သတင်း

ရေးမြို့နယ်ကိုဗုံးကြဲပြီးနောက် စစ်ကောင်စီလေယာဉ်နဲ့ အဆက်မပြတ်ကင်းထောက်လာ

ပြန်ရေး၊ မေ(၁၄) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ဝါပသဲကျေးရွာနဲ့ PDF တပ်စခန်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေယာဉ်နဲ့အဆက်မပြတ် ကင်းထောက်တာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၇ ရက်၊ ၈ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု ဝါပသဲကျေးရွာအနီးရှိ PDF စခန်းတစ်ခုနဲ့…

မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေ ဈေးထပ်တက်

မော်လမြိုင်၊ မေ(၁၄) ပြည်တွင်းကနေထွက်ရှိနေတဲ့ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ကြက်သွန်နီ၊ကြက် သွန်ဖြူနဲ့ ဂျင်းတို့ဟာ ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် ပစ္စည်းတမယ်ကို ၃၀ ရာခိုင်နှုန်းနီးပါး ဈေးနှုန်းမြင့်တက်လာတယ်လို့ ကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ဖြစ်တဲ့ ကြက်သွန်နီတွေဟာ ပြီးခဲ့တဲ့မေလဆန်းပိုင်းမှာ မုံရွာကြက်သွန်နီအကြီး တစ်ပိဿာကို ကျပ် ၁၅၅၀ ဝန်းကျင်သာ ရှိရာကနေ လက်ရှိမှာတော့ ကျပ်…

မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု အလုပ်မဖြစ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေဝေဖန်

ရန်ကုန်၊ မေ(၁၄) စစ်ရေးပဋိပက္ခတွေနဲ့အတူ အဘက်ဘက်ကနေ အကျပ်အတည်းဆိုက်ရောက်လာတဲ့ မြန်မာ့အရေး ပြေလည်အောင်ဖြေရှင်းဖို့နဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံပွဲဖြစ်ဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုဟာ အလုပ်မဖြစ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်ပြီး နိုင်ငံ့အာဏာသိမ်းယူတဲ့နှစ်မှာ ခေါ်ယူခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း ဒီကနေ့အထိ စစ်ကောင်စီဘက်က ဘာတစ်ခုမှ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကိုယ်တိုင် အဲဒီဘုံသဘောတူညီချက် ၅…

မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် ဒေါ်လာတစ်သန်း NUG မတည်

ရန်ကုန်၊ မေ(၁၄) အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါ အရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာတစ်သန်း မတည်ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က မေ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီနေ့မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ရဲ့ လူသားချင်းစာနာကူညီရေးနဲ့ ဘေး အန္တရာယ်တုံ့ပြန်ရေးကော်မရှင်အစည်းအဝေးမှာ မိုခါအရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေနဲ့ ဆွေး နွေးပြီးနောက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးမှာ ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေးအတွက် ရန်ပုံငွေအမေရိကန် ဒေါ်လာတစ်သန်း…

KNU နယ်မြေမှာ တစ်လအတွင်း အရပ်သား ၇၀ ကျော် ထိခိုက်သေဆုံး

ကော်သူးလေ၊ မေ(၁၄) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ဧပြီလတစ်လအတွင်း စစ်ကောင် စီတပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် အ ရပ်သားပြည်သူလူထု ၇၀ ကျော် ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ပါတယ်။ KNU အုပ်ချုပ်နယ်မြေ ကော်သူးလေနယ်မြေထဲမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုတိုးချဲ့ လုပ်ဆောင်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားကျူးလွန်လျက်ရှိရာ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်က…

ပြည်သူတွေမုန်တိုင်းဒဏ်ခံနေရချိန်မှာ စစ်ခေါင်းဆောင် ဘုရားတည်နေ

မော်လမြိုင် – မေ(၁၃) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ ပြည်တွင်းကို ဖြတ်ကျော်ဝင်ရောက်နေချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုးတုံမြို့၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း ဘုရားထီးတင်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ဒီနေ့ မေလ(၁၃) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ခေါင်းဆောင်ဟာ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော် သွင်းလှူပူဇော်တာ၊ ရွှေထီးတော် အထွတ်တင်အောင်ပွဲနဲ့ ဗုဒ္ဓဘိသေက အနေကဇာတင်…

