင်ငံရေးအတိုက်အခံတွေကို သွေးထွက်သံယို ဖြစ်အောင်လုပ် မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုတစ်ခုကို ဖေ့ဘုတ်ကနေ ဖယ်ရှားဖို့ Meta ကုမ္ပဏီက ပြောကြားခဲ့ပြီးတဲ့ နောက် နိုင်ငံအတွင်း Facebook ကို အသုံးပြုခွင့်ပိတ်ပစ်လိုက်မယ် လို့ ဝန်ကြီးချုပ်က ဇွန်(၃၀) ရက်နေ့မှာ ပြန်လည်ခြိမ်းခြောက်ခဲ့ပါတယ်။ 

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီကို အဓိကစိန်ခေါ်နိုင်မယ့်သူအား ပါတီမှတ်ပုံ တင်ခွင့်မပြုဖို့ အာဏာပိုင်တွေက ငြင်းပယ်လိုက်ပြီးတဲ့နောက်မှာ ဒီလိုသတိပေးချက်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 လာမယ့်ဇူလိုင်(၂၃)မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အတုအယောင်ရွေးကောက်ပွဲဆိုပြီး အများက ကျယ်ကျယ်ပြန့်ပြန့်မှတ်ယူထားကြတာပါ။

 ဝန်ကြီးချုပ်ဟွန်ဆန်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဖေ့ဘုတ်ကဖြုတ်ချခဲ့ပြီး အကောင့်ကိုပိတ်ပစ်မယ်လို့ မီတာကုမ္ပဏီက ကြာသပတေးနေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ 

ဟွန်ဆန်ရဲ့ဗီဒီယိုထဲမှာ အတိုက်အခံနိုင်ငံရေးသမားတွေကို အကြမ်းဖက်မှုတွေပြုလုပ်ဖို့ ရည်ရွယ်ချက်တွေရှိနေ တယ်လို့ ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းပြောကြားထားတာပါ။ 

Facebook ကို ကာလရှည်ကြာအသုံးပြုသူတစ်ဦးဖြစ်တဲ့ မစ္စတာ ဟွန်ဆန်ဟာ ဒီဖြစ်ရပ်ကြောင့် ဖေ့ဘွတ် သုံးစွဲမှုကို ရပ်တန့်ပြီး အကောင့်ကို ဖျက်ပစ်မယ်လို့ ကြာသပတေးနေ့ ည က ပြောကြားခဲ့ပါတယ်။

 ပါဆက်ပြည်နယ်မှာရှိတဲ့ အထည်ချုပ်လုပ်သားတွေကို ဟွန်ဆန်က ပြောကြားရာမှာတော့ နိုင်ငံအတွင်းရှိ ပြည်သူတွေအနေနဲ့ ပြည်ပြေးနိုင်ငံရေးသမားတွေနဲ့ ဆက်သွယ်မှုကို ကာကွယ်နိုင်ဖို့အတွက် ဖေ့ဘုတ်ကို ကာလတို ဒါမှမဟုတ် အမြဲထာဝရ ပိတ်သွားမယ်လို့ သတိပေးထားပါတယ်။

 “ကိုယ့်ကိုကိုယ် အထင်မကြီးပါနဲ့ … ခင်ဗျားတို့က တိုင်းတပါးမှာ နေနေတာ၊ ဆက်သွယ်ပြော ဆိုရေးအတွက် Facebook ကို ခင်ဗျားတို့သုံးမယ်ဆို ကျွန်တော့်အနေနဲ့က Facebook ကို ပိတ်ပစ်လိုက်နိုင်တဲ့ အခြေအနေမှာ ရှိတယ်”လို့ တိုင်းပြည်ကနေတိမ်းရှောင်နေရတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို မစ္စတာဟွန်ဆန်က ပြောကြားခဲ့ပါတယ်။ 

ဒ့ါအပြင် ကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့ တယ်လီဂရမ်၊ တစ်တော့၊ Line၊ Viber နဲ့Meta ကုမ္ပဏီပိုင် WhatsApp တို့အပါအဝင် တခြားဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ဒေါင်းလုပ်ရယူ သုံးဆွဲကြဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.