သတင်း

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်အောင် ထိရောက်စွာအရေးယူပေးဖို့ CRPH တောင်းဆို

ရန်ကုန်၊ မေ(၁၀) အာဏာသိမ်းစစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်အောင် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ (CRPH)က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ(၈) ရက်နေ့ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးမှာ အရပ်သား ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အမြန်ဆုံးအဆုံးသတ်နိုင်ဖို့အတွက်…

“ ပြည်သူ့ထောက်ခံမှု၊ ဝန်းရံမှုအားအကောင်းဆုံးအချိန်၊ ရေချိန်အမြင့်ဆုံးလို့ ပြောလို့ရတဲ့ ကာလပေါ့။ ကျွန်တော်အမြင်တော့ မကြာတော့တဲ့ကာလမှာ တော်လှန်ရေးရဲ့ အောင်မြင်တဲ့အသီးအပွင့်ကို ခံစားရမယ်လို့ ယုံကြည်ပါတယ်”

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ စစ်တပ်အာဏာသိမ်းယူမှုအပြီး စတင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာ လ ပူးပေါင်းဆောင် ရွက်ရေးကော်မတီ (MSICC) ကနေ လက်ရှိ နိုင်ငံရေးအခြေအနေအရ ပြည်နယ်ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းတစ်ရပ် လိုအပ်နေတဲ့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ…

စစ်အာဏာသိမ်း (၈၂၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၈၆ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၁၀) AAPP ရဲ့ မေ(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၂၈)ရက်အတွင်း ပြည်သူ (၃၄၈၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၉၉၀ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၄၂၂၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မွန်ပြည်နယ်မှာ ဒေသထွက်သီးနှံအထွက်လျော့ပြီး သစ်သီးဈေးနှစ်ဆတက်

မော်လမြိုင်၊ မေ(၁၀) မွန်ပြည်နယ်ကနေထွက်ရှိနေတဲ့ နှစ်ရှည်သီးနှံတွေဖြစ်တဲ့ ဒူးရင်း၊ ကြက်မောက်နဲ့ မင်းဂွတ်သီးတွေဟာ ဒီနှစ်မှာအထွက်နှုန်း သိသိသာသာ ကျဆင်းလာတာကြောင့် ဈေးကွင်းအတွင်း သစ်သီးဈေးနှုန်း နှစ်ဆကျော် မြင့်တက်လာတယ်လို့ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်တွေနဲ့ ခြံရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်းထွက်ရှိနေတဲ့ ရာသီပေါ်နှစ်ရှည်သီးနှံတွေဟာ အရင်နှစ်ကလို ပုံမှန်ထွက်ရှိမှုမရှိတော့ဘဲ သိသိသာသာ ကျဆင်းလာတာ၊ သတ်မှတ်ကာလအတွင်း မထွက်ရှိတာကြောင့် သီးနှံတွေရှားပါးပြီး ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။…

မွန်ပြည်နယ်ရေးမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု စတင်အသုံးပြု

ရေး၊ မေ(၁၀) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ကို အခုမေလကစပြီး စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တာဝန်ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ ည ၁၁ နာရီလောက်မှာ ရေးမြို့နယ်မြောက်ပိုင်း PDF စခန်းတစ်ခုကို လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ မနက်…

ဘုတ်ပြင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

ဘုတ်ပြင်း၊ မေ(၁၀) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအနီးရှိ လေညာ-ဘန်ဂလားတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ ဘုတ်ပြင်းမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၂၀ ကျော် တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေ ၈ ရက်နေ့ ည ၈ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းနဲ့…

KNU နယ်မြေမှာ အခုရက်ပိုင်းအတွင်း လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

ကော့ကရိတ်၊ မေ(၁၀) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရှိရပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေသလို ပြီးခဲ့တဲ့ မေ ၅ ရက်နေ့က ကော့ကရိတ်မြို့အနီးရှိ ကမိုင်ကုန်းကျေးရွာအတွင်းကို…

လက်နက်ခဲယမ်းနဲ့ ပြန်ဝင်လာသူတွေကို ဆုငွေထုတ်ပေးမယ်လို့ စစ်ကောင်စီ ကြေညာ

နေပြည်တော် – မေ(၉) အာဏာသိမ်းစစ်ကောင်စီက လက်နက်ခဲယမ်း ယူလာပြီး သူတို့ဆီပြန်လာသူတွေကို အနည်းဆုံး ကျပ်(၂)သိန်းကနေ အများဆုံးကျပ်(၇၅) သိန်းကျပ်အထိ ဆုကြေးငွေ ပေးအပ်သွားမယ်လို့ ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့တွေထဲကို ရောက်ရှိနေသူတွေ၊ ဥပဒေ ပြင်ပက အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူတွေအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်တယ်လို့…

တရုတ်နိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းထောက်တစ်ဦးအတွက် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး အထူးစိုးရိမ်နေ

ဆစ်ဒနီ၊ မေ(၁၀) သြစတြေးလျနိုင်ငံသား သတင်းထောက်၊ ရုပ်သံတင်ဆက်သူကို တရုတ်နိုင်ငံမှာ ရက်ပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် ပြန်လွှတ်ပေးပြီး မိသားစုနဲ့ဆုံတွေ့ခွင့်ပေးဖို့ ကန်ဘာရာက တောင်းဆို လိုက်ပါတယ်။ တရုတ်အစိုးရပိုင် CGTN သတင်းဌာနရဲ့ အကြီးတန်းသတင်းတင်ဆက်သူ ချန်လေဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ ပျောက်ကွယ်သွားခဲ့ပြီ နောက်ပိုင်းမှာ နိုင်ငံပိုင်လျှို့ဝှက်ချက်တွေကို ပြည်ပနိုင်ငံတွေသို့ ထောက်…

ကနေဒါ သံတမန်ကို တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ ထုတ်ပယ်

ပေကျင်း – မေ(၁၀) ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တရုတ်သံတမန်တစ်ဦးကို နိုင်ငံက ထွက်ခွါဖို့ကြေညာခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံကလည်း ကနေဒါသံတမန် ဂျန်နီဖာလင်း လာလွန်ဒီကို ထုတ်ပယ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ကနေဒါဟာ ဟွာဝေးကုမ္ပဏီရဲ့ ထိပ်တန်း အမှုဆောင်တစ်ဦးကို ဖမ်းဆီးပြီး နောက် တရုတ်နိုင်ငံကလည်း ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံထားရသူတွေအားလုံးပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမယ့်…