မြန်မာနိုင်ငံမှာ အကူအညီပေးနေတဲ့ အာဆီယံအရာရှိတွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အင်ဒို သမ္မတ ရှုတ်ချ
ရန်ကုန် – မေ(၉) မြန်မာနိုင်ငံမှာအာဆီယံအရာရှိတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေချိန် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ရှုတ်ချထား ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အနေနဲ့ တိုက်ခိုက် တာတွေမရှိဘူးလို့ဆိုထားပြီး ရှမ်းပြည်နယ်တောင်ကြီးခရိုင်အတွင်း တိုက်ခိုက်မှုဖြစ်ပွားတဲ့ နေရာ အခြေစိုက် PDF တွေကလည်း ဒီကစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ထားတာမရှိသေးပါဘူး။ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့်(၄၂) ကြိမ်မြောက်…
