သတင်း

တနင်္သာရီမှာ ခရီးသည်ကား ၂ စီး မိုင်းဆွဲပစ်ခတ်ခံရပြီး ၅ ဦးဒဏ်ရာရ

တနင်္သာရီ၊ မေ(၉) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လသာကျေးရွာအနီး မြိတ်-မောတောင်ကားလမ်းမှာ ထိုင်းနိုင်ငံကိုသွားမယ့် ခရီးသည်ကား ၂ စီး မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ရွေ့ပြောင်းအလုပ်သမား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ ညနေပိုင်းမှာ မြိတ်ဘက်ကနေ မောတောင်ဘက်ကို မောင်းနှင်းလာတဲ့ ရွေ့ပြောင်းအလုပ်သမား ၃၀ ကျော် လိုက်ပါလာတဲ့ မှန်အလုံပိတ်၊…

စစ်အာဏာသိမ်း (၈၂၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၇၆ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၉) AAPP ရဲ့ မေ(၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၂၇)ရက်အတွင်း ပြည်သူ (၃၄၇၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၉၇၃ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၂၂၃) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မုန်တိုင်းသတိပေးချက်ကြောင့် ပြည်သူတွေ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နေ

မော်လမြိုင်၊ မေ(၉) မုန်တိုင်းဝင်ရောက်နိုင်မှု သတိပေးချက်ကြောင့် မွန်ပြည်နယ်အပါအဝင် မုန်တိုင်းဝင်နိုင်တဲ့ ကမ်းရိုး တန်း ဒေသတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ မေ ၉ ရက်နေ့စကပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုကနေ အစပျိုးကာ မြန်မာနိုင်ငံကို မေ ၁၂ ရက်နေ့လောက်မှာ မုန်တိုင်းအဖြစ် ဝင်ရောက်နိုင်မှု အခြေအနေရှိနေတယ်လို့…

KNU နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၂၀,၀၀၀ ကျော် နေရပ်မပြန်ရဲသေး

မော်လမြိုင်၊ မေ(၉) KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးသလို အကူအညီတွေ ဆက်လက်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေထံကနေ သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းမှာ ဧပြီလ (၁)လ တာအတွင်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က…

ရေဖြူမြို့နယ် ဒေသခံ ၃၀ နီးပါး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

ရေဖြူ၊ မေ(၉) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၃၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီနေ့ မေ ၈ ရက်နေ့ မနက်ပိုင်းမှာ ရေဖြူမြို့နယ် ဝက်ချောင်းကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံအမျိုးသား၊အမျိုးသမီး ၂၀…

အာဏာသိမ်းမှုအလွန် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒဿမ ၅ သန်းကျော်ရှိလာ

ရန်ကုန်၊ မေ(၉) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုအလွန် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေနဲ့ ဘဝမလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒဿမ ၅ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်း စာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က မေ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအလွန် အနောက် မြောက်ပိုင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ…

နာဇီတွေပုံစံအတိုင်း ရုရှားကိုအနိုင်ယူမယ်လို့ ဇီလန်စကီးပြောကြား

ကိဗ်၊ မေ(၉) ၁၉၄၅ ခုနှစ် နာဇီဂျာမနီက တိုက်ခိုက်ခံခဲ့ရသလိုဘဲ ရုရှားတပ်တွေ ယူကရိန်းမှာ အရေးနိမ့်သွားစေမယ်လို့ သမ္မတဇီလန်စကီးက တနင်္လာနေ့က ဒုတိယကမ္ဘာစစ်အဆုံးသတ်တဲ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ကတိပြုပြော ဆိုလိုက်ပါတယ်။ ဇီလန်စကီးဟာ ဥရောပအောင်ပွဲနေ့ဖြစ်တဲ့ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့ မဟာမိတ်တပ်တွေထံ နာဇီဂျာမနီ လက်နက်ချမှုနှစ်ပတ်လည်နေ့မှာ မိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ကိဗ်မြို့ရှိ စစ်ပွဲအောက်မေ့ဖွယ်အခမ်းအနားမှာ ပြောဆိုခဲ့တဲ့သူ့ရဲ့မိန့်ခွန်းဟာ မော်စကိုမြို့ရှိ…

ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရွေးကော် စုံစမ်းစစ်ဆေးနေ

ဘန်ကောက် – မေ(၉) ထိုင်းနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ကြိုတင်မဲပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ပရာယွတ်ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကိုတိုင်ကြားချက်တွေ လူမှုကွန်ရက် မှာဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး လူထုကွန်ရက်အဖွဲ့က အမည်တွေမပါဝင်တာ၊ မဲဆန္ဒလွှာမှာ လူမှားယွင်းတာ၊ မဲရုံရှိ ယှဉ်ပြိုင်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်း မပြည်စုံတာ စတဲ့ တိုင်တန်ချက်(၃၀၀) ကျော်ကို…