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေးပံ့ပိုးပေးမယ့် အစီအစဉ်အသစ်ကို G7 နိုင်ငံတွေအကြား ဆွေးနွေးမယ်

တိုကျို၊ မေ(၁၄) G7 အဖွဲ့ဝင် နိုင်ငံတွေရဲ့ လာမယ့်အပတ်မှာကျင်းပမယ့် ထိပ်သီးခေါင်းဆောင်တွေအစည်းအဝေး မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေသို့ ကာကွယ်ဆေး‌ဖြန့်ဝေရေး အစီအစဉ်သစ်တစ်ခုကို တည်ဆောက်ဖို့ သဘောတူညီ ထားပြီးဖြစ်တယ်လို့ ဂျပန်နိုင်ငံက ရိုမီယူရီ သတင်းစာက ဖော်ပြထားပါတယ်။ G7 အပြင် အိန္ဒိယကဲ့သို့ G20 နိုင်ငံတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတ ကာ အဖွဲ့တွေလည်း…

ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေကို တရုတ်အထူးကိုယ်စားလှယ် သွားရောက်မယ်

မော်စကို – မေ(၁၄) ရုရှား၊ယူကရိန်းနဲ့ တခြားဥရောပနိုင်ငံတွေကို လာမယ့် မေလ(၁၅) ရက်နေ့ကစပြီး တရုတ်နိုင်ငံက အထူးသံတမန်တစ်ဦး စေလွှတ်သွားမှာဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း စစ် ဒဏ်ခံနေရတဲ့ နိုင်ငံကို သွားရောက်မယ့် တရုတ်နိုင်ငံရဲ့ ထိပ်တန်း သံတမန်တစ်ဦး ဖြစ်တယ် လို့ သိရပါတယ်။ တရုတ်ဟာ ယူကရိန်းအရေးကနေ အရှေ့အလယ်ပိုင်းအထိ ကမ္ဘာ့အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ဦးဆောင်အခန်းကဏ္ဍကနေ ကြားဝင်ဖျန်ဖြေသူအဖြစ်…

ဘတ်ငွေသန်း(၃၀၀)ကျော်တန်ဖိုးရှိတဲ့ အလှူငွေအလွဲသုံးစားလုပ်တဲ့ ထိုင်းဘုန်းကြီး (၇) ပါး အပါအဝင် (၉) ဦးဖမ်းခံထားရ

ဘန်ကောက် – မေ(၁၄) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ဘုန်တော်ကြီး ကျောင်းတစ်ခုကို လှူဒါန်းထားတဲ့ ဘတ်ငွေ သန်း (၃၀၀) ကျော်တန်ဖိုးရှိတဲ့ ဝတ္ထုငွေ ဆက်စပ်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တယ်လို့ သံသယရှိ တဲ့ ရဟန်း(၇) ပါး အပါအဝင် (၉) ဦးဖမ်းဆီးခံထားရပါတယ်။ အကျင့်ပျက်ခြစားမှုနဲ့ အလွဲသုံးစားပြုမှုတွေအတွက် ပြစ်မှုဆိုင်ရာရုံးတော်က ဘာသာရေး ဦးဆောင်တဲ့ ရဟန်းတွေရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာကို…

ရန်ကုန်မြို့မှာ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲမှုတွေဖြစ်နေ

ရန်ကုန် – မေ(၁၃) ရန်ကုန်မြို့အတွင်းက မြို့နယ်တွေမှာ ဒီနေ့ မေလ(၁၃) ရက် ညနေပိုင်းမှာ ရုတ်တရက်လေပြင်း တိုက်ခတ်မှုတွေကြောင်း သစ်ပင်ပြိုလဲတာတွေ၊ဓာတ်တိုင်လဲတာတွေဖြစ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သစ်ပင်ကျိုးတာနဲ့ ဓာတ်တိုင်ပြိုလဲမှုတွေကြောင့် လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်နေသလို လျှပ်စစ်မီး ပျက်တောက်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။ လက်ရှိအချိန်မှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေက လမ်းပိတ်ဆို့နေတဲ့ နေရာတွေကို သွားရောက် ရှင်းလင်းနေတယ်လို့ အသိပေးထားပါတယ်။ ဓာတ်ပုံ –…