အိန္ဒိယမှာ ရထားလမ်းပြုပြင်နေစဉ် အချက်ပြချိတ်ဆက်မှု ချို့ယွင်းခဲ့တဲ့အတွက် အဆိုးရွားဆုံး ပျက်ဆီးမှုဖြစ်ပေါ်
နယူးဒေလီ – ဇူလိုင်(၅) အိန္ဒိယနိုင်ငံမှာ မီးရထားလမ်းအတားအဆီးတစ်ခုကို ပြုပြင်နေတဲ့ အလုပ်သမားတွေဟာ ကွက်ရက်ပေါ်က အလိုအလျောက် အချက်ပြစနစ်မှာ ချိတ်ဆက်မှု မှားယွင်းခဲ့တဲ့အတွက် နှစ်(၂၀) အတွင်း နိုင်ငံရဲ့ အဆိုးရွားဆုံးလမ်းမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေး မှုတွေအရသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂) ရက်နေ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာ ပြည်နယ် ဘဟာနာဂါ ဘဇာ ဘူတာရုံ မှာ ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး…
