သတင်း

KNU လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ထိန်သိမ်းကြပ်မတ်ပေးဖို့ KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ်ထံ စစ်ကောင်စီစာပို့

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀) ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ KNU ဥက္ကဋ္ဌ နဲ့ KNLA စစ်ဦးစီးချုပ်ထံ စစ်ကောင်စီ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ KNU လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးရေးဆိုတဲ့ အကြောင်းအရာနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီထံ စစ်ကောင်စီ အမျိုးသားညီညွတ်ရေးနဲ့…

မွန်ပြည်နယ်မှာ လူငယ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ထဲဝင်ဖို့ လိုက်လံစည်းရုံးတာတွေရှိနေ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀) မွန်ပြည်နယ်မှာ လူငယ်တချို့ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ထဲဝင်ရောက်ဖို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲသတင်းပေးတွေက လိုက်လံစည်းရုံးတာတွေ ရှိနေတယ်လို့ ဒေသခံလူငယ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လူငယ်တွေကို စည်းရုံးရာမှာလည်း ဒီအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ထဲ ဝင်ရောက်ပါက ရာထူးတိုး မြန် ဆန်ပြီး လစာကောင်းတွေလည်း ရရှိမှာဖြစ်တယ်လို့ဆိုပြီး လိုက်လံစည်းရုံးနေတာပါ။ အဲဒီလို လိုက်လံစည်းရုံးမှာ ရပ်ကွက်၊ ကျေးရွာတွေအတွင်းရှိ…

ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်နေတဲ့ က.ပ.စ-၁၄ လက်နက်ကြီးနဲ့ ပစ်ခံရ

ငဖဲ – ဖေဖော်ဝါရီ(၉) ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက် ခံ က.ပ.စ -၁၄ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PRA Magway စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ မနက်အစောပိုင်းက ငဖဲမြို့နယ်အခြေစိုက် က.ပ.စ-၁၄ ယမ်းချက် စက်ရုံကို PRA Magway ရဲ့…

မဲဆောက်လေဆိပ်ကို ဘတ်မီလျံ(၁၀၀၀) ကျော်အကုန်ကျခံပြီး အဆင့်မြှင့်မယ်

မဲဆောက် – ဖေဖော်ဝါရီ(၉) ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်လေဆိပ်ကို ခရီးသည်တင်လေယာဉ်အမျိုးအစား A320 နဲ့ ဘို ရင်း-၇၃၇ တို့ ဆင်းသက်နိုင်ရေးအတွက် ဘတ်ငွေမီလျံတစ်ထောင်ကျော်အသုံးပြုပြီး ပြင်ဆင် သွားဖို့ ရှိတယ်လို့ လေကြောင်း အာဏာပိုင်ဦးစီးဌာနနဲ့ နီးစပ်တဲ့ရင်းမြစ်တွေမှာ ဖော်ပြထားပါ တယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေယာဉ်ပြေးလမ်းအသစ်ချဲ့ထွင်းတာကို ဆောင်ရွက်ပြီးစီးဖွင့်လှစ်ထား ကာ Thai Air Asia ကလည်း…

အလုပ်အလွန်အကျွံလုပ်ပြီး သေဆုံးခဲ့တဲ့ ထိုင်းအမျိုးသားရဲ့မိသားစုကို ကုမ္ပဏီကနစ်နာကြေးပေးမယ်

ဘန်ကောက်၊ ဖေဖော်ဝါရီ(၉) ထိုင်းသတင်းရုပ်သံလိုင်းတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးဟာ အလုပ်လုပ်နေစဉ်အတွင်း လုပ်ငန်းခွင်ကစားပွဲခုံပေါ်မှာ သေဆုံးခဲ့တဲ့အတွက် ကုမ္ပဏီဘက်က မိသားစုဝင်တွေကို နစ်နာကြေးပေးသွားမယ်လို့ ဆိုပါတယ်။ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ Thai News Network TNN အဆောက်အအုံမှာ အလုပ်စား ပွဲပေါ်မှ လဲကျသေဆုံးခဲ့တဲ့သူဟာ အသက် ၄၄ နှစ် အရွယ်ရှိတဲ့ ဆူရာဝတ် ဆီရီဆာဝတ်ပဲဖြစ်ပါတယ်။ သူဟာ အစီအစဉ်…

လူမြင်ကွင်းပြန်ထွက်လာတဲ့ ကင်ဂျုံအွန်းက စစ်ပွဲအတွက်ပြင်ဆင်ဖို့ အမိန့်ပေး

ပြုံယမ်း – ဖေဖော်ဝါရီ(၉) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ လူမြင်ကွင်းကနေ (၃၆) ရက်ကြာပျောက်ကွယ် ရာကနေ ရုတ်တရက်ပြန်ပေါ်လာပြီးနောက် နိုင်ငံကို စစ်ပွဲအတွက် ပြင်ဆင်ဖို့ အမိန့်ပေးခဲ့တယ် လို့ သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အာဏာရအလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်အစည်းအဝေး မှာ တစ်လကျော်ကြာလူသိရှင်ကြားထုတ်ပြန်ထားတာမရှိတဲ့ အကြောင်းပြချက်နဲ့ ပျောက်ကွယ် ရာကနေ ပထမဆုံးအကြိမ် အဖြစ် လူမြင်ကွင်းကို…

“ရှရှားနဲ့လိုတာထက်ပိုတဲ့ ပူးပေါင်းမှုတွေကို ဆောင်ရွက်လာတာတွေ ကျွန်တော်တို့ တွေ့ရတယ်။ ဒီလိုကိစ္စတွေ ကလည်း ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကို ထိပါးလာနိုင်တဲ့ အနေအထားတွေ ဖြစ်ပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေး မြန်းချက်။ အာဏာသိမ်း စစ်ကောင်စီဟာ ရုရှားအကူအညီနဲ့ နျူးကလီးယားနည်းပညာသတင်းအချက်အလက် စင်တာကို ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကဖွင့်လှစ်ခဲ့ပြီးနောက်နျူးကလီးယား နည်းပညာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဟာ ရုရှားနည်းပညာနဲ့ နျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့နဲ့ နျူးကလီးယားလုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်သွားဖို့…

ထီးလင်းမှာ အရပ်ဝတ်စစ်ကောင်စီထောက်လှမ်းရေးတွေဖမ်းဆီးချိန်ထွက်ပြေးလို့ အသေ ပစ်ခတ်ဖမ်းဆီး

ထီးလင်း – ဖေဖော်ဝါရီ(၉) မကွေးတိုင်း၊ထီးလင်းမြို့နယ်မှာ အရပ်ဝတ်နဲ့ လှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီထောက်လှမ်း ရေးတွေကို ဖမ်းဆီးရမိချိန်မှာ ထွက်ပြေးတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ YRA ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ က Yaw Revolution Army ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ သူတို့တွေဟာ…