သတင်း

ပုလောမြို့နယ် ပလတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ပုလော၊ ဖေဖော်ဝါရီ(၉)တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ တိုရွာမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ နေ့လည် ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နယ်မြေလုံခြုံရေး လိုက်လံ ဆောင်ရွက်စဉ် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အချိန်…

စစ်အာဏာသိမ်း (၇၃၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၆၄ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၉) AAPP ရဲ့ ဖေဖော်ဝါရီ(၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၈)ရက်အတွင်း ပြည်သူ (၂၉၆၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၆၉၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

မွန်ပြည်နယ်မှာ တစ်နိုင်တစ်ပိုင်ကြက်မွေးမြူရေးလုပ်ငန်း အားလုံးနီးပါး ရပ်နားလိုက်ရပြီ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၉) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အထွေထွေ အကျပ်အတည်းတွေကြောင့် တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်း အားလုံးနီးပါး ရပ်နားလိုက်ရပြီလို့ မွေးမြူရေးလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းတွေဟာ မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ဆေးဈေးတွေ အဆမတန်မြင့်တက်လာတာ၊ ကြက်ခြံဆောက်လုပ်ရေး စရိတ်ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ်နဲ့ လုပ်အားခတွေပါ မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ရပ်နားလာရတာ ဖြစ်ပါတယ်။…

သထုံခရိုင်က ဒေသခံ ၅၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

သထုံ၊ ဖေဖော်ဝါရီ(၉) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံ ၅၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ပထမအပတ်အတွင်း သထုံမြို့နယ် ထုံးဘိုကြီးနဲ ထုံးဘိုလေးကျေးရွာ၊ ဘားအံမြို့နယ်ထဲက မင်းစောကျေးရွာ၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာထဲကို လက်နက်ကြီးနဲ့…

အာဏာသိမ်းမှုနဲ့အတူ မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပြန်လည်ကြီးထွားလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၉) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းအန္တရာယ်ဟာ အာဏာသိမ်းမှုအကျိုးအဆက်နဲ့အတူ ပြန်လည်ကြီးထွားလာပြီး ဒေသခံပြည်သူလူထုတွေရဲ့ အသက်အန္တရာယ်ကိုပါ ထပ်မံခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။ နိုင်ငံတကာ မိုင်းတားမြစ်ရေးစာချုပ်ကို အတည်ပြုပြီး (၂၅) နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ မြေမြှုပ်မိုင်းတွေကို အင်နဲ့ အားနဲ့အသုံးပြုနေတာဟာ မြန်မာနဲ့ရုရှားတို့နှစ်နိုင်ငံသာ ရှိတော့တယ်လို့ Human Right Watch…

ရေးမြို့နယ်ကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်

ရေး၊ ဖေဖော်ဝါရီ(၉) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရေးမြို့နယ်အပါအဝင် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၇…

တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဝေါလေ-ထီးကပလယ်ကားလမ်း အသုံးပြုခွင့် ပိတ်ပင်

ဝေါလေ၊ ဖေဖော်ဝါရီ(၉) နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ရေးဆက်လက် တင်းမာနေတာကြောင့် KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ ကရင်ပြည်နယ် ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) အမှတ် (၈)တပ်ရင်းမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ပိုင်း ဝေါ်လေဒေသအနီး ထီးကပလယ်ကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ (၃၁)ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဦးဆောင်တဲ့…

မန်စီးတီးအသင်းကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ အသင်းကြီးအများစု ဖိအားပေး

မော်လမြိုင်၊ ဖေဖော်ဝါရီ၊ (၈) မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျည်းစည်းကမ်းတွေ ချိုးဖောက်ထားကြောင်း စိစစ်တွေ့ရှိပါက အမြင်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ ပရီးမီးယားလိဂ်ကလပ် အသင်းကြီး အများစုက ဖိအာပေးနေတယ်လို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ဟာ မန်စီးတီးအသင်းရဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၄ နှစ်ကျော်ကြာ စောင့်ကြည့်လေ့လာပြီးနောက် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု ၁၀၁…